မော်လ်တာနိုင်ငံအလံ လွှင့်ထူထား သည့် Rio
Gold အမည်ရှိ ကုန်တင်ရေယာဉ်သည် မေ ၅ ရက် နံနက် ၅နာရီခွဲခန့်တွင်
ကိုကိုးကျွန်းအရှေ့မြောက်ဘက် ၄၃မိုင်ခန့်အကွာ ပါလီပါလဲ့ကျွန်း တောင်ဘက် တွင် သောင်
တင်လျက်ရှိကြောင်း ဧရာဝတီ ရေတပ်စခန်း ဌာနချုပ်ရှိ
ပင်လယ်ပြင်ရှာဖွေ ကယ်ဆယ်ရေး ပေါင်းစပ် ညှိနှိုင်းကွပ်ကဲမှုဌာနချုပ်
(Maritime Rescue Coordination Centre) မှ အချက်ပြ ကြေးနန်း (Distress
Message) ရရှိသည့်အတွက် ဟိုင်းကြီးကျွန်းရှိ တပ်မတော် (ရေ)မှ စစ်ရေ ယာဉ်
(၅၅၆)အား လိုအပ်သော အကူအညီများ နှင့်ကယ်ဆယ်ရေး လုပ်ငန်းများ
ဆောင်ရွက်ပေးနိုင် ရန် စေလွှတ်ခဲ့ ရာ သောင် တင် ရေယာဉ် အနီးသို့ ညနေ ၅
နာရီခန့်တွင်
ရောက်ရှိပြီး ကူညီကယ်ဆယ်ရေး လုပ်ငန်းများ စတင်ဆောင်ရွက် ပေးလျက် ရှိသည်။
အဆိုပါ သင်္ဘောသည် ဘိလပ်မြေ ၃၅၂ဝဝ တန်
တင်ဆောင်၍ ဧပြီ ၂ဝရက်တွင် တောင်ကိုရီးယား နိုင်ငံမှ ဘင်္ဂလား ဒေ့ရှ်
နိုင်ငံသို့ ထွက်ခွာလာစဉ် သောင်တင် ခဲ့ခြင်း ဖြစ်ကြောင်းနှင့် ရေယာဉ်ပေါ်
တွင် သင်္ဘောသား ၂၄ ဦး လိုက်ပါလာခဲ့ ကြောင်း သတင်းရရှိသည်

No comments :
Post a Comment