မြန်မာနိုင်ငံတွင် ပထမဦးဆုံး ကျင်းပ နေသည့် (၂၂) ကြိမ်မြောက် ကမ္ဘာ့
စီးပွားရေးဖိုရမ်-အရှေ့အာရှတွင် လူသား အရင်းအမြစ် ဖွံ့ဖြိုးရေးကဏ္ဍနှင့်
ပတ်သက်၍ အဓိကထား ဆွေးနွေးသွားမည် ဖြစ်ကြောင်း အဆိုပါဖိုရမ် တွဲဖက်သဘာပတိ
Mr.Hel...en Clark က The Voice သို့ ပြောကြားသည်။
မြန်မာနိုင်ငံသို့ ပထမဦးဆုံး အကြိမ် ရောက်ရှိလာသည့် ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ်၏ အုပ်ချုပ်ရေးမှူးနှင့် ကမ္ဘာ့ စီးပွားရေးဖိုရမ်၏ တွဲဖက် သဘာပတိလည်း ဖြစ်သော Mr.Helen Clark သည် သမ္မတ ဦးသိန်းစိန်၏ ဖိတ်ကြားချက် အရ မြန်မာနိုင်ငံတွင် ပြုလုပ်မည့် ကမ္ဘာ့ စီးပွားရေးဖိုရမ်သို့ တက်ရောက်ရန် ဇွန်လ ၄ ရက်နေ့က စတင် ရောက်ရှိခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ကမ္ဘာ့ စီးပွားရေးဖိုရမ်ကို ဇွန်လ ၅ရက်နေ့မှ စတင်ကာ နှစ်ရက်ကြာ နေပြည်တော်တွင် ကျင်းပနေခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် ကမ္ဘာ့ စီးပွားရေးဖိုရမ် ကျင်းပရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေးသာ ဖြစ်ပြီး ယင်းသို့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် အတွက် မြန်မာနိုင်ငံတွင် ရှိသော လူငယ်များ၏ အသိဉာဏ် မြင့်မားမှုနှင့် ကဏ္ဍစုံတွင် ကျွမ်းကျင် နေမှုမှာ ပို၍အရေးကြီးသော ကြောင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေး ကို ဦးစားပေး ဆွေးနွေးသွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“အသိပညာ မြင့်မားနေရမယ် ဆိုတာ ကိုယ်ကျင်လည်တဲ့ လုပ်ငန်းခွင်ကို ကျွမ်းကျင် ပိုင်နိုင်ဖို့က အရေးကြီးပါတယ်။ လယ်ယာကဏ္ဍ ဆိုလည်း လယ်ယာကဏ္ဍ အလိုက်ပေါ့”ဟု ၎င်းက ရှင်းပြသည်။
Mr.Helen Clark သည် ကမ္ဘာ့ စီးပွားရေးဖိုရမ်၏ ပူးတွဲသဘာပတိ ခြောက်ဦး ရှိသည့်အနက် တစ်ဦးဖြစ်ပြီး နှစ်ပေါင်း ၂၀ ကျော်အတွင်း မြန်မာနိုင်ငံသို့ ပထမဦးဆုံး ရောက်ရှိလာသော ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ်၏ အုပ်ချုပ်ရေးမှူးလည်း ဖြစ်သည်။
၎င်း၏ ခရီးစဉ်အတွင်း UNDP ၏ မြန်မာနိုင်ငံအတွင်း လူ့အဖွဲ့အစည်းအလိုက် ပညာပေးရေး အစီအစဉ်များကို ကြည့်ရှု စစ်ဆေးခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ နှင့်တွေ့ဆုံမည် ဖြစ်ကြောင်း UNDP မှ တာဝန်ရှိသူ ဦးညီညီအောင်က ပြောကြားသည်။
မြန်မာနိုင်ငံတွင် ပထမဦးဆုံး ကျင်းပနေသည့် ကမ္ဘာ့ စီးပွားရေးဖိုရမ်တွင် ပါဝင်သည့် အစီအစဉ် တစ်ခုဖြစ်သော Young Global Leaders လူ့အဖွဲ့အစည်း၏ နှစ်ပတ်လည် အစည်းအဝေးကြီး ရန်ကုန် မြို့တော်တွင် ယခုနှစ်ဇွန်လ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ ကျင်းပခဲ့ပြီး ယင်း အစည်းအဝေးတွင် ကမ္ဘာ အနှံ့မှ ကဏ္ဍစုံတွင် ထင်ရှားကျော်ကြား အောင်မြင်မှု ရရှိထား သော လူငယ်ခေါင်းဆောင် ၃၀၀ နီးပါးတက် ရောက်ခဲ့ကြသည်။

No comments :
Post a Comment