လားရှိုး မေ ၅
ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုး-မ
န္တလေး နေ့စဉ် ပုံမှန်ပြေးဆွဲလျက် ရှိသော အမှတ် (၁၃၁) အဆန် လူစီးရထား သည်
ပုံမှန်ပြေးဆွဲလျက် ရှိကြောင်း သိရသည်။
အဆိုပါ ရထားသည် မေ ၃ ရက်ညနေပိုင်းက
လေပြင်းမုန်တိုင်း တိုက်ခတ်ပြီး တာပုလဲ ဘူတာနှင့် စဥ့်အင် ဘူတာကြား၌
သစ်ပင်လဲ၍ ရထားလမ်း ပိတ်ဆို့မှု ဖြစ်ပွားခဲ့ရာ မန္တလေးမှ တက်လာသော အမှတ်
(၁၃၁) အဆန် ရထားသည် တာပုလဲ ဘူတာတွင် ခေတ္တရပ်နားစေပြီး မြန်မာ့မီးရထားမှ
ဝန်ထမ်းများနှင့် အနီးရှိ ကျေးရွာနေ ပြည်သူ များက ဝိုင်းဝန်းကူညီမှုဖြင့်
ဖယ်ရှားခဲ့သည်။
ယင်းအဆန် လူစီးရထားသည် ယမန်နေ့ နံနက် ၇
နာရီ ၂၅ မိနစ်က လားရှိုးဘူတာသို့ ဆိုက်ရောက်ပြီး လားရှိုးမှ မန္တလေးသို့
ပုံမှန်ပြန်လည် ပြေးဆွဲလျက် ရှိကြောင်း သိရသည်။

No comments :
Post a Comment