Blogger Widgets

Monday 5 October 2015

Fast & Furious နောက်ထပ် ၃ ကား ထွက်ဦးမယ်လို့ Vin Diesel ပြော

ဟောလီးဝုဒ် သရုပ်ဆောင်ကြီး Vin Diesel ဟာ Fast & Furious ဇာတ်လမ်းရဲ့ ပရိတ်သတ်တွေအတွက် သတင်းကောင်းတစ်ခု သယ်ဆောင်လာခဲ့ပါတယ်။ အဲဒါကတော့ Fast & Furious ဇာတ်လမ်းတွဲတွေကို ၁၀ ကား မြောက်အထိ ထုတ်လုပ်သွားမှာ ဖြစ်တယ်ဆိုတာပါပဲ။
လက်ရှိ ထွက်ရှိထားတဲ့ Fast & Furious ဇာတ်လမ်းတွေဟာ အပိုင်း ၇ အထိ ရောက်နေပြီဖြစ်တဲ့အတွက် အပိုင်း ၁၀ အထိ ရောက်နိုင်ဖို့ ဇာတ်လမ်း ၃ ခု ထပ်မံ ထွက်ပေါ်လာဦးမှာ ဖြစ်ပါတယ်။
Fast & Furious ဇာတ်လမ်းမှာ ခေါင်းဆောင် မင်းသားလည်းဖြစ်တဲ့ အက်ရှင်မင်းသားကြီး Vin Diesel က ထိုသတင်းကို သူ့ရဲ့ Facebook စာမျက်နှာမှာ အခုလိုရေးသားခဲ့ပါတယ်။
"Fast & Furious ဇာတ်လမ်းတွဲရဲ့ ပရိတ်သတ်တွေဟာ ကမ္ဘာမှာ အကောင်းဆုံး ပရိတ်သတ်တွေပါ။ ကျွန်တော် ၂၀၀၈ ခုနှစ်မှာ ပရိုဂျူဆာ စဖြစ်လာကတည်း ပရိတ်သတ်တွေအားလုံးဟာ ကျွန်တော်နဲ့ ခြေလှမ်းတိုင်းမှာ အတူရှိခဲ့ပါတယ်။ ကျွန်တော့်ကို ဝေဖန် အကြံပြုပေးကြတာကလည်း တန်ဖိုးမဖြတ်နိုင်မှုကို သက်သေပြခဲ့ပါတယ်။အားလုံးကို ကျေးဇူးတင်ပါတယ်။"
ဒါပေမယ့်လည်း Vin Diesel နဲ့ သူ့ရဲ့ ထုတ်လုပ်ရေး ပါတနာ Neal(Moritz) တို့ ၂ ယောက် အဓိက ပြသနာတက်နေခဲ့တာကတော့ လာမယ့် Fast 8 ဇာတ်လမ်းအတွက် ဒါရိုက်တာ မရှိသေးတာပါပဲ။

No comments :

Post a Comment

Blogger Widgets
Back to Top