Blogger Widgets

Saturday, 11 May 2013

မြိတ်မြို့၌ ပီလောပီနံဥစားမိ၍ အစာအဆိပ်သင့်

၁၁.၅.၂၀၁၃၊ စနေနေ့

၂၀၁၃ ခုနှစ်၊ မေလ (၁၀)ရက်နေ့၊ ည (၈း၃၀)အချိန်ခန့်တွင် မြိတ်မြို့၊ အောင်မင်္ဂလာရပ်၊ သုခ (၃)လမ်းနေ မိသားစုတချို့သည် ပီလောပီနံဥ စားမိ၍ အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့သည်။

အစာအဆိပ်သင့်ဖြစ်ပွားသူ ကလေး (၁၀)ဦးကို မြိတ်မြို့ ကလေးဆေးရုံ၌ ဆေးကုသမှုခံယူလျှက်ရှိပြီး၊ လူလတ်ပိုင်း (၃)ဦးကို မြိတ်မြို့ အထွေထွေရောဂါကု ဆေးရုံကြီး၌ ဆေးကုသမှုခံယူလျှက်ရှိကြောင်
း သိရှိရသည်။ ပီလောပီနံဥကို စားသုံးမိ၍ အစာအဆိပ်သင့်သောသူများလည်း ဆေးရုံသို့ တက်ရောက်၍ ဆေးကုသမှုခံယူနေဆဲဖြစ်ပြီး ဆေးရုံရှိ တာဝန်ကျ ဆရာဝန်များ၊ သူနာပြုများမှလည်း ပီလောပီနံဥ စားသုံးမိသူများကို အစာအဆိပ်သင့်မှုကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် ဆေးရုံသို့တက်ရောက်ပြီး ဆေးစစ်ဆေးမှုခံယူရန် ခေါ်ယူထားကြောင်း သိရှိရသည်

No comments :

Post a Comment

Blogger Widgets
Back to Top