ပုဂ္ဂလိကပိုင်အဖြစ် ၀ယ်ယူခွင့် ရရှိထားသည့် ရွှေဂုန်နှင့် မြို့မရုပ်ရှင်ရုံ မြေနေရာအား တွေ့မြင်ရစဉ်
ပုဂ္ဂလိကပိုင်အဖြစ် ၀ယ်ယူခွင့် ရရှိသည့် ရုပ်ရှင်ရုံ ၁၀၀ ကျော်အနက်
ရုပ်ရှင်ရုံ ၄၀ ခန့်မှာ ရုပ်ရှင်ရုံလုပ်ငန်း ပြန်လည်လုပ်ကိုင်ခြင်း
မပြုတော့ဟု ၀ယ်ယူစဉ်ကပင် ချုပ်ဆိုဝယ်ယူ သွားခဲ့ခြင်းဖြစ်ပြီး
ယင်းသို့ဝယ်ယူသွားခဲ့ သူများမှာ မြေနေရာကို အဓိကဦးစားပေး
ဝယ်ယူခဲ့ခြင်းဖြစ်ကာ ယင်းနေရာတွင် ဘဏ်လုပ်ငန်း အပါအ၀င် အခြားသော စီးပွားရေး
လုပ်ငန်းများအား လုပ်ကိုင်လျက် ရှိသည်ဟု မြန်မာ့ရုပ်ရှင် လုပ်ငန်းနှင့်
ပုဂ္ဂလိကပိုင် ရုပ်ရှင်ရုံများ တွေ့ဆုံဆွေးနွေးပွဲတွင်
ထည့်သွင်းပြောကြားခဲ့သည်။ ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မရှင်က နိုင်ငံပိုင်
ရုပ်ရှင်ရုံများကို ပုဂ္ဂလိကပိုင်အဖြစ် ရောင်းချခဲ့ရာ၌ ၀ယ်ယူခွင့် ရရှိသည့်
ရုပ်ရှင်ရုံများနှင့် အရောင်းအ၀ယ် စာချုပ်ချုပ်ဆိုရာတွင် ရုပ်ရှင်ရုံ ၈၀
ခန့်မှာ ရုပ်ရှင်ရုံလုပ်ငန်း ပြန်လည်လုပ်ကိုင်မည်ဟု ထည့်သွင်းချုပ်ဆို
ခဲ့သော်လည်း ကျန်ရှိသည့် ရုပ်ရှင်ရုံ ၄၀ ခန့်မှာမူ ရုပ်ရှင်ရုံလုပ်ငန်း
ပြန်လည်လုပ်ကိုင်ခြင်း မပြုတော့ဟု စာချုပ်ချုပ်ဆိုကာ ရောင်းချခဲ့ခြင်း
ဖြစ်သည်။
ယင်းသို့ဝယ်ယူသွားခဲ့ သူများမှာ မြေနေရာကို အဓိကဦးစားပေး ၀ယ်ယူခဲ့ခြင်းဖြစ်ကာ ယင်းနေရာတွင် ဘဏ်လုပ်ငန်း အပါအ၀င် အခြားသော စီးပွားရေး လုပ်ငန်းများအား လုပ်ကိုင်လျက်ရှိ . . . . . |
"ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မရှင်အနေနဲ့ နိုင်ငံပိုင်
ရုပ်ရှင်ရုံတွေကို ပုဂ္ဂလိကပိုင်အဖြစ် ရောင်းချခဲ့ရာမှာ ရုပ်ရှင်ရုံ ၄၀
လောက်က ရုပ်ရှင်ရုံလုပ်ငန်း ပြန်လည်လုပ်ကိုင်ခြင်း မပြုတော့ဘူးဆိုတဲ့
စာချုပ်နဲ့ ၀ယ်ယူသွားခဲ့တာပါ။ ကျန်တဲ့ ရုပ်ရှင်ရုံ ၈၀ လောက်ကတော့
ရုပ်ရှင်ရုံလုပ်ငန်း ပြန်လည်လုပ်ကိုင်ပါမယ်ဆိုတဲ့ စာချုပ်နဲ့ ၀ယ်ယူခွင့်
ရရှိတာပါ။ ဒီလို ရုပ်ရှင်ရုံလုပ်ငန်း ပြန်လည်လုပ်ကိုင်မယ်
မလုပ်ကိုင်ဘူးဆိုတဲ့အပေါ် မူတည်ပြီး ၀ယ်ယူခဲ့စဉ်တုန်းက အခြေအနေတွေ
ကွာခြားပါတယ်။ ခံစားသက်သာခွင့် ရရှိခဲ့တာတွေလည်း ရှိပါတယ်။ ဒီအတွက်
အခုအချိန်မှာတော့ ရုပ်ရှင်ရုံ လုပ်ငန်းကို ဘယ်လိုပြန်လည် လုပ်ကိုင်မယ်၊
ဝယ်ယူခွင့်ရတဲ့ နေရာမှာ တခြားလုပ်ငန်းတစ်ခု လုပ်ကိုင်မယ်ဆိုရင်
အဲဒီမြို့ရဲ့ နေရာတစ်ခုခုမှာ ရုပ်ရှင်ရုံလုပ်ငန်းကို
ပြန်လည်လုပ်ကိုင်သွားမယ် စသဖြင့် လုပ်ငန်းစဉ်တွေ တင်ပြဖို့ လိုအပ်ပါတယ်" ဟု
ရုပ်ရှင်လုပ်ငန်းမှ ညွှန်ကြားရေးမှူး ဦးသိန်းထွန်းအောင်က ရှင်းပြခဲ့သည်။
ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မရှင်မှ နိုင်ငံပိုင် ရုပ်ရှင်ရုံများကို
လေလံစနစ်ဖြင့် ရောင်းချခဲ့ရာတွင် တစ်နိုင်ငံလုံး အတိုင်းအတာအရ ၁၃၀
ကျော်ခန့် ရောင်းချခဲ့ခြင်းဖြစ်ပြီး ယင်းတို့အနက် ရုပ်ရှင်ရုံ ၄၀
ဝန်းကျင်ခန့်မှာ ရုပ်ရှင်ရုံလုပ်ငန်း ပြန်လည်လုပ်ကိုင်ခြင်း မပြုဟု
စာချုပ်ဖြင့် ရောင်းချခဲ့ခြင်း ဖြစ်သည်။ ရုပ်ရှင်ရုံလုပ်ငန်း
ပြန်လည်လုပ်ကိုင်ခြင်း မပြုတော့ဟု ချုပ်ဆိုဝယ်ယူခဲ့သော မြေနေရာများတွင်
ဘဏ်လုပ်ငန်း၊ လူနေအိမ်ရာများနှင့် ရှော့ပင်းစင်တာများ အစားထိုး
ဆောက်လုပ်မှုများ ပြုလုပ်လျက် ရှိသည်ဟုလည်း သိရသည်။

No comments :
Post a Comment