ရွှေမိုး၊ Family၊ ထိပ်တန်း၊ ရွှေစင်၊ စိန်သရဖူ၊ Golden Apple၊တော်ဝင်နဒီ၊ Lucky၊ SS၊ Hi plus စသည့် မြေပဲဆီ ၁၀ မျိုး မှာ ပဲဆီတံဆိပ် ကပ်ထားသော် လည်း မြန်မာနိုင်ငံ အစားအ သောက်နှင့် ဆေးဝါးကြီးကြပ်မှုဦး စီးဌာနတွင် စစ်ဆေးရာ ရောနှော ဆီများပါဝင်နေပြီး စံနှုန်းနှင့်မညီ သဖြင့် ဥပဒေနှင့်အညီ အရေးယူ မည်ဟု စားသုံးသူအငြင်းပွားမှုအ ဖွဲ့က နိုင်ငံပိုင်သတင်းစာမှတစ် ဆင့် ထုတ်ပြန်ကြေညာခဲ့သည်။
‘‘ရောနှောဆီမပါတဲ့ တ ကယ့်စံနှုန်းမီ ဆီဟာ ‘‘အိုင်အိုဒင်း ပမာဏ အသင့်အတင့်နဲ့ အက် စစ်ပမာဏပါဝင်မှု လုံးဝမရှိရဘူး။ ရောနှောဆီတွေ အိုင်အိုဒင်းပမာ ဏတွေ လျော့ကျပြီးတော့ အက် စစ်ပါဝင်မှု ရှိလာမယ်။ စားဖို့ မ သင့်တော့ဘူး’’ဟု မြန်မာနိုင်ငံ ဆီ လုပ်ငန်းရှင်များအသင်းဝင် အ စားအသောက်နှင့် ဆေးဝါးကြီး ကြပ်ရေးဌာနနှင့် နှီးနွှယ်အဖွဲ့ဝင် ဦးခိုင်စိုးက ပြောသည်။
အဆိုပါ အမှတ်တံဆိပ်များ မှ အချို့သည် အစပိုင်းတွင် အရည် အသွေးမှတ်ပုံတင်ထားကြသော် လည်း နောက်ပိုင်း ပြန်လည်စစ် ဆေးသည့် အခါများတွင် အရည် အသွေး မပြည့်မီတော့ခြင်း ဖြစ် ကြောင်း မြန်မာနိုင်ငံ အစားအ သောက်နှင့် ဆေးဝါးကြီးကြပ်မှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက် တာထွန်းဇော်က ပြောသည်။
ထို့အပြင် ဈေးကွက်အတွင်း ရှိ ဆီများကို ဈေးကွက်သုတေသန ပုံစံဖြင့် စစ်ဆေးမည်ဖြစ်ကာ အရေးယူမှုများ ပြုလုပ်မည်ဟု ဆိုသည်။
သြဂုတ် ၂၂ ရက်ကလည်း ပဲဆီအမည်ခံ ရောနှောဆီ ၁၀ မျိုး ကို ဈေးကွက်အတွင်းမှ ရုပ်သိမ်း ရန် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ပြီး ယခုနှင့်ဆို လျှင် တစ်လအတွင်း ပဲဆီအမျိုး ၂၀ ကျော် ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်သည်။
လက်ရှိတွင် အစားအ သောက်နှင့် ဆေးဝါးကြီးကြပ်မှု ဦးစီးဌာနက အစားအသောက်၊ ဆေးဝါး၊ အလှကုန်များစစ်ဆေး ရန် မိတ်ဖက်အဖွဲ့အစည်းပေါင်း တစ်ရာကျော်နှင့် ကွန်ရက်ဖွဲ့စည်း ထားပြီး ဆီပြဿနာနှင့် ရေသန့် ပြဿနာကို ပထမဆုံးဖြေရှင်းမည် ဟု ညွှန်ကြားရေးမှူးချုပ် ဒေါက် တာထွန်းဇော်က ပြောကြားထား သည်။ ပဲဆီဟု အမည်ခံထားပြီး အရည်အသွေးမပြည့်မီသော ရောနှောဆီ ၁၀ မျိုးကို စက်တင် ဘာ ၈ ရက်က တိုင်းဒေသကြီးစား သုံးသူအငြင်းပွားမှုဖြေရှင်းရေးအ ဖွဲ့က ထုတ်ပြန်ကြေညာကြောင်း သတင်းရရှိသည်။
ရွှေမိုး၊ Family၊ ထိပ်တန်း၊ ရွှေစင်၊ စိန်သရဖူ၊ Golden Apple၊တော်ဝင်နဒီ၊ Lucky၊ SS၊ Hi plus စသည့် မြေပဲဆီ ၁၀ မျိုး မှာ ပဲဆီတံဆိပ် ကပ်ထားသော် လည်း မြန်မာနိုင်ငံ အစားအ သောက်နှင့် ဆေးဝါးကြီးကြပ်မှုဦး စီးဌာနတွင် စစ်ဆေးရာ ရောနှော ဆီများပါဝင်နေပြီး စံနှုန်းနှင့်မညီ သဖြင့် ဥပဒေနှင့်အညီ အရေးယူ မည်ဟု စားသုံးသူအငြင်းပွားမှုအ ဖွဲ့က နိုင်ငံပိုင်သတင်းစာမှတစ် ဆင့် ထုတ်ပြန်ကြေညာခဲ့သည်။
‘‘ရောနှောဆီမပါတဲ့ တ ကယ့်စံနှုန်းမီ ဆီဟာ ‘‘အိုင်အိုဒင်း ပမာဏ အသင့်အတင့်နဲ့ အက် စစ်ပမာဏပါဝင်မှု လုံးဝမရှိရဘူး။ ရောနှောဆီတွေ အိုင်အိုဒင်းပမာ ဏတွေ လျော့ကျပြီးတော့ အက် စစ်ပါဝင်မှု ရှိလာမယ်။ စားဖို့ မ သင့်တော့ဘူး’’ဟု မြန်မာနိုင်ငံ ဆီ လုပ်ငန်းရှင်များအသင်းဝင် အ စားအသောက်နှင့် ဆေးဝါးကြီး ကြပ်ရေးဌာနနှင့် နှီးနွှယ်အဖွဲ့ဝင် ဦးခိုင်စိုးက ပြောသည်။
အဆိုပါ အမှတ်တံဆိပ်များ မှ အချို့သည် အစပိုင်းတွင် အရည် အသွေးမှတ်ပုံတင်ထားကြသော် လည်း နောက်ပိုင်း ပြန်လည်စစ် ဆေးသည့် အခါများတွင် အရည် အသွေး မပြည့်မီတော့ခြင်း ဖြစ် ကြောင်း မြန်မာနိုင်ငံ အစားအ သောက်နှင့် ဆေးဝါးကြီးကြပ်မှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက် တာထွန်းဇော်က ပြောသည်။
ထို့အပြင် ဈေးကွက်အတွင်း ရှိ ဆီများကို ဈေးကွက်သုတေသန ပုံစံဖြင့် စစ်ဆေးမည်ဖြစ်ကာ အရေးယူမှုများ ပြုလုပ်မည်ဟု ဆိုသည်။
သြဂုတ် ၂၂ ရက်ကလည်း ပဲဆီအမည်ခံ ရောနှောဆီ ၁၀ မျိုး ကို ဈေးကွက်အတွင်းမှ ရုပ်သိမ်း ရန် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ပြီး ယခုနှင့်ဆို လျှင် တစ်လအတွင်း ပဲဆီအမျိုး ၂၀ ကျော် ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်သည်။
လက်ရှိတွင် အစားအ သောက်နှင့် ဆေးဝါးကြီးကြပ်မှု ဦးစီးဌာနက အစားအသောက်၊ ဆေးဝါး၊ အလှကုန်များစစ်ဆေး ရန် မိတ်ဖက်အဖွဲ့အစည်းပေါင်း တစ်ရာကျော်နှင့် ကွန်ရက်ဖွဲ့စည်း ထားပြီး ဆီပြဿနာနှင့် ရေသန့် ပြဿနာကို ပထမဆုံးဖြေရှင်းမည် ဟု ညွှန်ကြားရေးမှူးချုပ် ဒေါက် တာထွန်းဇော်က ပြောကြားထား သည်။
No comments :
Post a Comment