ဆက်သွယ်ရေးလုပ်ငန်း လိုင်စင်ရရှိသည့် ကာတာအခြေစိုက် Ooredoo ကုမ္ပဏီကလည်း
မြန်မာနိုင်ငံအတွက် မိုဘိုင်းကွန်ရက် အသစ်တစ်ခု တည်ထောင်ကာ မြန်မာနိုင်ငံ
သားများအတွက် အလုပ်အကိုင် များစွာကိုလည်း ဖန်တီးသွားမည်ဖြစ်ကြောင်း တရားဝင်
ထုတ်ပြန်ကြေညာချက်အရ သိရသည်။
၎င်းတို့ကုမ္ပဏီသည် ယခုရရှိသော လုပ်ငန်းလိုင်စင်နှင့် ပတ်သက်၍ အသေးစိတ်
သဘောတူညီမှု ရရှိရန် မြန်မာအစိုးရနှင့် ညှိနှိုင်းဆွေးနွေးမှုများ
ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်သည်။
ဆွေးနွေးမှုများ ပြီးစီးသည်နှင့် ဆက်သွယ်ရေး ကွန်ရက်များ စတင်တည်ဆောက်ရန် နည်းပညာပိုင်း ပြင်ဆင်မှုများ စတင်လုပ်ဆောင် သွားမည်ဖြစ်သည်။
Ooredoo ၏ ဥက္ကဋ္ဌဖြစ်သူက " Ooredoo ဟာ ပြီးခဲ့တဲ့ ၅ နှစ်တာ ကာလအတွင်း
ကြီးထွားမှု အမြန်ဆုံး ဆက်သွယ်ရေး ကုမ္ပဏီများထဲမှ တစ်ခုဖြစ်ပြီး အခုလို
ကြီးထွားလာဖို့အတွက် အာဆီယံ နိုင်ငံများအတွင်း ဆောင်ရွက်မှုက အဓိက ကျပါတယ်။
Ooredoo က ဆက်သွယ်ရေး ကွန်ရက်တွေကို အသုံးပြုသူတွေ လွယ်ကူအဆင်ပြေအောင်၊
မြန်မာနိုင်ငံသားတွေရဲ့ လူမှုဘ၀တွေ တိုးတက်မြင့်မားအောင်
ဆောင်ရွက်ပေးမှာဖြစ်လို့ မြန်မာနိုင်ငံဟာ Ooredoo ရဲ့ အဓိကဈေးကွက်
ဖြစ်လာမယ်လို့ အကြွင်းမဲ့ ယုံကြည်ပါတယ်" ဟု ပြောကြားခဲ့သည်။
Ooredoo ကုမ္ပဏီသည် လက်ရှိအချိန်တွင် ကာတာ၊ ကူဝိတ်၊ အိုမန်၊
အယ်လ်ဂျီးရီးယား၊ တူနီးရှား၊ အီရတ်၊ ပါလက်စတိုင်း၊ မော်လဒိုက်နှင့်
အင်ဒိုနီးရှား နိုင်ငံတို့တွင် အခိုင်အမာ ဈေးကွက်ရယူထားသည်။
Comments

+6
#
2013-07-02 00:22
ကောင်းလိုက်လေခြင်း.
မြန်မာတော်လှန်ရေးကတော့ဘယ်လောက်ကြာအုံးမလဲမသိဘူး.တော်လှန်ရေးမျိုးချစ်တွေတော့မနည်းဘူး။ကိုယ်တိုင်လဲပါတယ်.ဘာလို့လဲဆိုတော့ တရုတ်နဲ့ပေါင်းလုပ်တော့ လူပါးဝတယ် သယံဇာတ အားလုံးယူတယ်ဆိုပြီး ကိုယ်ကတော့ခိုင်းဖတ်ဖြစ်နေတော့ တော်လှန်ရေးစိတ်
ဓာတ်ကပေါ်လာရော. ခုကလားတွေလာပြန်တော့လည်းခိုင်းဖတ်ဖြစ်မှာဆိုးလို့တော်လှန်ရအုံးမယ်. ဂျပန် တို့ ကိုးရီးယားတို့ အမေရိကန် တို့ ဥရောပ တို့ က စီးပွားရေးသမားတွေလဲလာကြအုံးမယ်.သူတို့တွေများလာရင်လဲ သူတို့လဲ ကိုယ် မြန်မာကို နိမ်ကြအုံးမယ်.အဲဒီအခါလည်းတော်လှန်ရအံုးမယ်.ကိုယ် က ပညာမစုံတော့ အောက်ခြေမှာဘဲလုပ်နေရသရွေ့
တော့ အနိမ်ခံရအံူးမှာဘဲ.အဲလိုမဖြစ်ချင်ရင်တော့ ကိုယ်ပိုင်နည်းပညာရ အောင် မဟာဗျူဟာမြောက် ပညာတော်လှန်ရေး (ယခု ကိုးရီးယား ကဲ့သို့) ကိုဖော်ဆောင်နိုင်မှ ဒီဘ၀ ကလွတ်နိုင်မှာ.တကယ်အဲလိုတလွန်ခဲ့တဲ့ နှစ် ၂၅ လောက်ကစခဲ့ရင် မြန်မာ့ဆက်သွယ်ရေးဝန်ဆောင်မှု့ က ကာတာ လို နိုင်ငံလိုမျိုးမှာ ကလားတွေကို ခိုင်းနေ လောက်ပြီ.လွတ်တော်မှာလဲ မဟာဗျူဟာမြောက် တဲ့ အရာတွေဆွေးနွေးသင့်ပါပြီ။ဒါမှ သူများအခိုင်းခံဘ၀ကလွတ်မြောက်နိုင်မှာမို့ပါ.စကားတွေလဲပြောကြ လက်တွေ့လဲ ကြိုးစားသင့်ပြီလေ။မဟုတ်ရင်တော့ တော်လှန်ရေး ကပြီးတော့မှာမဟုတ်တော့ဘူးလေ.