Blogger Widgets

Saturday 6 July 2013

သရုပ်ဆောင် ရဲတိုက်အား ဆေးခြောက်ဟု ယူဆရသော အရွက်ခြောက်များနှင့်အတူ ကျောက်တံခါးမြို့တွင် ဖမ်းဆီးရမိ

ပဲခူးခရိုင်၊ ကျောက်တံခါးမြို့၊ စာတိုက်ရပ်ကွက်၊ ဒဂုံ-မန်း ကားလမ်းမပေါ်ရှိ လပ်ခ်ျမီး လက်ဖက်ရည်ဆိုင်တွင် ၂၀၁၃ ခု နှစ် ဇူလိုင် ၄ ရက် နံနက် ၃ နာရီခန့်က သရုပ်ဆောင်ရဲတိုက်အား ဆေးခြောက်ဟု ယူဆရသော အရွက်ခြောက်များနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
လပ်ခ်ျမီးလက်ဖက်ရည်ဆိုင် ပိုင်ရှင်က မသင်္ကာသူတစ်ဦး ရောက်ရှိနေကြောင်း ကျောက်တံခါး ရဲစခန်းသို့ လာရောက် အကြောင်းကြားသဖြင့် သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။ ထိုသို့ သွားရောက်စစ်ဆေးခဲ့ရာ မသင်္ကာသူ ရဲတိုက် (၃၀) နှစ်၊ ဘုရင့်နောင်လမ်း၊ သန်လျင်မြို့နယ်၊ ရန်ကုန်မြို့နေသူနှင့်အတူ တရုတ်နိုင်ငံလုပ် ဆိုင်ကယ်တစ်စီး၊ ကျောပိုးအိတ် အတွင်းမှ ကွန်ပါဘူးဖြင့် ထည့်ထားသော အလေးချိန် တစ်ကျပ်သားခန့်ရှိ ဆေးခြောက်ဟု ယူဆရသော အရွက်ခြောက်တစ်ဘူး၊ ငွေစက္ကူတန်ဖိုး ကျပ် ၂၀၀၀၀၀ တို့ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ဆေးခြောက်ရွက်ဟု ယူဆရသော အရွက်ခြောက်များကို လက်ဝယ်တွေ့ရှိသူ ရဲတိုက်အား ကျောက်တံခါးရဲစခန်းမှ ပထမသတင်းပေး တိုင်ချက်အမှတ် (ပ)၄/ ၂၀၁၃၊ မူးယစ်ပုဒ်မ ၁၅/၁၆(ဂ)ဖြင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ယခုဖမ်းဆီးခံထားရသည့် သရုပ်ဆောင်ရဲတိုက်မှာ မေလ ၂၈ ရက်က ဗိုလ်တထောင်မြို့နယ်ရှိ စိန့်မေရီကာသီဒြယ် ခရစ်ယာန်ကျောင်းအတွင်း ခွင့်ပြုချက်မရဘဲ ဆန္ဒဖော်ထုတ်သည့်အတွက် ဗိုလ်တထောင်မြို့နယ် တရားရုံးတွင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၅/(က)ဖြင့် တရားစွဲဆိုခံခဲ့ရသည်။

No comments :

Post a Comment

Blogger Widgets
Back to Top