သင်ဟာလေ့ကျင့်ခန်းလုပ်ဖို့ ပျင်းသူတစ်ဦးဖြစ်ပါသလား။ “မျိုးနှင့် ရိုးနှင့်
ပျင်းတာ” ဟုလူကြီးများ၏ မြည် တွန်တောက်တီးခံရဖူးပါသလား။ ပျင်းရိခြင်းသည် မျိုးရိုးလိုက်တတ်သည်။ မိဘများ၏ အပျင်းဗီဇများကို ဆက်ခံသော သားသမီးများ ပျင်းရိတတ်သည်
ဟု မစ်ဇူရီတက္ကသိုလ်သု တေသီများကသက်သေပြထားသည်။
RNA နည်းပညာ အသုံးပြု၍ တက်ကြွသည့်ကြွက် (၂၆) ကောင်နှင့် ပျင်းရိ
သည့်ကြွက် (၂၆) ကောင်မွေးထုတ်နိုင်ခဲ့သည်။ ဦးနှောက် အစိတ်အပိုင်း
တစ်ခုတွင် ဆိုင်ရာမျိုးဗီဇပေါင်း ၁၇၀၀၀ ကျော်စီရှိပြီး မျိုးဗီဇ (၃၆) ခုမှာ တက်ကြွခြင်း၊ ပျင်းရိခြင်းတို့နှင့်သက်ဆိုင်ကြောင်း သုတေသီများကဆိုသည်။
ပျင်းရိသည့်မျိုးဗီဇရှိလျှင် လေးလံထိုင်းမှိုင်းမည်။ တက်ကြွသည့် မျိုး ဗီဇ
ရှိလျှင် ဖျတ်လတ်မည်။ ကိုယ် လက်လှုပ်ရှားမှုနည်းခြင်း၊ များခြင်းသည် မျိုးဗီဇများတွင်အခြေခံသည်ဟုဆိုသည်။
သွက်လက်သည့် မျိုးဗီဇပိုင်ရှင် ကြွက်များသည် နှေးကွေးသည့် ကြွက်များ
ထက် (၁၀) ဆပိုမိုပြေးကြသည်ကို တွေ့ရသည်။ သို့သော် မျိုးဗီဇများမှာ ကိုယ်လက်လှုပ်ရှားမှုနှင့်သာ သက် ဆိုင်ပြီး ဇွဲရှိမှု၊ ကြိုးစားအားထုတ်မှု၊ ပင်ပန်းခံနိုင်မှု စသည်တို့မှာ ခံယူချက်၊ စိတ်ဓါတ်ကြံ့ခိုင်မှု၊ ရင့်ကျက်မှုတို့နှင့် ပိုမိုသက်ဆိုင်ကြောင်း သုတေ သီများကဆိုသည်

No comments :
Post a Comment