Blogger Widgets

Thursday 8 May 2014

ကားမှတ်တိုင်တွင် အိပ်နေသူကိုသားမယားပြုကျင့်ရန်ကြံစည်သူ ၀ိုင်းဝန်းဖမ်းဆီး

ကားမှတ်တိုင်နောက်တွင်ခြင်ထောင်
 ထောင်အိပ်နေသူကိုသားမယားအဖြစ် ပြုကျင့်
ရန်ကြံစည်သူအား ၀ိုင်းဝန်းဖမ်းဆီးမှု မေ၅
ရက် နံနက်၁နာရီ၁၅ မိနစ်ခန့်ကဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်နေ (၃၅)
နှစ် အရွယ် အမျိုးသမီးတစ်ဦးကသက်ဆိုင်ရာသို့တိုင်ကြားခဲ့ရာတွင် မိမိ
နှင့် (၁၂) နှစ်အရွယ် တူမတို့ လသာမြို့နယ် ဗိုလ်ချုပ်လမ်းကားမှတ်တိုင်
နောက်တွင် ခြင်ထောင်ထောင်၍အိပ်နေစဉ် အမည်မသိ လူငယ်
တစ်ဦးခြင်ထောင်ထဲသို့ရောက်ရှိလာပြီး တူမဖြစ်သူအား သားမယား
ပြုကျင့်ရန် ကြံစည်နေသည်ကို တွေ့ရသဖြင့် ပတ်ဝန်းကျင်သို့ အကူအညီ
တောင်းဖမ်းဆီးခဲ့သည်။

အဆိုပါလူငယ် မှာ လှိုင်သာယာမြို့နယ်နေ ဇော်မင်းကို (၂၆) နှစ်
ဖြစ်ကြောင်း သိရသဖြင့် အရေးယူပေးရန် တိုင်ကြားခဲ့သည်။

လသာမြို့မ ရဲစခန်းမှ (ပ)၁၂၅/၂၀၁၄၊ ပြစ်မပုဒ်မ- ၃၇၆/
၅၁၁ အရ အမှုဖွင့်အရေးယူထားသည်။

No comments :

Post a Comment

Blogger Widgets
Back to Top