Blogger Widgets

Thursday 8 May 2014

နောက်ဆက်တွဲ မြေငလျင် လှုပ်နိုင်ခြေရှိ

ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းရိုင် ခရိုင်တွင် တနင်္လာနေ့ ညနေပိုင်းက အင်အား ၆.၃ ပြင်းအားရှိ မြေငလျင် တခု လှုပ်ခတ် သွားခဲ့ပြီး နောက်ဆက်တွဲ ငလျင်ထပ်လှုပ်မည်ကို စိုးရိမ်ရကြောင်း ထိုင်း သတ္တုတွင်း ၀န်ကြီး ဋ္ဌာန တာဝန်ရှိသူတဦးက ပြောလိုက်ပါတယ်။ 

 ဓာတ်ပုံ-ဘန်ကောက်ပို့စ် 

Active Faults လို့ ခေါ်တဲ့ နောက်ထပ်မြေငလျင်ထပ်လှုပ်နိုင်ခြေရှိတဲ့ ငလျင်ကြောတွေထဲက တခု မှာ 
နောက်ထပ် မြေ ငလျင် ထပ်လှုပ်ဖို့ အများကြီး အလားအလာရှိတယ်လို့ သတ္တုတွင်း ၀န်ကြီးဋ္ဌာနက မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ 

 “သီအိုရီအရ နောက်ဆက်တွဲ ငလျင်ကြီးတခု အခုလှုပ်ခတ်သွားတဲ့ ငလျင်ကြောတွေနားက ငလျင်ကြော တခု ခုမှာ ထပ်လှုပ်နိုင်တယ်လို့ ကျနော်တို့ ယုံကြည်တယ်။ ဒီကာလထဲမှာ ဖြစ်သွားတဲ့ နေရာနားက ငလျင်ကြော ၅ ခုကို အနီး ကပ် စောင့်ကြည့်နေပါတယ်” လို့ အဆိုပါ ဋ္ဌာန ဒုတိယ အကြီးအကဲ Worasart Apaipong က မနေ့က သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။ 

တနင်္လာနေ့က ချင်းရိုင်းနယ် ဖယောင်း ငလျင်ကြောမှာ ဗဟိုပြု လှုပ်ခတ်သွားတဲ့ အင်းအားပြင်းငလျင်
နောက်ဆက်တွဲ အဖြစ် အင်္ဂါနေ့ မနက်ပိုင်းကလည်း အကြိမ် ၁၀၀ ထက်မနည်း အင်အား အနည်းငယ် ရှိ မြေငလျင်များ ဆက်လက် လှုပ်ခတ်ခဲ့ပါတယ်။ 

ထိုင်း သတ္တုတွင်း ၀န်ကြီးဋ္ဌာနက အနီးကပ်စောင့်ကြည့်နေတဲ့ ငလျင်ကြော ၅ ခုကတော့ ချင်းမိုင်နဲ့ ချင်းရိုင် ခရိုင်နယ် တွင်းက မဲ့ကျန် ငလျင်ကြော၊ ချင်းရိုင်က လာအိုနိုင်ငံထိ ရှိတဲ့ မဲ့အင် ငလျင်ကြော၊ နန် ခရိုင် တွင်းက ပူဝ ငလျင်ကြော၊ ချင်းမိုင်ခရိုင်တွင်းက မဲသာ ငလျင်ကြောတွေဖြစ်ပါတယ်။ 

တနင်္လာနေ့ က လှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ မြန်မာနိုင်ငံ ရန်ကုန်နဲ့ မြို့ကြီးတချို့ထိ သိသာစွာ ခံစားခဲ့ရပြီး ချင်းရိုင်နယ် တ၀ိုက် လမ်းပြတ်ရွေ့တာ၊ ချင်းရိုင်မြို့က ငွေကျောင်း အပါအ၀င် အဆောက်အဦးပြိုကျတာနဲ့ ထိခိုက်ဒဏ်ရာရမှုတွေ လည်း ရှိခဲ့ပြီး ထိုင်းသတင်းတပုဒ် အဆို အရ လူ တဦးသေဆုံးတယ်လို့ သိရပါ တယ်။ 

ထိုင်းနိုင်ငံ ချင်းရိုင်မြို့မြောက်ဘက် ၆၉ မိုင်အကွာ မြန်မာနိုင်ငံ တာချီလိတ်မြို့နယ် တာလေမှာလည်း လွန်ခဲ့ တဲ့ ၂၀၁၁ ခုနှစ် မတ်လက အင်အားပြင် မြေငလျင် ၂ ခု လှုပ်ခတ်ခဲ့တာကြောင့် လူပေါင်း ၁၀၀ ကျော်သေဆုံးခဲ့ဖွယ်ရှိပါတယ်။ အစိုးရ မီဒီယာတွေကတော့ လူ ၇၀ ကျော်သာ သေဆုံးကြောင်း 
ကြေညာ ခဲ့တာပါ။ 

တာလေမြေငလျင်ဘေးကြောင့် အဲဒီနားတ၀ိုက်က မြန်မာစစ်တပ် ၀န်းတွေနဲ့ လူနေရပ်ကွက်တွေ၊ ကျိုင်းတုံမြို့နယ်ထဲ ကနေအိမ်၊ အဆောက်အဦတွေ ပျက်ဆီးခဲ့ပါတယ်။ 

တာလေ မြေငလျင် ဘေးဒဏ်သင့် ပြည်သူတွေကို ထိုင်းနဲ့ မြန်မာက ကူညီကယ်ဆယ်ရေးသမားတွေ ရာနဲ့ ချီပြီး သွား ရောက် ကူညီခဲ့ပေမယ့် ထိုစဉ်က မြန်မာအစိုးရက တားဆီး ကန့်သတ်မှုတွေ ရှိခဲ့လို့ ငလျင်ဒဏ် ခံရသူတွေနဲ့ ကယ်ဆယ်ရေး အဖွဲ့တွေ အတော်စိတ်ပျက်ခဲ့ရပါတယ်။

မြန်မာနိုင်ငံမှာ စစ်ကိုင်း ပြတ်ရွေ့ကြော၊ ဂွေးချိုပြတ်ရွေ့ကြော၊ မိုးမိတ်ငလျင်ကြော၊ ကဘော်ငလျင်ကြော၊ 
မြောက်ဦး ငလျင် ကြော၊ ကျောက်ကြမ်း ငလျင်ကြော၊ ဖားပွန်ငလျင်ကြော၊နဲ့ ဘုရားသုံးဆု ငလျင်ကြော ဆိုတဲ့ မြေငလျင် ကြောတွေရှိ ကြပြီး အကြီးအကျယ်ဆုံး လှုပ်ခတ်ခဲ့တဲ့ မြေငလျင်တွေကတော့ ၁၈၃၉ ခုနှစ် အင်းဝ မြေငလျင်၊ ၁၉၁၇ ခုနှစ် ပထမ ပဲခူး မြေငလျင်၊ ၁၉၃၀ ခုနှစ် ဒုတိယ ပဲခူးမြေငလျင်၊ ၁၉၇၅ ခုနှစ် ပုဂံမြေငလျင်တို့ ဖြစ်ပါတယ်။

No comments :

Post a Comment

Blogger Widgets
Back to Top