မြန်မာ့စီးပွား ဖွံ့ဖြိုးမှုအတွက် ကန်ဒေါ်လာသန်း၅၀၀ တောင်ကိုရီးယား ချေးမည်
မန်မာနိုင်ငံသို့ ဇွန်လ ၁၉ ရက်နေ့က ရောက်ရှိနေသော တောင်ကိုရီးယားနိုင်ငံ
ဒုတိယဝန်ကြီးချုပ် Hyun Oh-Seok က မြန်မာ့စီးပွားရေးကဏ္ဍ ဖွံ့ဖြိုး
တိုးတက်စေရန် အတွက် အမေရိကန်ဒေါ်လာ သန်း ၅၀၀ ထုတ်ချေးမည် ဖြစ်ကြောင်း
ပြောကြားသည်။
အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ဝန်ကြီး
ဒေါက်တာကံဇော်နှင့် ဇွန်လ ၁၉ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံရာတွင် ၄င်းက
ယင်းသို့ပြောကြားခဲ့ခြင်း ဖြစ်သည်ဟု တောင်ကိုရီးယားအစိုးရ၏ ထုတ်ပြန်ချက်
တွင်ဖော်ပြထားသည်။
တောင်ကိုရီးယားနိုင်ငံ၏ စီးပွားရေး
ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု ရန်ပုံငွေမှတစ်ဆင့်
အဆိုပါချေးငွေကို ပေးအပ်မည်ဖြစ်ပြီး ချေးငွေသတ်မှတ် ကာလမှာ ၂၀၁၃ ခုနှစ်မှ
၂၀၁၇ ခုနှစ်အထိ ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။
အမျိုးသား
စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနက ချမှတ်ထားသော
စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ကဏ္ဍကြီးရှစ်ခု
အတွက် သုံးစွဲမည်ဖြစ်ပြီး ယင်းကဏ္ဍကြီး ရှစ်ခုအောက်တွင် စီမံကိန်းပေါင်း ၃၉
ခုရှိ ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။
အဆိုပါကဏ္ဍ များတွင် အခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူ့ ဝန်ဆောင်မှု လုပ်ငန်းများနှင့် အားကစားကဏ္ဍ မြှင့်တင်ရေးတို့ဖြစ်သည်။
တောင်ကိုရီးယားနိုင်ငံသည် မြန်မာနိုင်ငံနှင့် ၁၉၇၅ ခုနှစ်က စ၍ သံတမန် ဆက်ဆံရေး စတင်ခဲ့သည်။
တောင်ကိုရီးယား နိုင်ငံသည် ယခင် ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံတွင်
အမေရိကန်ဒေါ်လာ ၂ ဒသမ ၉၈ ဘီလီယံ ရင်းနှီးမြှုပ်နှံခဲ့ပြီး၊ နှစ်နိုင်ငံ
ကုန်သွယ်မှုနှုန်းမှာ အမေရိကန်ဒေါ်လာ ၅၇၃ ဒသမ ၄ သန်း ရှိခဲ့သည်။

Blogger Widgets
Back to Top
No comments :
Post a Comment