Blogger Widgets

Monday 5 October 2015

အခြောက်ဘ၀နဲ့ မဖြတ်သန်းဘူးဆိုတဲ့ ကိုပေါက်

သရုပ်ဆောင် ဒါရိုက်တာ ကိုပေါက်က ယခုနောက်ပိုင်းတွင် မာမီဇာတ်ရုပ် အခြောက် ဇာတ်ရုပ်များကို ဇာတ်လမ်း သဘောအရ ရိုက်ကူးခြင်းဖြစ်ပြီး အခြောက် ဇာတ်ရုပ်များကိုသာ ရိုက်ကူးမည် မဟုတ်ကြောင်းကို ပြောကြားခဲ့ပါတယ်။
“ကျွန်တော့်အတွက် အဓိက အနုပညာပါပဲ။ အနုပညာအပေါ် ထားတဲ့စိတ်နဲ့ပဲ လုပ်တယ်။ ဇာတ်ကားတစ်ကားမှာ ဇာတ်ကားကောင်းအောင် ဘယ်လောက်ထိ ပံ့ပိုးပေးရမလဲ ပေါ့နော်။ ဒီဇာတ်ကား သရုပ်ဆောင်တွေ ကောင်းဖို့အတွက်၊ အောင်မြင်ဖို့အတွက် ကိုယ်ဘယ်လောက် ပံ့ပိုးပေးနိုင်မလဲ၊ ကိုယ်ပံ့ပိုးပေးနိုင်မယ့် ရာခိုင်နှုန်းများလေ ဇာတ်ကား အောင်မြင်မယ် ဆိုရင် ဘယ်လို ကာရိုက်တာမျိုးပဲ ဖြစ်ဖြစ် ကျွန်တော်လုပ်ဖို့ ပံ့ပိုးဖို့အတွက် အဲလိုနေရာမျိုးတွေကို ကာရိုက်တာကို မရွေးဘူး ဇာတ်ကားကောင်းမယ်ဆိုရင် ကြိုက်တဲ့ ကာရိုက်တာပေး၊ ကျွန်တော် ရိုက်တယ်။ အဲဒီလိုမျိုးပါ။အဲဒီလိုမျိုး ဇာတ်ကားတစ်ကားကို ရွေးချယ်တာပေါ့။ ကျွန်တော့်အတွက် မာမီဇာတ်ရုပ်တွေရယ်လို့ ဆိုပြီး ကျွန်တော့်ဘ၀ကြီးကို ဒီလို အခြောက် ဇာတ်ရုပ်ကြီးနဲ့တော့ မဖြတ်သန်းပါဘူးလို့”ကိုပေါက်က ပြောပြခဲ့ပါတယ်။
ဂျပန်နိုင်ငံ ခိတမိ ၊ဟိုကိုင်းဒိုး ၊ မြို့တွင် ကျင်းပပြုလုပ်မည့် ၂၀၁၅ အာရှနိုင်ငံတကာ ကလေးများ ရုပ်ရှင်ပွဲတော်ကို မြန်မာကလေးများ၏ ခေါင်းဆောင်အဖြစ် လိုက်ပါရန် ရှိတယ်လို့လည်း ပြောသွားခဲ့ပါတယ်။

Myanmar Online News's photo.

No comments :

Post a Comment

Blogger Widgets
Back to Top