Blogger Widgets

Wednesday, 12 March 2014

ဂီတလောက ဈေးကွက် ပျောက်နေပေမယ့် အနုပညာ အရည်အသွေး တိုးတက်လာကြောင်း ဦးဝင်းမော် (ရွှေသံစဉ်) ပြောကြား

ငြိမ်းချမ်းရေး ပွဲတွေ၊ ရန်ပုံငွေပွဲ တွေ၊ အခမဲ့ ဖျော်ဖြေရေး ပွဲတွေမှာ ဂီတပညာနဲ့ တတ်စွမ်းသရွေ့ ပါဝင် တီးခတ်ပေးနေတဲ့ ရွှေသံစဉ် တီးဝိုင်း ခေါင်းဆောင် ဦးဝင်းမော် က မြန်မာ နိုင်ငံရဲ့ ဂီတလောက ရေစီးကြောင်း မှာ ပရိသတ်ကောင်းတွေ ရှိသလို ဖန်တီးမှု ကောင်းတဲ့ ဂီတသူရဲကောင်း တွေ ရှိကြောင်း၊ သို့ပေမယ့် ဂီတ ဈေးကွက် ကတော့ မကောင်းကြောင်း ပြောပါတယ်။ ဂီတမှူး ဦးဝင်းမော်က “ဖန်တီးမှုအားကောင်း တဲ့ ဂီတ ပညာရှင်တွေ၊ သူရဲကောင်းတွေ အများကြီးပဲ။ အားလုံးက ခေတ်နဲ့ ဆိုင် မလားပဲ။ တော်ကြတယ်၊ စွမ်း ကြတယ်။ ဒါပေမဲ့ ဈေးကွက် ကတော့ စိတ်ပျက်ဖို့ ကောင်းလောက်အောင် ပျက်စီးနေတယ်။ ခိုးကူးပြဿနာတွေ ကြောင့် အနုပညာနဲ့ ပတ်သက်ပြီး စီးပွားရေး လုပ်မယ့် လုပ်ငန်းရှင်ကြီး တွေအားလုံးက ကျောခိုင်းသွားကြ ပြီလေ။ သိပ်မရှိတော့ဘူး။ အနည်း အကျဉ်းပဲ ရှိတော့တယ်။ ဒီတော့ နာမည်ကြီး အဆိုတော် တွေလောက်ပဲ သူတို့ အခွေ သူတို့ Product လုပ်၊ Producer လုပ်ပြီး ကိုယ်တိုင်ထုတ် နေကြရတယ်။ ဟစ်ဟော့ပ် အဆိုတော် တချို့ ကလွဲ လို့ပေါ့။ ပြောရ ရင် ဈေးကွက် ပျက်တာနဲ့ အနုပညာ ကွာလတီ နဲ့မဆိုင်ဘူး။ အနုပညာ ကွာလတီ အရည်အသွေး က တက်လာတယ်။ စိတ်ဝင်စားတဲ့သူ၊ အားပေးတဲ့ ပရိ သတ်တွေ ကလည်း တစ်ပြည်လုံး မှာ အပြည့် ရှိနေတယ်။ အဲဒါကြောင့် လည်း ခိုးကူးတွေ ရောင်းနေရတာပေါ့။ ခိုးကူး အောင်မြင်နေခြင်း က အနု ပညာရှင်တွေ၊ ဖန်တီး ထုတ် လုပ်နေ သူတွေက အနုပညာကြေး၊ ပိုက်ဆံ မရကြဘူး။ ဒါပေမဲ့ ပရိသတ်လက်ထဲ မှာတော့ အနုပညာတွေက ပျံ့နေတယ်။ အဲဒါကြီးကို စနစ်တကျဖြစ် အောင် လုပ်ကြ မယ်။ ဆိုတာက ဝိုင်းဝန်းပြီး နည်းလမ်း ရှာရမှာပေါ့။ ဒါက ပြောရရင် နိုင်ငံတော် အစိုးရ အနေနဲ့လည်း တိုက်ရိုက် ပတ်သက်နေ တယ်။ ပြီးတော့ ဖန်တီးတဲ့ အနုပညာ ရှင်တွေ ကလည်း ကိုယ့်ရဲ့ မူပိုင်ခွင့်တွေ ကို ဘယ်လိုလုပ်ကြမလဲ၊ ဘယ်လို ဖော်ဆောင်ကြမလဲ ဆိုတဲ့ အသိတွေ ရှိဖို့လည်း လိုအပ်တယ်။ ဒါက ဂီတ အစည်းအရုံး၊ ရုပ်ရှင် အစည်း အရုံး တွေနဲ့လည်း တိုက်ရိုက် ပတ်သက်လာ ပြန်ရော။ ဒီကိစ္စက အားလုံးပေါင်းပြီး လုပ်ကြရမှာ။ ဒါက ပြောရရင် နည်း နည်းရှုပ်ထွေး တယ်။ ပြန် လည် ကောင်းမွန် ဖို့၊ တည့်မတ်ဖို့က ကြာ ဦးမှာပဲ။ ဈေးကွက်ကသာ ပျက်တာ နော်။ အနုပညာ ထုတ်ကုန်တွေက တော်တော်လေး ကို အားကောင်း တယ်။ အားပေးတဲ့ ပရိသတ် ကလည်း အားကောင်းပါတယ်။ အဲဒါကိုပြော ချင်တာ။ ဈေးကွက်က ပျက်နေတယ်” လို့ ဂီတလောက အခြေအနေ၊ ဖြစ်ပျက်နေတာတွေ၊ ယိုယွင်းနေတာတွေ ကို ရှုထောင့် တစ်နေရာ ကနေ ထောက်ရှု ဝေဖန်ပေးပါတယ်။

No comments :

Post a Comment

Blogger Widgets
Back to Top