ကောလာဟလဆိုတာ လူများပြောဆို နေကြတဲ့ သတင်းစကား၊ ဈေးစကား၊ တစ်ဦးတစ်ယောက်
အကြောင်း၊ အမှု ကိစ္စတစ်ခု၊ အများနဲ့ဆိုင်တဲ့ ပြဿနာတွေ ကို လက်ဆင့်ကမ်းပြောရာမှ ဖြစ်လာ
တဲ့ သတင်းတစ်မျိုးဖြစ်တယ်။ ဒါတွေဟာ မှန်ချင်လည်း မှန်မယ်။ အရင်အစိုးရလက်ထက်မှာ ပွင့်
လင်း မြင်သာမှု သိပ်မရှိလို့ ကောလာဟလ ထွက်လာတာဟာ သတင်းမှန်၊ အဖြစ်မှန် တွေကို
ချက်ချင်းမသိရလို့ပါပဲ။ သိလိုက် တဲ့ သတင်း တစ်စွန်းတစ်စကလေးကို ချဲ့ကားပြီး ပြောဆိုကြရာ
မှ ကောလာ ဟလ ဖြစ်လာတာဖြစ်ပါတယ်။

အခုအချိန်မှာ ပွင့်လင်းမြင်သာမှု ရှိတန်သလောက်ရှိပြီး သတင်းစာ၊ ဂျာနယ်တွေမှာလည်း လွတ်
လပ်စွာ ရေး သားလာကြတော့ ကောလာဟလတွေ နည်းသွားကြပါပြီ။ နိုင်ငံတွေမှာ အစိုးရအ
ပြောင်းလဲရှိ တိုင်း ယခင်အစိုးရရဲ့ ဆိုးမွေ၊ ကောင်း မွေကို နောက်တက်တဲ့အစိုးရက ခံရစမြဲ ပါ။

ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက် အောင် ကြိုးပမ်းနေတဲ့ လက်ရှိအစိုးရကို မရှုဆိတ်လို့ အခြေ
အနေတစ်ခုရဲ့ အားနည်းချက်နဲ့ပတ်သက်ပြီး ကောလာ ဟလတွေ လွှင့်တယ်လို့ ယူဆရပါတယ်။
ဘယ်သူတွေ လွှင့်ကြတယ်၊ ဘာဖြစ်လို့ လွှင့်ကြတယ်၊ ဘယ်သူတွေက နား ယောင်ပြီး လက်ခံ
နေကြတယ်ဆိုတာကို ဖော်ထုတ်နိုင်ရင် ကောလာဟလတွေ ပပျောက်သွားပြီး ကိုယ်လျှောက်ရ
မယ့် လမ်းကို တည့်တည့်နဲ့မှန်မှန် လျှောက် သွားနိုင်မှာ ဖြစ်တယ်။

လွန်ခဲ့တဲ့စနေနေ့က အပြင်ကပြန်လာ တဲ့ လူတစ်ယောက်က လျှပ်စစ်ဓာတ်အား ၁၅ ရက်
အတွက်ပဲ ရှိတယ်လို့ ကြားတဲ့ အကြောင်း ပြောပါတယ်။ အစိုးရက အဲဒီ ကိစ္စနဲ့ပတ်သက်ပြီး
ကြေညာချက်မထွက် လို့ မယုံကြည်ဘူးဟု ကျွန်မပြောလိုက် ပါတယ်။

တနင်္လာနေ့မှာ ကျွန်မရဲ့ ၁၅ နှစ် အရွယ် မြေးက သူ့မိခင်အိမ်က ပြန်အလာ မှာ လျှပ်စစ်ဓာတ်အား
၁၃ ရက်လောက်ပဲ ရှိတော့တယ်လို့ ကြားခဲ့ကြောင်း ပြော တယ်။ စနေနေ့မှာ ၁၅ ရက်စာ၊ တနင်္လာ
နေ့ကျတော့ ၁၃ ရက်စာလို့ဆိုတော့ ယုတ္တိရှိအောင် ပြောတဲ့ ကောလာဟလ ပေါ့။

အထူးသဖြင့် ရန်ကုန်မှာ လွန်ခဲ့တဲ့ လေးရက်လောက်က စပြီး ခဏခဏ မီးပျက်တာနဲ့ အချိန်
ကိုက်ပြီး ပြည်သူတွေ မကျေမချမ်းဖြစ်အောင် သတင်းလွှင့်ပုံရ တယ်။ အဲဒီလိုအတိုင်းဆိုရင်
နောက် ၁၀ ရက်လောက်ကြာရင် ရန်ကုန်တစ်မြို့လုံး မှောင်မည်းနေတော့မှာပေါ့။ အဲဒါဖြစ်နိုင်
ပါ့မလားဆိုတာ အသိဉာဏ်လေးနဲ့ စဉ်းစားကြည့်ရင် သိနိုင်ပါတယ်။

လျှပ်စစ်ဓာတ်အား မလုံလောက်လို့ မီးပျက်တဲ့ကိစ္စ ဘာကြောင့်ဖြစ်တယ်ဆို တာကို လေ့လာ
ကြည့်ဖို့ လိုပါတယ်။ ပေ ၄၀ x ၆၀ ရှိတဲ့ ခြံဝင်းထဲက အိမ်တစ်လုံး မှာ စုနေတဲ့ မိသားတစ်စုဟာ
ကန်ထရိုက် တိုက် ဆောက်ပြီး တစ်ခန်းစီခွဲနေကြ တော့ မီးသုံးတဲ့အိမ်ထောင်စုက အနည်း ဆုံး
၁၀ ဦးရှိလာလို့ ဓာတ်အားသုံးစွဲမှု ၁၀ ဆ တက်သွားတယ်။ ကျွန်မတို့လမ်းမှာ ကန်ထရိုက်တိုက်
ရှစ်လုံး ဆောက်နေ တော့ လျှပ်စစ်ဓာတ်အားသုံးစွဲမှု အဆ ၈၀ တက်သွားမယ်လို့ ယူဆနိုင်
ပါတယ်။

လမ်းတိုင်းလိုလို ကန်ထရိုက်တိုက်တွေ မှိုလိုပေါက်လာတော့ တိုက်ခန်းအရေ အတွက် တိုးလာ
သလောက်၊ လျှပ်စစ် ဓာတ်အားသုံးစွဲမှု တိုးလာမှာ အမှန်ပါပဲ။ အဲဒီလို တိုးလာသလောက် နိုင်ငံ
တော်က ဖြည့်ဆည်းပေးဖို့ဟာ ချက်ချင်းလုပ်လို့ ရတဲ့ကိစ္စမဟုတ်ပါ။

ပြည်သူတွေက လည်း ခေတ်မီလာပြီး လျှပ်စစ်ပစ္စည်းတွေ ကလည်း ဈေးကွက်မှာ ပေါများလာလို့
ပိုမို သုံးစွဲလာကြတယ်။ ပြည်သူတွေက လျှပ်စစ်ကို ချွေတာသုံးစွဲခြင်းအားဖြင့် တစ်ဖက်တစ်လမ်း
က လျှပ်စစ်အကျပ် အတည်းကို ကူညီရာရောက်ပါတယ်။ ကျွန်မတို့နိုင်ငံမှာ ရေအားလျှပ်စစ်ကို
အားကိုးနေကြတော့ ရာသီတုဖောက်ပြန် ပြီး မိုးမရွာရင် အခက်အခဲရှိနိုင်ပါတယ်။

လျှပ်စစ်ဓာတ်အားနဲ့ ပတ်သက်ပြီး သက် ဆိုင်ရာ တာဝန်ရှိသူတွေ ဖြေရှင်းနိုင်ဖို့ ကြိုးပမ်းနေတာ
ကို သတင်းစာတွေ၊ ဂျာနယ်တွေမှာ ဖတ်ရှုနိုင်ပါတယ်။ ဆိုက်ကားသမားတစ်ယောက်ဟာ တစ်
နေ့မှာ ကျွန်မကို လက်ရှိအခြေအနေ အပေါ် အပြုသဘောနဲ့ သုံးသပ်ပြောခဲ့ဖူး ပါတယ်။

အဲဒီဆိုက်ကားသမားဟာ စာတော်တော်ဖတ်တဲ့သူဆိုတာ သိပါ တယ်။ တခြားဆိုက်ကားသမား
တွေ သူ ပြောတာကို လက်မခံကြဘူးလို့လည်း သူကပြောပါတယ်။ သဘောက စာများ များဖတ်
ပြီး ဗဟုသုတရှိရင် လူတွေ စိတ် ပူပင်စေပြီး စိတ်ချောက်ချားစေတဲ့ ကောလာဟလကို လွယ်
လွယ်နဲ့ လက်ခံ မှာ မဟုတ်ပါဘူး။

သက်ဆိုင်ရာ တာဝန်ရှိသူတွေတွေက လည်း အလွန်အရေးကြီးတဲ့ လျှပ်စစ် ဓာတ်အားကိစ္စကို
ကောလာဟလသမား တွေ တလွဲအသုံးမချနိုင်အောင် အရှိကို အရှိအတိုင်း သိရှိနိုင်ရန် ဆောင်
ရွက်ပေး ရင် ပိုကောင်းမယ်လို့ထင်ပါတယ်

No comments :
Post a Comment