Blogger Widgets

Thursday 9 January 2014

အကယ်ဒမီဆိုတာ မှတ်တိုင်တစ်ခုပါ ဆိုတဲ့ အိချောပို

ရန်ကုန်၊ ဇန်နဝါရီ ၆

အိချောပိုက ”အနုပညာရှင် တစ်ယောက်ရဲ့ ဘဝ ခံယူချက်ထဲမှာ အကယ်ဒမီ ဆိုတာ မှတ်တိုင် တစ်ခုပါ”ဟု ပြောသည်။ကာရိုက်တာ စုံအောင် ကာရိုက်တာ ဆန်းရင်ပဲ ဖြစ်ဖြစ်၊ ကောင်းရင်ပဲ ဖြစ်ဖြစ် မရွေးဘဲရိုက်ဖြစ်ကြောင်း အိချောပိုက ပြောသည်။
အိချောပိုသည် အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်တွင် ရုပ်ရှင်နှင့် ပြဇာတ်မေဂျာဖြင့် ကျောင်းပြီးထားသူဖြစ်ကြောင်း သိရသည်။
”အိုက်တင်နဲ့ ပတ်သက်ပြီး ကျောင်းမှာ ပညာသင်ခဲ့ရသလို ဒီလောကထဲ ရောက်တော့လည်း အတွေ့အကြုံ၊ လက်တွေ့ သရုပ်ဆောင်ခွင့်၊ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာတွေကြောင့် ကြီးမားတဲ့ အခက်အခဲ မရှိဘူး”ဟု အိချောပိုက ပြောသည်။အိချောပိုက တပ်မတော်ဂုဏ်ပြု ဇာတ်လမ်းဖြစ်သည့် ‘သံယောဇဉ် အနား နှလုံးသား ဗဟို’ ဇာတ်ကားကို ရိုက်ကူးထားကြောင်း သိရ သည်။
အနုပညာ အလုပ်ကို ဖြောင့်ဖြောင့်တန်းတန်း လုပ်နိုင်တာ၊ အနီးကပ်ဆုံး ကူညီတာ၊ ထက်ကြပ် မကွာ ဝေဖန် အကြံပြု သုံးသပ်ပေးတာ မိသားစုတွေ ဖြစ်ကြောင်း အိချောပိုက ပြောသည်။
”အိချောတို့ မိသားစုတွေက တစ်ယောက်ဆီက တစ်ယောက်အကြံဥာဏ်ယူကြတယ်။ အမြဲတမ်း တစ်ခုခု လုပ်မယ်ဆို တိုင်ပင်ပြီးမှ လုပ်တတ်တယ်”ဟုပြော သည်။

No comments :

Post a Comment

Blogger Widgets
Back to Top