Blogger Widgets

Monday 5 October 2015

ရေရှည်ရပ်နိုင်ဖို့ ကြိုးစားမယ့် စူးယှနိုင်

သရုပ်ဆောင် စူးယှနိုင်က သူမအနုပညာအတွက် ရေရှည်ရပ်နိုင်ဖို့ Role လေး တစ်ခုရှိချင်တယ်လို့ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။
“ညီမက ရုပ်ရှင်ကားကြီး ဆိုပေမယ့်လည်း ရုပ်ရှင်ကားကြီး ရိုက်ရရင် ပြီးရောဆိုပြီးတော့ မရိုက်ဖြစ်ဘူး။ ကိုယ့်အတွက် လုပ်ကွက်လေး ရှိမှလေ။ ရှေ့မှာလည်း နေရာကောင်းကောင်းနဲ့ ခေါင်းဆောင် မင်းသမီးနေရာက ရိုက်လာတယ် ပေါ့နော်။ ဗီဒီယိုကားလေးတွေမှာလည်း ခေါင်းဆောင်ပဲ ရိုက်ရတယ်ဆိုတော့ အခုရိုက်မယ့်ကားကျမှ ကိုယ့်အတွက် နေရာမရဘူးဆိုရင် ညီမရဲ့ ပရိသတ်တွေကလည်း စိတ်ကောင်းမှာ မဟုတ်ဘူး။ သူတို့ သဘောလည်း ကျမှာမဟုတ်ဘူး ထင်လို့ပါ။ ပရိသတ်ကိုလည်း ကြည့်တယ်၊ ရေရှည်ကိုလည်း ရပ်တည်နိုင်အောင်လို့ပါ။နေရာလေးတစ်ခု Role အလေးတစ်ခု ဖြစ်ချင်လို့ပါ။ ကိုယ်နဲ့တည်ပြီးမှ မရိုက်ဖြစ်တာကလည်း ကိုယ့်အတွက် အဆင်မပြေဘူး ထင်တာရယ်၊ ကိုယ့်ပရိသတ်လည်း မကြိုက်ဘူး ထင်လို့ပါ။အဲဒါကြောင့် မရိုက်ဖြစ်တာပါ။ ငြင်းလိုက်တာပါ။ ဘယ်လိုမှတော့ မမြင်ပါဘူးလို့”စူးယှနိုင်က ပြောခဲ့ပါတယ်။
စူးယှနိုင်က လက်ရှိမှာ ဗီဒီယိုဇာတ်ကားတွေကို ရိုက်ကူးနေတယ်လို့ပြောပြီး ရုပ်ရှင်ကားကြီးအဖြစ် ရိုက်ကူးမယ့် ချိုမြိန်သော လက်စားချေခြင်း ဇာတ်ကားကို ရိုက်ကူးရန် ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။
Messenger News Journal

No comments :

Post a Comment

Blogger Widgets
Back to Top