Blogger Widgets

Saturday 22 March 2014

ဂစ်တာ တီးတိုင်း အမေ့ကို သတိရ နေတယ် ဆိုတဲ့ တေးရေး ဖိုးတု

အိုင်းရင်းဇင်မာမြင့် ၏ အောင်မြင်သော တေးတစ်ပုဒ် ဖြစ်သည့် “နှလုံးသားအရင်း အနှီး” ဆိုသည့် သီ ချင်း ကို သီကုံးပေး ခဲ့သည့် တေးရေး ဆရာ ဖိုးတုက “အမေ့မေတ္တာ”ဘွဲ့  သီချင်းများ စုစည်းထားသော တေး စီးရီးကို လည်း ထုတ်ဖြစ် ခဲ့ကြောင်း ပြောသည်။
          အစတုန်းက ကျွန်တော်က ဂစ်တာ တီး ခဲ့တာ ဆိုတော့ ရတဲ့  ပိုက်ဆံလေး  တွေစုပြီး တော့ အခွေလေး လုပ်ဖြစ်တယ်ပေါ့။ ၂၀၀၇ ခုနှစ်လောက်ကတည်းကလုပ်တာ။ ၂၀၁၄ မှ လာပြီးတယ်။ တစ်အားကြာသွားတာပေါ့ နော်။ အဲဒီထဲမှာ ကျွန်တော်က “ဂစ်တာတီးတိုင်း အမေ့ကို သတိရတယ်” သီချင်းလေး  ကို ဆို ထားတယ်။ အ မေက ဂစ်တာတီးတတ်တော့ အမေ ဂစ်တာတီးတာကို ကြည့်ပြီးတော့ ကျွန်တော် ၀ါသနာ  ပါလာခဲ့တာလေ။ အ မေ ကတော့ ခုချိန်မှာ မရှိတော့ပါဘူး။ အားလုံး က Pop Song ပါပဲ။  စတိုင်လေး   တွေ တော့ ခွဲရေးထားတယ်။ အိုင်းရင်းဇင် မာမြင့် သီချင်းလေး ကို ကျွန်တော် ထင် တော့ မထင်မှတ် ထားဘူးလေ။ ဘာလို့ လဲဆိုတော့ မျှော် လင့် ချက်ဆိုတာ ကိုယ် က များများထားလေ၊ ခံစားရလေပဲလေ။ မထင် မှတ်ဘဲ အောင်မြင် သွား  တော့ သူ့ကို လည်း ကျွန်တော် ကျေးဇူးတင်ပါတယ်။ ကျွန် တော်လည်း  ၀မ်းသာပါတယ် များ  သောအား ဖြင့် ကျွန်တော့်ဆီ ကိုတော့  အဆိုတော်တွေ ကသီချင်းရေးပေးဖို့  လာ အပ်တယ်။  ကျွန်တော့် သီချင်းလေးတွေက    အနှေးလေး တွေ နဲ့ ပေါက်တော့ ကျွန်တော့်ဆီမှာ အနှေးလေး တွေပဲ လာတောင်းတယ်။ ကျွန်တော့်ဖီလင်နဲ့  ရေးထားတာ ရှိ တာ လေးတွေကိုလည်း CD  နဲ့ ခုတ်ပေးလိုက်တာပါပဲ။ ကျွန်တော်က တေးရေး ဆရာ  အနေ  နဲ့ ရော၊ အတီးသ မား တစ်ယောက် အနေနဲ့ရော  ခံစားချက်တွေကို  နားလည်ပါ တယ်။  ဒါပေမယ့် ကျွန်တော်  တို့ ရေးတာ ဘယ် လောက်ပဲ ကောင်းကောင်း  သူတို့     ပေါ် မှာလည်းမူတည်လေ။ တချို့ဆို သိပ်ပြီး ပေါ် မလာတာတွေရှိ တယ်။ အောင်မြင်တဲ့သူတွေ ကလည်း တကယ်တော်ပြီး သူတို့နဲ့ အဆင် ပြေသွား တော့   ပရိသတ် နားထဲ ရောက်တာ ပေါ့နော်။သူတို့တွေလည်းတော်ကြပါတယ်”” ဟု ဖိုးတုက ပြောသည်။
          တေးရေးဆရာ ဖိုးတုသည်  ဂစ်တာ အတီးသမား ဘ၀  ကနေ  တေးရေး ဆရာ အ ဖြစ် ကူးပြောင်းခဲ့ပြီး၊ ထူးအယ်လင်း ၏ “အချစ် လို့ခေါ် သလား”နှင့်  အိုင်းရင်းဇင်မာမြင့် ၏“ နှလုံးသား အရင်းအနှီး”သီချင်းများ ကို ပုံဖော် ပေးခဲ့သူ ဖြစ်သည်။

No comments :

Post a Comment

Blogger Widgets
Back to Top