Blogger Widgets

Monday 5 October 2015

ပရိတ်သတ်တွေ ပါးစပ်အဟောင်းသား ဖြစ်သွားစေခဲ့တဲ့ Rihanna ရဲ့ နောက်ဆုံးပေါ်ဖက်ရှင်

Barbados ကျွန်းသူလေး Rihanna ဟာ ဖက်ရှင်နဲ့ ပတ်သက်ရင် လူအများကို လွှမ်းမိုးနိုင်စွမ်းရှိသူတစ်ယောက်ပါ။ ဒါပေမယ့် အခုတစ်ခေါက် သူမ၀တ်ဆင်ခဲ့တဲ့နောက်ဆုံးပေါ်ဖက်ရှင်ကတော့ လူအများကို ပါးစပ်အဟောင်းသား ဖြစ်သွားစေခဲ့ပါတယ်။
ဘာကြောင့်လဲဆိုတော့ သူမနောက်ဆုံး ၀တ်ဆင်ခဲ့တဲ့ ဇာပေါက် ဖက်ရှင်ဟာ ငါးဖမ်း ပိုက်ကွန် သာသာပဲ ရှိနေလို့ပါ။ အဆိုတော်မလေး Rihanna ဟာ မနှစ်က ဇန်န၀ါရီလ တုန်းက ဘရာဇီးလ်နိုင်ငံမှာ ရိုပ်ခဲ့တဲ့ ဓါတ်ပုံတစ်ပုံကိုလည်း ထပ်မံ Post လုပ်ထားပါသေးတယ်။
ထို ဓါတ်ပုံမှာလည်း သူမဟာ ရွက်လှေတစ်စီးပေါ်မှာ ထိုင်နေပြီး လိမ္မော်ရောင် ဘစ်ကနီ ကိုသာ ၀တ်ဆင်ကာ သူမရဲ့ခါး နဲ့ ဘေးဖက်က တက်တူးတွေကိုလည်း ဖော်ပြထားပါသေးတယ်။ ဒီဓါတ်ပုံ တစ်ပုံတည်းလည်း မကပါဘူး။ သူမဟာ ‪#‎Brazil‬ flashback ဆိုတဲ့ စာသားနဲ့အတူ ရေတံခွန်ရှေ့က ကောက်ကြောင်းအလှတွေ ဖော်ပြထားတဲ့ ဓါတ်ပုံကိုလည်း တင်ထားပါသေးတယ်။
ထို နောက်ထပ်ဓါတ်ပုံတစ်ပုံမှာတော့ သူမဟာ နက်ပြာရောင်ရေကူးဝတ်စုံကို ၀တ်ဆင်ထားကာ ရေတံခွန်တစ်ခုအရှေ့မှာ ရောက်နေပြီး ကင်မရာဘက်ကို ကျောပေးထားတဲ့ အတွက် သူမရဲ့ တင်ပါး အလှအပ တွေကိုလည်း ဖော်ပြထားပါတယ်။

Lwin Pyin's photo.

No comments :

Post a Comment

Blogger Widgets
Back to Top