Blogger Widgets

Friday 2 October 2015

သူငယ်ချင်းတို့ ရဲ့  Share တခုက ဒီကလေးငယ် ကျန်းမာရေးအတွက်ပါ ကူညီပေးကြပါအုံးဗျာ

မြစ်ကြီးနားမှ သားငယ်လေးအတွက်
မသန္တာအောင်(ပုသိမ်) မှ အလှူ ငွေ လေးသောင်းကျပ် ပါဝင်လှူဒါန်းထားပါတယ်ခင်ဗျာ။
အွန်လိုင်းမှ စေတနာရှင် အကို/အစ်မများအနေဖြင့်လဲ မိမိတို့ တက်နိုင်သည့် ဘက်မှ ပါဝင်အားဖြင့် ကူညီပေးပါအုံးလို့ ထပ်မံကာ တိုက်တွန်းနှိုးဆော်ပေးလိုက်ပါသည်
မြစ်ကြီးနားက သားငယ်လေး အကူညီလိုအပ်နေ
မြစ်ကြီးနားက ဖုန်းနံပါတ်က 09 47032018ပါ ၊ကျွန်တော့် ဖုန်းနံပါတ် 09 794677486 ကျွန်တော် ရန်ကုန်ဘက်ကနေ အကုန်ရသလောက်စုပြီးတော့ ပို့ဖို့ စီစဉ်နေပါတယ်
ကျွန်တော် ဒီနေ့မနက်ပိုင်း ဂေဟာမှ တာဝန်ရှိသူတွေနဲ့ ဖုန်းပြောဖြစ်ခဲ့ပါတယ်။ဒီကလေးအတွက် ရန်ကုန်ဘက်နေ တက်နိုင်သလောက် သူငယ်ချင်းတွေ စုပြီးတော့ ၀ိုင်းဝန်းကူညီပေးကြပါအုံး
မြစ်ကြီးနားသတင်းဂျာနယ်မှာပါတယ်။ တစ်ကိုယ်လုံးမီးလောင်ထားတဲ့ကလေးပါ။ သူ့ ရဲ့ဆေးဖိုး
တစ်နေ့ စာက နှစ်သောင်းကျပ်။ တစ်ရက်ကို အမဲသားငါးဆယ်သားနဲ့ကြက်ဥ ၆ လုံး စားရပါတယ်။ ပရိုတင်းဓါတ် နဲနေပါတယ်။ မိဘမဲ့ပါ။ ဆေးဖိုးခက်ခဲနေပါတယ်။ ကိုယ်တိုင်ပြုစုဖို့ မဆိုနဲ့ သေချာတောင်မကြည့်ရဲဘူး။ ဓါတ်ပုံတောင် တာဝန်ခံဆရာကိုရိုက်ခိုင်းထားတာ။ ဘယ်လောက်ဘဲဖြစ်ဖြစ်ပါဝင်ရအောင်။
ထည့်ဝင်ချင်သူများ အောက်ပါလိပ်စာအတိုင်းထည့်ဝင်လှူဒါန်းနိုင်ပါတယ်။
လိပ်စာ
မျှော်လင့်ခြင်းအသစ်မိသားစုဂေဟာ
၂/၄၀ လမ်းသွယ် (၈) အေးမြသာယာ
မြို့ သစ်ကြီးရပ်ကွက်
မြစ်ကြီးနားမြို့ ။ ကချင်ပြည်နယ်။
L Ja Nu
ဆရာဦးဇော်မိုင်+ဆရာမနန်းဆိုင်ထွေး 09 47023018
ရန်ကုန်ဘက်မှ ကျွန်တော် တာဝန်ခံကူညီပေးပါမယ် ။(09794677486) 

 ဟာသ သူခိုးလေး's photo.

No comments :

Post a Comment

Blogger Widgets
Back to Top