Blogger Widgets

Friday, 2 October 2015

အာဖဂန်တပ်များက ကန်ဒုဇ်မြို့ကို တာလီဘန်တို့ထံမှ ပြန်လည်သိမ်းပိုက်

အောက်တိုဘာ ၁ ရက်တွင် အာဖဂန်တပ်များက နိုင်ငံမြောက်ပိုင်းရှိ မဟာဗျူဟာအရ အချက်အချာကျသော ကန်ဒုဇ်မြို့ကို ပြန်လည် သိမ်းပိုက်လိုက်ကြောင်း သိရသည်။ ယင်းမြို့ကို တာလီဘန်တို့က သုံးရက်ကြာ သိမ်းပိုက်ထားခဲ့ပြီး ယင်းကဲ့သို့ သိမ်းပိုက် ထားမှုက နေတိုးစစ်အုပ်စုက လေ့ကျင့်ပေးထားသည့် အာဖဂန် စစ်တပ် အတွက် ထိုးနှက်ချက်တစ်ရပ် ဖြစ်ခဲ့သည်။
ပြည်နယ်မြို့တော်ဖြစ်သည့် ကန်ဒုဇ်မြို့ တာလီဘန်တို့ လက်တွင်းသို့ ကျရောက်ခဲ့မှုသည် ယာယီပင် ဖြစ်သော်လည်း ခေါင်းမာသည့် သူပုန်များ အနေဖြင့် နိုင်ငံတောင်ပိုင်းရှိ ၎င်းတို့၏ ကျေးလက် ခြေကုပ် စခန်းများကို ကျော်လွန်လျက် နယ်မြေ ချဲ့ထွင်ဖွယ်ရှိသည့် အလားအလာကို ပြသလိုက်ခြင်းဖြစ်သည်။
အာဖဂန်တပ်များသည် စစ်ကူများ ရောက်ရှိလာမှု နှေးကွေးသောကြောင့် အခက်အခဲ ရှိခဲ့သော်လည်း အမေရိကန်က လေကြောင်းထောက်ပံ့မှုကို အကန့်အသတ်ဖြင့် ပြုလုပ်ပေးမှုအား ရရှိခဲ့ပြီး ကန်ဒုဇ်မြို့ကို ပြန်လည် ရရှိရန် သုံးရက်ကြာ အပြင်းအထန် တိုက်ခိုက်ခဲ့ရသည်။

No comments :

Post a Comment

Blogger Widgets
Back to Top