Blogger Widgets

Thursday, 10 September 2015

မလေးရှားရှိ ထိန်းသိမ်းရေးစခန်းတွင် ကူးစက်ရောဂါဖြစ်ပွား မြန်မာခြောက်ဦးသေဆုံး

 မလေးရှားနိုင်ငံ ကွာ လာလမ်ပူမြို့ရှိ တရားမဝင်နိုင်ငံ ခြားသားများကို ဖမ်းဆီးထိန်း သိမ်းထားသည့် KLIA ထိန်းသိမ်း ရေးစခန်းတွင် ကူးစက်ရောဂါပိုး တစ်မျိုးကြောင့် မြန်မာနိုင်ငံသား ခြောက်ဦးသေဆုံးခဲ့ကြောင်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ ဒုအတွင်းဝန်ဦးသီဟဟိန်းက ပြောသည်။
‘‘KLIA Camp ထဲမှာ ရောဂါပိုးတစ်မျိုးကြောင့် မြန်မာနိုင်ငံသား ခြောက်ဦးသေဆုံးတာဟုတ်ပါတယ်။ ကျွန်တော်တို့ အဲဒီရောဂါ စဖြစ်ဖြစ်ချင်း အဲဒီCampထဲကို သွားပြီးကြည့်ပါတယ်။ ဘာရော ဂါဖြစ်တာလဲဆိုတာမေးပါတယ်။ တာဝန်ရှိတဲ့သူတွေက အခုထိ ဘာကြောင့်ဆိုတာ အကြောင်း မပြန်သေးပါဘူး။ ခန္ဓာကိုယ်က ဖောရောင်ပြီး ပုပ်ပွလာတာပါ။ အဲဒီလိုရောဂါပိုးဖြစ်တာပါ’’ဟု ၎င်းကပြောသည်။
ထို့အပြင် မြန်မာနိုင်ငံသား ခုနစ်ဦးတွင်လည်း ရောဂါပိုး ကူးစက်ခံခဲ့ရပြီး ၎င်းတို့အား စစ် ဆေး၍ သြဂုတ်လကုန်ပိုင်းက မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင် ထားကြောင်း ၎င်းကဆက်လက်ပြောသည်။
KLIA ထိန်းသိမ်းရေးစခန်း တွင် ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသား ၄၀၀ ကျော်ရှိ ကြောင်း သတင်းရရှိသည်။ မလေးရှားနိုင်ငံတွင် တရားမဝင် မြန်မာနိုင်ငံသားများအား ဖမ်းဆီး ထိန်းသိမ်းထားသော ထိန်းသိမ်း ရေးစခန်း ၁၁ခု ရှိပြီး ယင်းစခန်း များ၌ မြန်မာနိုင်ငံသား ၂,၀၀၀ ခန့်ရှိကြောင်း ဦးသီဟဟိန်းက ပြောသည်။
မလေးရှားနိုင်ငံ KLIA ထိန်း သိမ်းရေးစခန်းတွင် ယခုကဲ့သို့ ရောဂါပိုးတွေ့ရှိမှုသည် ၂၀၀၇ ကဖြစ်ပွားခဲ့ဖူးပြီး ထိုစဉ်ကလည်းမြန်မာနိုင်ငံသားခုနစ်ဦးသေဆုံးခဲ့ကြောင်း ဒုအတွင်းဝန်ဦးသီဟဟိန်း ကပြောသည်။
‘‘ထောင်ကကျွေးတဲ့အစား အသောက်နဲ့လည်း ဆိုင်မယ်နဲ့တူ တယ်။ ၂၀၀၇ တုန်းက တစ်ခါဖြစ် ဖူးတယ်။ အဲဒီတုန်းက သံရုံးက သွားကြည့်တဲ့သူတစ်ယောက် တောင် အဲဒီရောဂါပိုးကူးစက်ခံရ ဖူးတယ်။ ကျွန်တော်တို့ ထိန်းသိမ်း ရေးစခန်းမှာ ဒီရောဂါပိုးစတွေ့ တာ သုံးလနီးပါးလောက်ရှိပါပြီ’’ ဟု ဒုအတွင်းဝန်ကပြောသည်။
ကွာလာလမ်ပူမြို့ရှိ စာတမ်း ဆေးရုံကြီးသို့ အဆိုပါရောဂါပိုး ကြောင့်သေဆုံးသည့် မြန်မာနိုင်ငံ သားအလောင်း သုံးလောင်း ရောက်ရှိနေကြောင်း ကပုန်း(၇) ရက် သားသမီးနာရေးကူညီမှု အသင်း(မလေးရှား)ဥက္ကဋ္ဌ ဦးဆန်းဝင်းကပြောသည်။
‘‘အခု ဆေးရုံကြီးမှာ ချင်း တိုင်းရင်းသားတစ်ယောက်အပါ အဝင် အဲဒီရောဂါပိုးကြောင့် သေဆုံးတဲ့သူသုံးဦးရှိနေတယ်။ တစ်ဦးရဲ့စာရင်းကတော့ ရထား ပြီးပြီ။ နှစ်ဦးကတော့ မရသေး ဘူး။ ၁ ရက်နေ့တုန်းကလည်း အဲဒီလို တစ်ယောက်သင်္ဂြိုဟ်ခဲ့တယ်’’ဟု ဦးဆန်းဝင်းကပြောသည်။

No comments :

Post a Comment

Blogger Widgets
Back to Top