Blogger Widgets

Wednesday, 3 July 2013

Carlsberg ဘီယာစက်ရုံ ၂၀၁၄ နှစ်ကုန်ပိုင်း စတင်လည်ပတ်မည်ဖြစ်ပြီး မြန်မာအမှတ်တံဆိပ်ဖြင့် ဥရောပသို့ တစ်လလျှင် ဘီယာသံဘူးတစ်သန်း ရောင်းချမည်

carlsberg-july3
ဗြိတိန်နိုင်ငံရှိ Carlsberg စက်ရုံတစ်ရုံကို တွေ့ရစဉ် (ဓာတ်ပုံ-www.telegraph.co.uk)
ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင် အခြေစိုက် Carlsberg ၏ မြန်မာနိုင်ငံတွင် ဆောင်ရွက်နေသည့် ဘီယာစက်ရုံသည် ၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် စတင်လည်ပတ်မည်ဖြစ်ပြီး မြန်မာအမှတ်တံဆိပ်ဖြင့် ဥရောပသို့ တစ်လလျှင် ဘီယာသံဘူး တစ်သန်းခန့် တင်ပို့ရောင်းချမည်ဖြစ်ကြောင်း Carlsberg ဘီယာနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်နေသည့် MGS(Myanmar Golden Star) ကုမ္ပဏီထံမှ သတင်းရရှိသည်။
"စက်ရုံက ဆောက်နေတုန်းပဲ ရှိပါတယ်။ လာမယ့် ၂၀၁၄ ခုနှစ်လောက်ပြီး မယ်မှန်းထားတယ်။ မြန်မာဈေးကွက်မှာ Carlsberg ရော မြန်မာအမှတ်တံဆိပ်နဲ့ရော နှစ်မျိုးစလုံး ဈေးကွက်တင်သွားမှာဖြစ်ပြီး ဥရောပနိုင်ငံတွေကို မြန်မာအမှတ်တံဆိပ်နဲ့ ဘီယာသံဘူးတွေကို တင်ပို့သွားမှာပါ" ဟု MGS ကုမ္ပဏီဥက္ကဋ္ဌ ဦးသိန်းထွန်းက ပြောကြားသည်။
Carlsberg နှင့် MGS သည် မြန်မာနိုင်ငံတွင် လုပ်ငန်းဆောင်ရွက်ရန်အတွက် Carlsberg MGS ကုမ္ပဏီကို ယခုနှစ် အစောပိုင်းက မှတ်ပုံတင်ခဲ့ပြီး အဆိုပါကုမ္ပဏီ မိတ်ဆက်ပွဲကို ဖေဖော်ဝါရီလအတွင်း ပြုလုပ်ခဲ့သည်။
အဆိုပါ ဖက်စပ်ကုမ္ပဏီသည် ပဲခူးစက်မှုဇုန်တွင် စက်ရုံစတင် တည်ဆောက်လျက်ရှိပြီး ၂၀၁၄ ခုနှစ်အတွင်း  စက်ရုံနှင့် စက်ပစ္စည်းများ အပြီးသတ် တပ်ဆင်မည်ဖြစ်ကာ Carlsberg ဘီယာအပြင် မြန်မာအမှတ်တံဆိပ် ဘီယာတစ်မျိုးကိုပါ ထုတ်လုပ်သွားမည် ဖြစ်သည်။

No comments :

Post a Comment

Blogger Widgets
Back to Top