Blogger Widgets

Saturday 22 March 2014

သတို့သမီး အဖြစ် ကြေ ညာတော့မယ့် အဆိုတော် ပန်းအိဖြူ

မြန်မာပြည် အနှံ့၊ အထူးသဖြင့် မန္တလေး၊ မကွေး၊ ကျောက်ပန်း တောင်း၊ စစ်ကိုင်း၊ မုံရွာစတဲ့ မြို့ တွေမှာ တောက်လျှောက် သီချင်း တွေ သွား ဆိုဖြစ်နေတဲ့ မြန်မာသံ အဆိုတော် ပန်းအိဖြူက မကြာခင် အချိန်အတော အတွင်းမှာ သူ့ရဲ့တစ် ကိုယ်တော် မြန်မာသံ တေးစီးရီး “သတို့သမီး အဖြစ် ကြေညာမယ်” ကို ထွက်ရှိတော့ မယ် လို့ ပြောပါတယ်။ အဲဒါတွေနဲ့ ပတ်သက်ပြီးတော့ အဆို တော် ပန်းအိဖြူက “ပန်းအိက နယ်ပွဲတွေ ဆက် တိုက်ဆိုဖြစ်နေတာပေါ့နော်။ သိပ် မအားလပ်ဘူး ဖြစ်နေတယ်။ အခု ပန်းအိ ရဲ့ တစ်ကိုယ်တော် “သတို့ သမီးအဖြစ် ကြေညာမယ်” တေးစီးရီးကို ထွက်ရှိဖို့ ပြင်ဆင်နေတယ်။ အဲဒီမှာ အတီးပိုင်းက အားလုံး ပြီးသွားပြီ။ Vocal တော့ မထပ်ဖြစ်သေး ဘူး။ သီချင်းက အားလုံး၁၂ပုဒ်ပါ မယ်။ သတို့သမီး အဖြစ် ကြေညာ မယ် တေးသီချင်း ကိုတော့ တေးရေး ဆရာညွန့်လှိုင်လှိုင် က ရေးပေး ထားပါတယ်။ မကြာခင် ထွက်ရှိနိုင်ဖို့ ပန်း အိ ကြိုးစားနေပါတယ်”လို့ ပြောပါတယ်။
နယ်ဘက်ဒေသ မှာတောက်လျှောက် သီချင်း ဆိုဖြစ် နေတဲ့ ပန်းအိဖြူက နယ်မှာ သီချင်း ဆိုရတာနဲ့ မြို့ပေါ်မှာ သီချင်းဆိုရတဲ့ အခါဖြစ် ပေါ်လာတဲ့ ခံစားချက် တချို့ကို လည်း “နယ်မှာ ပရိသတ် အားပေးတာက အားရစရာ ကောင်းပါတယ်။ ပန်းအိမှ မဟုတ်ပါဘူး။ တခြား အနုပညာရှင်တွေ လာရင်လည်း ဒီ လိုမျိုး အားပေးကြပါ တယ်။ တွေ့ရခဲတော့လေ။ တစ်ခဲနက်ကို အားပေးကြတယ်။ ပန်းအိက မြန်မာသံစဉ် သီချင်းပဲ ဆိုတော့ မြန်မာ ပရိသတ်အခိုင် အမာ ရှိတာပေါ့လေ။ အားပေးတော့ ပီတိဖြစ် ရတယ်။ ရန်ကုန် မှာတော့ wedding တွေပေါ့။ မင်္ဂလာဆောင်တို့၊ ဘာတို့မှာ ဆို ရတာက သမား ရိုးကျ ဆိုရတဲ့ ပုံစံပါပဲ။ ကုမ္ပဏီ Dinner လိုမျိုးမဟုတ်ဘဲ နဲ့ Show ပွဲပုံစံမျိုး၊Live Show ပုံစံမျိုးတွေ ဆိုရင် နယ်နဲ့ တအားကြီး မကွာပါဘူး။ ရန်ကုန် မှာလည်း မြန်မာ သံကို ချစ် ကြတဲ့ ပရိသတ်တွေလည်း တော်တော် များ ပါတယ်” လို့ပြောပါတယ်။
 နိုင်ငံခြားကို သီချင်း သွားဆိုရတဲ့ အခါ အ ခက်အခဲ အနည်း ငယ်ရှိ တယ်လို့လည်း ပန်းအိ ဖြူကပြောပါတယ်။

No comments :

Post a Comment

Blogger Widgets
Back to Top