ယခင် အင်္ဂလန် အသင်း နည်းပြဟောင်း ဖြစ်သူ ကာပယ်လိုက မန်ယူ
အသင်းနည်းပြ ဖာဂူဆန်သည် လက်ရှိဘောလုံး လောက၏ ဖိအားများကြောင့်
နည်းပြအဖြစ်မှ အနားယူ သွားခြင်း ဖြစ်ကြောင်း ဖာဂူဆန် အနားယူရခြင်းရဲ့
အကြောင်းရင်းအား ဖော်ထုတ်ခဲ့သည်။
ဖာဂူဆန် နည်းပြအဖြစ်မှ အနားယူသွားခဲ့သည့် သတင်းသည် အားကစားရပ်ဝန်းတွင် စိတ်အ၀င်စားဆုံး သတင်းတစ်ပုဒ် ဖြစ်ခဲ့သလို ၊လက်ရှိ ရုရှား အသင်းနည်းပြ ကာပယ်လို ကလည်း ထိုသတင်းကြောင့် သူသည် အံ့အားသင့်ခဲ့ကြောင်း ၊ လွန်ခဲ့သည့် နှစ်လခန့် က ဖာဂူဆန် နှင့် တွေ့ဆုံခဲ့ရာမှာ အနားယူမည့် အရိပ်အရောင် မတွေ့ခဲ့ကြောင်း ၀န်ခံပြောကြားခဲ့သည်။ ကာပယ်လိုက မန်ယူ နည်းပြ ဖာဂူဆန် အနားယူရခြင်း၏ အကြောင်းရင်းများတွင် လက်ရှိ ဘောလုံးလောကရဲ့ ဖိအားများ ပိုမိုများပြားလာခြင်းမှာ အဓိက အကြောင်းဖြစ်ပြီး ဖာဂူဆန်သည် ထိုဖိအားများအား ရင်ဆိုင်လိုစိတ် မရှိတော့တာကြောင့် အနားယူသွားခြင်း ဖြစ်ကြောင်း ဖော်ထုတ်ခဲ့တာ ဖြစ်သည်။ ကာပယ်လိုက ထိုသတင်းကြားပြီးချိန်မှာ ဖာဂူဆန်ထံ သူသည် ဖုန်းဆက် စကားပြောခဲ့ကြောင်း ၊ဖာဂူဆန်က လက်ရှိ ဘောလုံးလောကတွင် ဖိအားများလာခြင်းကြောင့် အနားယူရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သူ့အားဖြေကြားခဲ့သလို ၊ ဇနီးဖြစ်သူနှင့် ကမ္ဘာတစ်လွှား ခရီးသွားချင်သည့် ဆန္ဒကြောင့် အနားယူရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ပြောခဲ့သည်။ ကာပယ်လိုက ဖာဂူဆန် အနားယူရခြင်းရဲ့ လျှို့ဝှက်ချက်မှာ အရမ်းကို ထူးခြားကောင်းမွန်ကြောင်း ၊ သူသည် နည်းပြဘ၀တွင် အသင်း အောင်မြင်မှု ရရှိရန် အမြဲ ဆန္ဒပြင်းပြနေသူ တစ်ဦး ဖြစ်ကြောင်း ကိုလည်း ချီးကျူးသွားခဲ့သည်

No comments :
Post a Comment