Blogger Widgets

Monday, 13 May 2013

စင်ကာပူနိုင်ငံရှိ စင်ကာပူအစိုးရ အင်ဂျင်နီယာ ကျောင်းဝင်ခွင့် အောက်တိုဘာလအတွက် မြန်မာနိုင်ငံမှ ကျောင်းသား၊ ကျောင်းသူများ လျှောက်ထားနိုင်

စင်ကာပူနိုင်ငံရှိ စင်ကာပူအစိုးရ အင်ဂျင်နီယာကျောင်း BCA academy တွင် အင်ဂျင်နီယာ ဘာသာရပ်များကို သင်ကြားလိုသော မြန်မာနိုင်ငံမှ ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် အောက်တိုဘာလ ၀င်ခွင့်အတွက် စတင်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း Future Way Education မှ သတင်းရရှိသည်။

အဆိုပါကျောင်းတွင် အင်ဂျင်နီယာနှင့်ဆိုင်သော ဘာသာရပ် ခုနှစ်မျိုးအပြင် သြစတြေးလျမှ ဘွဲ့ဖြစ်သည့် Bechelor of Construction Management (Building) ဘာသာရပ်များကိုပါ လျှောက်ထား တက်ရောက်နိုင်မည် ဖြစ်သည်။

ထို့အပြင် စာသင်နှစ် နောက်ဆုံးနှစ်တွင် ကျောင်းမှ သတ်မှတ်ထားသော ဆောက်လုပ်ရေး လုပ်ငန်းခွင်များသို့ လက်တွေ့ကွင်းဆင်းခြင်းများ လုပ်ဆောင်ရမည် ဖြစ်သည်။

စာသင်နှစ်အလိုက် ရာခိုင်နှုန်း ၆၀ မှ ရာနှုန်းပြည့် စကောလားရှစ်များအပြင် လစဉ်ထောက်ပံ့ကြေးများလည်း ရှိကြောင်း သိရသည်။

BCA မှပေးသော Diploma၊ တခြား Certificate များလည်း ရရှိနိုင်မည်ဖြစ်ကြောင်း သင်တန်းကာလမှာ သုံးနှစ်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

ဝင်ခွင့်လျှောက်ထားလိုသော ကျောင်းသား၊ ကျောင်းသူများသည် secondary ပြီးဆုံးထားသူများ၊ GCE 'O' level ဖြေဆိုထားသူများ၊ တက္ကသိုလ်ဝင်တန်း ဖြေဆိုထားသူများ၊ AGTI၊ B.Tech၊ B.E စသည့် မည်သည့်ဘွဲ့ရမဆို Future Way မှတဆင့် မေ ၃၁ ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်ကြောင်း သိရသည်။

အသေးစိတ် အချက်အလက်များကို Future Way ဖုန်း ၂၄၁၀၉၉၊ ၂၅၄၁၈၅ သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

No comments :

Post a Comment

Blogger Widgets
Back to Top