Blogger Widgets

Monday, 6 May 2013

အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ ဖွင့်ပွဲ၊ ပိတ်ပွဲ အခမ်းအနား ဖျော်ဖြေ တင်ဆက်မှုများ အောင်မြင်စွာ ကျင်းပနိုင်ရေး ပညာရှင်များ ကျရာ ကဏ္ဍမှ ပူးပေါင်း ဆောင်ရွက်သွားရန် မှာကြား

ရန်ကုန် မေ ၅
(၂၇)ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ ဖွင့်ပွဲ၊ ပိတ်ပွဲ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရန် ကြိုတင် ပြင်ဆင် လေ့ကျင့်ရေး ကော်မတီ ဥက္ကဋ္ဌ ယဉ်ကျေးမှု ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးအေးမြင့်ကြူသည်
ယမန်နေ့ ညနေ ၄နာရီခွဲက Chatrium Hotel ၌ ကျင်းပသော (၂၇) ကြိမ်မြောက် အရှေ့တောင် အာရှအားကစား ပြိုင်ပွဲ ဖွင့်ပွဲ၊ ပိတ်ပွဲ အခမ်း အနား ဖျော်ဖြေ တင်ဆက်ရေး အနုပညာ ပိုင်းဆိုင်ရာ ညှိနှိုင်းမှု ကော်မတီ အစည်းအဝေးသို့ တက် ရောက်၍ အစီအစဉ် တစ်ခုချင်းစီ၏ လိုအပ်ချက်များကို သက်ဆိုင်ရာ ပညာရှင် ရှုထောင့်မှ နေပြီး အကြံပြု ဆွေးနွေးကြရန်နှင့် နိုင်ငံတကာ အဆင့်မီ တင်ဆက်မှု ဖြစ်စေရန် ဝိုင်းဝန်း ဆောင်ရွက်ကြရန် ဆွေးနွေး မှာကြားသည်။
ဆက်လက်၍ ဒါရိုက်တာ စင်ရော်မောင်မောင်က ဖျော်ဖြေရေး အစီအစဉ်များ၏ နမူနာ ပုံစံများကို Video ဖြင့် ရှင်းလင်း တင်ပြ ကြသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးက မြန်မာ့ဂုဏ်ဆောင် ဖျော်ဖြေ တင်ဆက်မှုများဖြင့် အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် သက်ဆိုင်ရာ ပညာရှင် အသီးသီးက ကျရာကဏ္ဍမှ ပါဝင် ပူးပေါင်း ဆောင်ရွက်သွားရန် တိုက်တွန်း မှာကြား သည်။
ယင်းနောက်  ပြည်ထောင်စုဖလား အားကစားပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား ဖျော်ဖြေ တင်ဆက်မှု များတွင် ပါဝင် ကူညီခဲ့ ကြသော အနုပညာရှင်များအား ဂုဏ်ပြုပွဲ အခမ်းအနားကို ညနေ ၆ နာရီခွဲက Chatrium Hotel ၌ ကျင်းပရာ ပြည် ထောင်စု ဝန်ကြီး တက်ရောက်၍ ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်သည်။
ဆက်လက်၍ (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ  အားကစားပြိုင်ပွဲ အတွက် လိုအပ်သော ပစ္စည်းများ လှူဒါန်းခဲ့ကြ သည့် အလှူရှင် များအား ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်

No comments :

Post a Comment

Blogger Widgets
Back to Top