တောင်ကြီး မေ ၉
ရှမ်းပြည်နယ် တောင်ကြီးမြို့ ဈေးပိုင်းရပ်ကွက် ဗိုလ်ချုပ်အောင်ဆန်းလမ်း မြို့မဈေးကြီး၌ ယမန်နေ့ နံနက် ၈ နာရီခွဲ က ငွေကျပ် ၁၅ဝဝ တန် တန်ဖိုးနည်း ဖုန်းဖြင့် ဆက်သွယ်ပြီး ဒေသထွက် ကုန်ပစ္စည်းများ ရောင်းဝယ်မှု ကြောင့် ဒေသ ခံ ဈေးသည်များ အဆင်ပြေလျက် ရှိကြောင်း တွေ့ရသည်။

ဈေးသည်တစ်ဦးက ဖုန်းဆင်းကတ်၊ ဟန်းဆက်
ငွေဖြည့်ကတ်ပါ ငွေကျပ် ငါးသောင်း ဝန်းကျင်ဆိုရင် အဆင်ပြေ ချောမွေ့ စွာ
ဆက်သွယ်လို့ ရကြောင်း၊ ယခု ငွေကျပ် ၁၅ဝဝ တန် CDMA -800Mhz ဖုန်းသည်
လိုင်းအား ကောင်းပြီး ဆက်သွယ်လို့ လွယ်ကူကြောင်း၊ ယခင်က ဖုန်းဆက်မယ်ဆိုရင်
ဖုန်းဆိုင်များတွင် သွားရောက်ပြီး ဖုန်းဆက် ရသောကြောင့် အချိန်ကုန်၊
ငွေကုန်ပြီး ကုန်စည်ရောင်းဝယ်မှု နောက်ကျကာ တစ်ဦးနှင့်တစ်ဦး ဆက်သွယ်ရေး
ခက်ခဲကြောင်း၊ ယခုဆိုလျှင် ဈေးရောင်းလည်း မပျက် ငွေကျပ် ၁၅ဝဝ တန်
တန်ဖိုးနည်း ဖုန်းဖြင့် လိုအပ်သော ဒေသ ထွက် ကုန်ပစ္စည်းများ မှာလိုက်လျှင်
အချိန် မနှောင်းဘဲ ရောက်ရှိ လာပြီး ရောင်းဝယ်မှု မြန်ဆန်သောကြောင့် အဆင်ပြေ
လျက် ရှိကြောင်း ဒေသထွက်ကုန် ရောင်းချသော ဈေးသည် တစ်ဦးထံမှ သိရသည်

No comments :
Post a Comment