အခု ဖေ့စ်ဘွတ်ခ်က အလွယ် တကူ မြင်ရ၊ သုံးလို့ ရနေတော့ တချို့ကိစ္စတွေက
အပြင်မှာ ရန်ဖြစ်ရင် ဆွဲမယ့်လူ ရှိတယ်၊ တော်ကြ ပါ တော့တားမယ့် လူရှိတယ်။
တော်ရုံ တန်ရုံတချို့ စကားတွေကို ပြီးအောင် မပြောလိုက်ရဘဲ သွေးဆူတုန်း
ခဏမှာပဲ ကိစ္စပြီးရင် ပြီးရော ပဲ။ ဖေ့စ်ဘွတ်ခ် ဆိုတာကတော့ ဆွဲ မယ့်လူမရှိ
တော်ကြပါတော့ ပြော မယ့်လူမရှိ ကိုယ့်လက်ထဲက ဖုန်း လည်း လာလုမယ့်သူမရှိ
အားလုံး က တစ်ယောက် တစ်ပေါက်နဲ့ ရေ လာမြောင်းပေးသလို၊ အားပေး သလိုဖြစ်နေတော့
မကောင်းပါဘူး။ အပြင်မှာ လူလူချင်းတွေ့ ပြီး ပြော လို့ရတာကို ဖေ့စ်ဘွတ်ခ်
ပေါ်တင်ပြီး တစ်ယောက်အပေါ် တစ်ယောက် ထိခိုက်စေတာမျိုးကို ကျွန်တော်က တော့
ဆန့်ကျင် တယ်။ ငြိမ်းချမ်း ရေး စကားတွေ ဆိုသင့်ပါတယ်။ ကျွန်တော်လည်း
ကိုယ်မကြိုက်ဘူး ဆိုရင် ကျော်သွားရုံပဲ။ ကျွန်တော် ဆို ဒီဖေ့စ်ဘွတ်ခ် ကနေ
ကိုယ့်အနု ပညာ ဖန်တီးမှုတွေကို ချပြတယ်။ အကြံပေးကြတယ်၊ ဒါကောင်းတဲ့
ဘက်ကပေါ့။ ဒီလူမှု ကွန်ရက်က သုံးတတ်ရင် အကျိုး ရှိမယ့် အရာ တွေ အများကြီးပါ။
တစ်လွဲဆံပင် ကောင်း မဖြစ်စေချင်ပါဘူး။
မောင်မောင်အေး
ဖေ့စ်ဘွတ်ခ်ပေါ်က ရုန့်ရင်း ကြမ်းတမ်းမှုတွေဟာ ဘယ်လိုဖြစ်လာလဲ ဆိုတော့
အကြောက်တရား အရှက်တရား မရှိကြတာရယ်၊ ပြီး တော့ ဖျက်ဆီး ခံထားရတာ အသား
ကျလာတော့ ကိုယ့်နှုတ်ထွက် ကိုယ့် လက်ရေးတွေကို တန်ဖိုးမထား ကြတော့တာပါ။
ရုန့်ရင်း ကြမ်းတမ်း တဲ့ စာတွေရေးတဲ့ လူကိုကြည့်လိုက် ရင် အများသော
အားဖြင့် ကိုယ့်ပုံ ကို မတင်ရဲကြဘူး။ လွယ်လွယ် ပြော လွယ်လွယ်ယုံ စဉ်းစား
ချင့်ချိန် တဲ့ ဥာဏ်ပညာ မရှိဘူး။ သူတို့ အတွေးမှာ ဘယ်လို အရောင်ဖြည့် ဖြည့်
ထပ်ဖြည့်လို့ရတဲ့ သဘောရှိ တယ်။ တကယ်တော့ သူတို့ က အသုံးချခံ ရတာ အသား ကျနေ
တော့ သူတို့ကိုယ် သူတို့ မသိကြ ဘူး။ အဲဒါတွေကို ပြောင်းလဲနိုင်တာ ပညာနဲ့
အသိ တရားပဲ ရှိတယ်။ ဒေါ်စုကို ထိလို့ ပက်ပက်စက်စက် ဆဲတဲ့အဖွဲ့ရှိသလို
သမ္မတကို ထိလို့ ပက်ပက်စက်စက် ဆဲတဲ့ အဖွဲ့လည်း ရှိတယ်။ ဒါက အမှန်အတိုင်းပြော
ရရင် ပညာနည်းတာပဲ။ ဆဲဆိုတာ က အမှန်တရား မဟုတ်ဘူး။
ချောစုခင်
အခု ဖေ့စ်ဘွတ်ခ်ပေါ်မှာ တစ် ယောက်တင်တာ ကိုယ်က မကြိုက် ရင် ကျော်သွား
လို့ရတယ်။ ဒါပေမဲ့ ဝိုင်းဆဲဆို ကြတယ်။ ဆဲဆိုတယ် ဆို ကတည်းက ကောင်းမှ
မကောင်း တာ။ ပါးစပ်နဲ့ ပြောလိုက်တဲ့ စကားထက်လက် နဲ့ချရေးလိုက်တဲ့စာ
ကပိုပြီးတော့ တာဝန်ကြီး သွားတယ်။ ကိုယ်ရေး လိုက်တဲ့ စာတစ်လုံးဟာ ကိုယ့်
အဆင့်အတန်း ကိုယ့်သိက္ခာ တွေကို လူတွေ ဘယ်လို အထင်သေး သွားမ လဲ။ ချောစု
ကတော့ ကျော် လို့ရရင် ကျော်ပစ်လိုက်တယ်။ တအား ရိုင်းလာရင်တော့ ဘလော့
လိုက်တယ်။ တကယ်တော့ ဒီဖေ့စ် ဘွတ်ခ် မှာ ပညာနဲ့ ပတ်သက်တာတွေ ဗဟုသုတတွေ
အများကြီး ရှိပါတယ်။ ကိုယ် အသုံးချတတ်ရင် ကိုယ့်အတွက် ကောင်းကျိုးတွေပါပဲ။
ဆဲ ဆိုမယ့် အစား ယဉ်ကျေးအောင်ပြောကြ ရင်အရာအားလုံးဟာလှပနေမှာပဲ။
သတ္တိ
ဖေ့စ်ဘွတ်ခ် ဆိုတာက ဆိုရှယ် နက်ဝေါ့ခ်။ လွတ်လွတ် လပ်လပ် ပြောဆိုခွင့်
ရှိတယ်။ ဒါပေမဲ့ သုံးစွဲ သူရဲ့ ခံယူချက်ပေါ်မှာပဲ မူတည် တယ်။ ကျွန်တော်က
အနုပညာသမား ဆို တော့ ကိုယ့်လှုပ်ရှားမှုတွေကို ကိုယ့် ပရိသတ်တွေ သိအောင်
သူတို့ဆီက အကြံဥာဏ်တွေ ရအောင် အဲဒီ အတွက်သုံးတယ်။ ဒီလိုပဲ နိုင်ငံရေး သမား
တစ်ယောက်လည်း သူ့ခံယူချက် သူ့လိုအပ်ချက် အတွက် သုံးမှာပဲ။ အဲဒီ
အတွက်ကြောင့် အမြင် မတူတော့ တစ်ယောက် နဲ့တစ်ယောက် နားလည်မှုတွေ လွဲကုန်ပြီး
သူ့ထက် ငါ စကားနိုင် လုလာကြတယ်။ အဲဒီတော့ မဖြစ်သင့်တာတွေ မပြောသင့်
မရေးသင့်တာတွေရေး တော့ ပြဿနာက သေးမသွား တော့ဘူး။ ကိုယ့် အတွက် မကောင်း ဘူး၊
မလိုအပ်ဘူး ထင်ရင်ကျော်သွား လိုက်။ ငြိမ်းချမ်းတဲ့ စကားဆိုတာ
အကောင်းဆုံးပဲ။

No comments :
Post a Comment