Blogger Widgets

Saturday, 22 March 2014

ရထားပြေးဆွဲ မှုအား ဗဟို ထိန်းချုပ် စနစ်ဖြင့် တပ်ဆင် ထိန်းချုပ်ရန် စီစဉ်နေ

ရန်ကုန် မြို့ပတ် ရထား ပြေးဆွဲမှု များကို ဗဟို ထိန်းချုပ် စနစ် (Operation Control Center) တပ်ဆင် ၍ ထိန်းချုပ် ဆောင်ရွက်ရန် ပြင်ဆင် နေကြောင်း မြန်မာ့ မီးရထားမှမန်နေ ဂျာ ဦးကျော်ကျော်မျိုးက ပြောသည်။ ရထား ပြေးဆွဲ တဲ့အခါ စက်ခေါင်း က စက်ချို့ယွင်းပြီး၊ တစ်ခု တစ်ခု ဖြစ်လို့ အခက် အခဲ ရှိ နေရင် ဘူတာကြီး ကနေ ထိန်းချုပ် သွား လို့ ရအောင် တပ်ဆင် သွားမှာပါ   ဟု ၎င်း က ပြောသည်။
          ယင်းကဲ့သို့     တပ်ဆင်ရာ တွင် စက်ခေါင်း  မောင်းသူ အချင်းချင်း ဆက်သွယ် နိုင်ရန်အ တွက် Digital Train Radio  စနစ်တပ်ဆင် ခြင်းကို နိုင်ငံတကာပညာရှင် များနှင့် ဆွေးနွေး ညှိနှိုင်း  ဆောင်ရွက် သွားမည် ဖြစ် ကြောင်း သိရသည်။  လက်ရှိတွင် စက်ခေါင်းတွဲများ အဆင့် မြှင့်တင်ခြင်းနှင့် ခေတ်မီတွဲဆိုင်း၊ တွဲဆိုင်းသစ် များ ထုတ်လုပ်ခြင်း၊ ၀ယ်ယူခြင်း စသည်တို့ကို ဆောင်ရွက်နေပြီး၊ ယင်းလုပ်ငန်းများ ပြီးစီးပါ က ရထားအမြန်နှုန်းကို တစ်နာရီလျှင် ကီလို မီတာ (၁၀၀) ၊ ၆၂ ဒသမ ၅ မိုင် အထိ တိုးမြှင့် မောင်းနှင် နိုင် မည်ဖြစ်ကြောင်း သိရသည်။ အခု လိုအပ်တဲ့ စက်ပစ္စည်းတွေကို စုဆောင်းနေတယ်။ ဒါတွေအားလုံး စုံလင်ဖို့ အတွက် အချိန်  ကတော့ ယူရ ဦးမယ် ဟု ဦးကျော်ကျော်မျိုးက ဆိုသည်။လက်ရှိတွင် ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ခြင်းကို JICA  နှင့် ပူးပေါင်း ကာ ဆောင်ရွက်လျက်ရှိသည်။ ရန်ကုန်မြို့ပတ် ရထားအား ခရီး သည် စီးနင်းမှု  များပြားလာ သော ကြောင့် မီးရထားကဏ္ဍ ပိုမို ဖွံ့ ဖြိုးတိုး တက်စေရန် စီမံကိန်းရေးဆွဲ အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိ ကြောင်း မြန်မာ့ မီးရထားမှ သိရသည်။
           မြို့ပတ် ရထားကို ဘယ်လိုပဲ အဆင့် မြှင့်တင်  နေပေမယ့် ရထား စီးတဲ့ ခရီးသည် တချို့က စည်းကမ်း လုံးဝ မရှိဘူး။ ဒါတွေနဲ့ ပတ်သက်လို့ လုံခြုံရေး ၀န်ထမ်း  တွေက အရေး  ယူသင့်တယ်။ ဒီလို မှ မဟုတ်ရင်တော့  ကျန်တဲ့ ခရီးသည်တွေ စိတ်အနှောင့်အယှက်ဖြစ်တဲ့ အတွက် ရထားစီးကြမှာမဟုတ်ဘူး”” ဟု နေ့စဉ်  ရထား စီးနင်း သူ ရုံးဝန်ထမ်းတစ်ဦးက ပြော သည်။

No comments :

Post a Comment

Blogger Widgets
Back to Top