မန္တလေးတိုင်း ဒေသကြီး စဥ့်ကိုင်မြို့ နယ်ရှိ မင်းလှကန်အား ပုဂ္ဂလိက
ငါးမွေးမြူသူထံ လေလံပေးလိုက်သည့် ကိစ္စအပေါ် ကန့်ကွက်သူ ကျေးရွာသား ၁ဝ ဦးကို
မြို့ နယ်ရဲတပ်ဖွဲ့က ဇွန်လ ၁၇ ရက်က ခေါ်ယူ စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ခေါ်ယူစစ်ဆေးခြင်းနှင့် ပတ်သက်၍ စဥ့်ကိုင်မြို့နယ် စခန်းမှူး ဦးအောင်သိန်း ကျော်က အတည်ပြုပြောကြားပြီး ၎င်းတို့အားခံဝန်ဖြင့် ပြန်လွှတ်ပေးလိုက်ပြီဖြစ် ကြောင်းလည်း မဇ္ဈိမသို့ ပြောသည်။
ယင်းကန်ကို ငါးမွေးမြူခွင့် လေလံရသူ ပုဂ္ဂလိက လုပ်ငန်းရှင်က ဇွန်လ ၁၂ ရက် က ငါးမျိုးလာထည့်စဉ် ကန့်ကွက် သည့် ဒေသခံများကို ရဲတပ်ဖွဲ့ဝင်များက ခေါ်ယူစစ်ဆေးခဲ့ခြင်း ဖြစ်သည်။
ခေါ်ယူစစ်ဆေးခံရသူ တဟ်ဦးဖြစ် သည့် ဦးမင်းဇော်က ''ကျွန်တော်တို့ ဆန္ဒပြ တာမဟုတ်ပါဘူး။ ငါးမွေးမြူဖို့ မလုပ်အောင် ငါးမထည့်အောင်ရွာက ထွက်ပြီးကန့်ကွက် တာပါ'' ဟု ပြောသည်။
အခြား စစ်ဆေးခံရသူတစ်ဦးဖြစ်သည့် ကိုသိန်းဝင်းကလည်း ''ငါးမွေးသူတွေကို ကျွန်တော်တို့ ကန့်ကွက်တာပါ။ အဲဒါကို အထွေထွေအုပ်ချုပ်ရေးမှူးက လုပ်ငန်းရှင် ဘက်လိုက်ပြီး ဒေသခံတွေ ဆန္ဒပြတယ်ဆိုပြီး ရဲခေါ်ဖမ်းခိုင်း တာပါ'' ဟု မဇ္ဈိမသို့ ပြောသည်။
စဥ့်ကိုင်မြို့နယ် အထွေထွေ အုပ်ချုပ် ရေးမှူးဦးမြင့်သိန်းအား မဇ္ဈိမမှ သွားရောက် မေးမြန်းရာတွင် ''အထက်မှ
ညွှန်ကြားချက် မရဘဲ ဘာမှပြောလို့မရပါဘူး'' ဟုသာ ပြန်လည်ဖြေကြားခဲ့သည်။ ရဲတပ်ဖွဲ့ စခန်းမှူး ကမူ ထွေ/အုပ်မှ အကြောင်းကြားသဖြင့် ခေါ်ယူရခြင်းဖြစ်သည်ဟု ရှင်းပြခဲ့သည်။
ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်ဦးစီး မှူး ဦးသက်ဦးကမူ ''တင်ဒါရရှိထားသူနှင့် ကန်ကိုအမှီပြု နေထိုင်သူ ကျေးရွာ သားများ ညှိနှိုင်းဆောင်ရွက်ဖို့ လိုပါတယ်'' ဟု မဇ္ဈိမသို့ ပြောသည်။ သောက်သုံးရေနှင့် လယ်ဧက တစ်သောင်း
ကျော်အတွက် မှီ ခိုနေရသည့် မင်းလှကန်အား ပုဂ္ဂလိက ငါးမွေးမြူသူအား လေလံချပေးလိုက်သည့် အဖြစ်ကို
ဒေသခံကျေးရွာသားများ မသိရှိခဲ့ကြပဲ ဇွန်လ ၁၂ ရက်တွင် ငါးမျိုးလာထည့်သည့် အခါတွင်မှ သိရှိကြရကြောင်း
ဒေသခံများက ပြောသည်။
မင်းလှကန်ကိုမှီခိုနေရသည့် ကျေးရွာ ၈ ရွာတွင် လူဦးရေ ငါးထောင်ကျော် နေ ထိုင်လျက်ရှိသည်။

No comments :
Post a Comment