အင်္ဂလန်နိုင်ငံ အသိအမှတ်ပြုသည့် မည်သည့်လက်မှတ်များကိုမဆို ရရှိထားသည့်
မြန်မာကျောင်းသား ကျောင်းသူများအား တက္ကသိုလ်ဝင်ခွင့် စိစစ်အကဲဖြတ်မှုများကို
University of Huddersfield,UK မှ တာဝန်ရှိသူကိုယ်တိုင် မေ ၁၆ ရက်နေ့၊
နေ့လယ် ၁ နာရီမှ ညနေ ၃ နာရီအထိ ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊
ဓနလှိုင်တာဝါရှိ CROWN Education တွင် လာရောက်စစ်ဆေးပေးမည် ဖြစ်ကြောင်း
သိရသည်။
မြန်မာနိုင်ငံတွင် ဖွင့်လှစ်လျက်ရှိသည့် အင်္ဂလန် အသိအမှတ်ပြု သင်တန်းလက်မှတ်များဖြစ်သော Associate of Business Executive (ABE) ဒီပလိုမာ၊ ABE Grad-uate Diploma၊ HND ဒီပလိုမာ (အင်ဂျင်နီယာ၊ စီးပွားရေး၊ ကွန်ပျူတာ ဘာသာရပ်များ) လက်မှတ်၊ City & Guild လက်မှတ် ကိုင်ဆောင်ထားသူများနှင့် မြန်မာနိုင်ငံ တက္ကသိုလ်များတွင် ပညာသင်ယူနေသူများအတွက်၊ အင်္ဂလန် တက္ကသိုလ်များတွင် ဆက်လက်ပညာသင်ရာတွင် စတင်တက်ရောက်ရမည့် အတန်းများကို စိစစ်ပေးခြင်း၊ ဘာသာရပ် ကင်းလွတ်ခွင့်များအတွက် စိစစ်ပေးခြင်းများကို အဆိုပါနေ့တွင် ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ထူးချွန်သည့် ပညာအရည်အချင်းရှိသည့် ကျောင်းသားကျောင်းသူများအတွက်၊ ဒီဂရီ တက်ရောက်ရန် မလိုအပ်ဘဲ Pre-Master မှတစ်ဆင့် Master တက်ရောက်နိုင်သည့် တက္ကသိုလ်များ ပညာရေးလမ်းကြောင်းများ၊ အင်္ဂလန်တက္ကသိုလ်ဝင်ခွင့် လျှောက်ထားခြင်းနှင့် GCE'A' Level တက်ရောက်ရန် လိုအပ်ချက် ရှိမရှိ၊ မြန်မာနိုင်ငံမှ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်ပြီး ကျောင်းသားကျောင်းသူများ အနေဖြင့် နိုင်ငံတကာ ကျောင်းများ တက်ရောက်ရန် IGCSE စာမေးပွဲ ပြန်လည်ဖြေဆိုရန် လိုမလို စသည့်အချက်များကိုပါ ၎င်းနေ့၌ ရှင်းလင်း ပြောကြားသွားမည်ဖြစ်သည်။ သို့ဖြစ်ရာ အသေးစိတ် သိရှိလိုသူများနှင့် မေ ၁၆ ရက်၊ ၂၀၁၃ ခုနှစ် ကြာသပတေးနေ့တွင် Admission Assessment ပြုလုပ်လိုသူများ အနေဖြင့် CROWN Education၊ အမှတ်-၂၇၀၊ ပထမထပ်၊ အခန်း-၁/ဃ၊ မြေနီကုန်း၊ ပြည်လမ်း၊ ကောင်းမြတ်မွန်ဆေးခန်း အပေါ်ထပ်၊ ဖုန်း ၀၉-၇၃၂၇၂၃၇၇၊ ၀၉- ၅၀၈၅၁၈၅ သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ကြောင်း သိရသည်။

No comments :
Post a Comment