ကမ္ဘာ့အကြီးဆုံး အဆင့်မြင့် ကွန်ဒိုမီနီယံနှင့် အိမ်ရာစီမံခန့်ခွဲမှု ကုမ္ပဏီ
The Ascott Ltd. က ၎င်းတို့၏ မြန်မာနိုင်ငံတွင် ပထမဆုံး လုပ်ကိုင်မည့်
အဆင့်မြင့် ကွန်ဒိုမီနီယံ စီမံကိန်းကို ရန်ကုန်မြို့၌ ၂၀၁၈ ခုနှစ်တွင်
အပြီး တည်ဆောက်သွားမည် ဖြစ်ကြောင်း The Ascott Ltd. မှ အမှုဆောင်
အရာရှိချုပ် Lee Chee Koon က ဆိုသည်။
ကမ္ဘာအေး ဘုရားလမ်းနှင့် ဆရာစံ လမ်းထောင့်တွင် တည်ဆောက်မည့် Somerset
Kabar Aye Yangon ဟု အမည်ပေးထားသော အဆိုပါ စီမံကိန်းတွင် နိုင်ငံတကာ
အဆင့်မီ စားသောက်ဆိုင်များ အပါအဝင် အားကစားခန်းမ တစ်ခု၊ ရေကူးကန်
နှစ်ခုနှင့် ကလေးကစားကွင်း တစ်ခုပါ အခန်း Unit ပေါင်း ၁၅၃ ခု ပါဝင်မည်
ဖြစ်ပြီး ဘက်စုံသုံး ဇိမ်ခံ ကွန်ဒိုမီနီယံ တစ်ခုအဖြစ် ဖန်တီးသွားမည်
ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီဘက်က ထုတ်ပြန် ကြေညာသည်။
စင်ကာပူ
အခြေစိုက် The Ascott Ltd. သည် ယခုနှစ်အတွင်း အဆင့်မြင့် ကွန်ဒိုမီနီယံ
စီမံကိန်း နှစ်ခု စတင်သွားမည် ဖြစ်ပြီး တရုတ်နိုင်ငံ ဝူဟန်ရှိ Somerset
Zhuankou Wuhan နှင့် ရန်ကုန်တွင် တည်ဆောက်မည့် Somerset Kabar Aye Yangon တို့ ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီက ကြေညာသည်

No comments :
Post a Comment