( အခု မခင်ဇာခြည်ကျော် နဲ့ ပတ်သတ်သမျ သတင်းများ အားလုံး ကာလဟာလများသာဖြစ်ပါသည်) အဖြစ်မှန်က ဒီလိုပါ
မဇာက aroma နဲ့ ဓါတ်ပုံ မရိုက်တာကြာပြီဖြစ်လို့ ပုံသစ်လေးတွေရိုက်ချင်တယ် အခု အရမ်းခေတ်စားနေတဲ့ Pee Mak ကားထဲက မင်းသမီးလေးလိုရိုက်ရအောင်ဆိုပြီးတော့ အပျော်ရိုက်ကြတာပါ ။ အဲဒီနေ့က Oasis ဂျာနယ်မှ မဂျူလိုင်မိုး က
ရောက်လာတော့ အရမ်းလှလို့ သူတို့ဂျာနုယ်မှာ ထဲ့မယ်ဆိုပြီး ယူသွားပါတယ်
မကြာခင်ထွက်မှာပါ အဲဒီနေ့ မတိုင်ခင် ၂ ရက်လောက်ထဲက ကျွန်တော်တို့ aroma
zulu ရဲ့ account ကို လူရုပ်အမှန်မပါသော account ၃ ခုမှ အကြောင်းရာတမျိုးစီ
ရေးကာ မခံချင်အောင် ပြော ပြီး သူတို့ ပေးသော link
ကိုသွားကြည့်ပါလို့ပေးထားတဲ့ link က တကယ်သူတို့ပြောတဲ့
သတင်းစာမျက်နှာမဟုတ်ဘဲ Facebook login page ဖြစ်နေပါတယ် ကျွန်တော် ဒါ
လုပ်ကြံတဲ့ hacker တွေက aroma account ကိုဖျက်ဆီးချင်လို့ ဆိုတာသိလို့
သူတို့ပေးတဲ့ link ကိုမ၀င်ခဲ့ပါဘူး။ နောက်နေ့ နေ့လည်မှာ ကျွန်တော့်
facebook message box ထဲကို ခင်ဇာခြည်ကျော် ရဲ့ facebook account မှ
message လှမ်းပို့ထားတာတွေ့တော့ ကျွန်တော့် ကို hack ဖို့
သွားကြည့်ပါဆိုတဲ့ link နဲ့ တူနေလို့ ကျွန်တော်က မဇာရေ
အမစာပို့ထားလားမေးတော့ မှ မဇာလေးက သူ့facebook account hack ခံလိုက်ရတယ်
သူ့မှာ သူငယ်ချင်း ၅၀၀၀ ရှိပြီး page မှာ လူသောင်းကျော်ရှိတာ ဘယ်လို
ပြန်ကောင်းအောင် လုပ်ရမလဲ လို့ပြောလာတော့ ကျွန်တော်တို့ရဲ့
ညီမလေးတစ်ယောက်ကို မနေ့ညက မဇာလေးရဲ့ Khin Zar Chi Kyaw ဆိုတဲ့ မူလ account
ကို ပြန်ရအောင် လုပ်နေခဲ့ကြတာပါ။ ဒီလိုအကွက်ကျကျ ဇာတ်လမ်း
ဆင်မယ်လို့မထင်ခဲ့မိပါဘူး။ ဒီမနက် စနေနေ့ မို့လို့ လက်ခံထားတဲ့
သတို့သမီးတွေကို မနက် ၅နာရီ ခွဲ ကနေ ညနေ ၄ နာရီအထိ မအားမလပ်အလုပ်
သွားလုပ်နေတဲ့အချိန် မှာ ဖုန်းတွေတစ်လုံးပြီးတစ်လုံး ဆက်ပြီး facebook မှာ
အခုလိုကောလဟာလတွေဖြစ်နေတယ်ဆိုပြီးပြောတော့မှ
မသမာသူတွေက လုပ်ချလိုက်ပြီဆိုတာသိရပါတယ်။ စာနယ်ဇင်းက မိတ်ဆွေတွေကလည်း
စိတ်ပူကာ ဖြေရှင်းပေးမယ်ဆိုပြီး ဖုန်းဆက်လာလို့ ညနေ အလုပ်ကအပြန် မဇာလေးတို့
အိမ်မှာ အခုလို ပျော်ပျော်ရွှင်ရွှင် ဘဲ စုပြီး ရိုက်ထားတဲ့ ဓါတ်ပုံ တွေကို
တင်ပေးလိုက်ပါတယ် ။ အခုအချိန်ထိ ခင်ဇာခြည်ကျော်နဲ့ aroma zulu က
ခင်မင်မပျက်စည်းလုံးစွာရှိနေပါတ ယ်။
အခု မဇာလေးက account သစ်လုပ်ထားပါပြီ Khinzar Chikyaw Zar Lay ဆိုတဲ့
account သစ်ကိုသူလက်ရှိသုံးနေပါတယ် ။ နောက်ထပ် ခိုင်နှင်းဝေ လဲ မဇာလိုဘဲ
facebook account hack ခံလိုက်ရ ပါတယ်။ ကျွန်တော်တို့ သည် ကံကံ၏ အကျိုးကို
ယုံကြည်ပါတယ် ။ စိတ်ပူဆိုးရိမ်စွာနဲ့ ပြည်တွင်း ပြည်ပမှ သတင်းမေးအားပေး
ပေးပါသော ညီအစ်ကိုမောင်နှမများအားလုံးကို အထူး ချစ်ခင်လေးစားပါတယ်။ ကျွန်တော်တို့သည် ကိုယ့်လမ်းကိုကိုယ် ဆက်လျောက် နေပါတယ် ။ ကျေးဇူးအထူးတင်ပါသည်။
(Aroma Zulu က ဖေ့စ်ဘုတ်မှာ ပြန်လည်ရှင်းလင်းထားတာကို ဖော်ပြပေးလိုက်ပါတယ်)
မဇာက aroma နဲ့ ဓါတ်ပုံ မရိုက်တာကြာပြီဖြစ်လို့ ပုံသစ်လေးတွေရိုက်ချင်တယ် အခု အရမ်းခေတ်စားနေတဲ့ Pee Mak ကားထဲက မင်းသမီးလေးလိုရိုက်ရအောင်ဆိုပြ

No comments :
Post a Comment