မြန်မာနိုင်ငံ အပါအ၀င် ဖွံ့ဖြိုးဆဲနိုင်ငံများ၌ ဥာဏပစ္စည်းဆိုင်ရာ
မူပိုင်ခွင့်ဥပဒေ ရေးဆွဲ အကောင်အထည်ဖော်ရေး သတ်မှတ်ချက်ကို WIPO (World
Intellectual Property Organization) အဖွဲ့ချုပ်က နောက်ထပ်ရှစ်နှစ်
သက်တမ်းတိုးပေး လိုက်ကြောင်း ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာရှိ WIPO
အဖွဲ့ချုပ်ရုံးမှ မြန်မာနိုင်ငံသား အဆင့်မြင့် အရာရှိတစ်ဦးက အတည်ပြု
ပြောဆိုခဲ့သည်။
မူလသတ်မှတ်ချက်အရ ဥာဏပစ္စည်း ဆိုင်ရာ မူပိုင်ခွင့် ဥပဒေကို ၂၀၁၃ ခုနှစ်
ဇူလိုင်လ နောက်ဆုံးထားပြီး ရေးဆွဲပြဋ္ဌာန်း အကောင်အထည်ဖော်ရန် သတ်မှတ်ထားပြီး
မြန်မာနိုင်ငံ အပါအ၀င် အချို့နိုင်ငံများတွင် သတ်မှတ်ထားသည့် ကာလအတွင်း
ပြီးပြတ်အောင် လုပ်ဆောင်နိုင်ခြင်း မရှိသည့်အတွက် နောက်ထပ် ရှစ်နှစ်
သက်တမ်းတိုးပေး လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
''ရွှေ့ဆိုင်းပေးလိုက်တဲ့ သက်တမ်းအရ ၂၀၂၁ ခုနှစ် ဇူလိုင် ၁ ရက်နေ့အထိ
ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီနေ့ရောက်မှ ဥပဒေ ပြဋ္ဌာန်းရမယ်လို့ ဆိုလိုတာ
မဟုတ်ပါဘူး။ အဲဒီကာလ အတွင်းမှာ ဒီဥပဒေကို အပြည့်အ၀ အသုံးပြုပြီး
ဖြစ်နေရမယ်လို့ ဆိုလိုတာပါ''ဟု ဥာဏပစ္စည်းဆိုင်ရာ မူပိုင်ခွင့် ဥပဒေရေးရာ
ကျွမ်းကျင်သူ တရားလွှတ်တော်ရှေ့နေ ဦးသန်းမောင် (စစ်တွေ)က ပြောကြားသည်။
မြန်မာနိုင်ငံတွင် ဥာဏပစ္စည်းဆိုင်ရာ မူပိုင်ခွင့် ဥပဒေကို ၁၉၉၅ ခုနှစ်
ဝန်းကျင် ကာလကတည်းက စတင်ရေးဆွဲမှု ပြုလုပ်ခဲ့ပြီး၂၀၁၃ ခုနှစ်အထိ ၁၈
နှစ်ကြာမြင့်အောင် ရေးဆွဲမှုများ ပြုလုပ်ခဲ့သော်လည်း ပြီးပြတ်နိုင်ခြင်း
မရှိသေးကြောင်း သိရသည်။
မူလသတ်မှတ်ချက်အရ ဥာဏပစ္စည်း ဆိုင်ရာ မူပိုင်ခွင့် ဥပဒေကို ၂၀၁၃ ခုနှစ် ဇူလိုင်လ နောက်ဆုံးထားပြီး ရေးဆွဲပြဋ္ဌာန်း အကောင်အထည်ဖော်ရန် သတ်မှတ်ထားပြီး မြန်မာနိုင်ငံ အပါအ၀င် အချို့နိုင်ငံများတွင် သတ်မှတ်ထားသည့် ကာလအတွင်း ပြီးပြတ်အောင် လုပ်ဆောင်နိုင်ခြင်း မရှိသည့်အတွက် နောက်ထပ် ရှစ်နှစ် သက်တမ်းတိုးပေး လိုက်ခြင်းဖြစ်ကြောင်း... |
ဥာဏပစ္စည်းဆိုင်ရာ မူပိုင်ခွင့် ဥပဒေ ရေးဆွဲမှုကို ၁၉၉၅ ခုနှစ်မှ ၂၀၀၁
ခုနှစ် ကြားကာလကို ရှေ့နေချုပ်ရုံးမှ ဦးဆောင်ရေးဆွဲခဲ့ပါသည်။ ၂၀၀၄-၂၀၀၅
ခုနှစ်ဝန်းကျင် ကာလများတွင် ဗိုလ်ချုပ်ကြီးစိုးဝင်း ဦးဆောင်ပြီး
တတ်သိပညာရှင် အချို့နှင့် ဥာဏ ပစ္စည်းဆိုင်ရာ မူပိုင်ခွင့်ဥပဒေကို
ထပ်မံရေးဆွဲခဲ့ပါသည်။
မြန်မာနိုင်ငံ အနေဖြင့် WTO အဖွဲ့ဝင် နိုင်ငံဖြစ်ခဲ့ပြီး WIPO ၏
သတ်မှတ်ချက်အရ ၁၁ နှစ်အတွင်း ဥာဏပစ္စည်းဆိုင်ရာ မူပိုင်ခွင့် ဥပဒေကို
အပြီးအပြတ် ရေးဆွဲရမည် ဖြစ်သော်လည်း ပြီးပြတ်ခဲ့ခြင်း မရှိကြောင်း သိရသည်။
ထို့အတွက်ကြောင့် ၂၀၀၅ ခုနှစ် တွင် ဥာဏပစ္စည်းဆိုင်ရာ မူပိုင်ခွင့် ဥပဒေကို
၂၀၁၃ ခုနှစ် ဇူလိုင်တွင် နောက်ဆုံးထား ရေးဆွဲရန် WIPO အဖွဲ့ချုပ်မှ အချိန် ၇
နှစ်နှင့် ၆ လတိုးမြှင့် ပေးခဲ့သော်လည်း သတ်မှတ်ချိန် ပြည့်သွားချိန်ထိ
ပြီးပြတ်ခြင်း မရှိခဲ့ပေ။
လက်ရှိအချိန်တွင် ဖွံ့ဖြိုးဆဲနိုင်ငံများအဖြစ် မြန်မာနိုင်ငံနှင့်
တစ်ပြေးညီ သတ်မှတ်ခံရသော ဒေသတွင်းနိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယားနှင့်
လာအိုနိုင်ငံတို့တွင် ဥာဏပစ္စည်းဆိုင်ရာ မူပိုင်ခွင့် ဥပဒေများကို
ရေးဆွဲဖြစ်ပြီး အသုံးပြုရန် အဆင်သင့်ဖြစ်နေပြီ ဖြစ်ကြောင်း သိရှိရပါသည်။
''ဘာကြောင့် မပြီးသလဲဆိုတဲ့ နေရာမှာ နှစ်ချက်ရှိတယ်။ တစ်အချက်က ဒီဥပဒေ
နိုင်ငံရေး၊ အုပ်ချုပ်ရေး ဥပဒေတွေလောက် အရေးမကြီးဘူးလို့ ထင်ခဲ့တယ်။
နောက်တစ်ချက်က ဒီဥပဒေကို ရေးဆွဲဖို့အတွက် ကျွမ်းကျင်ပိုင်နိုင်တဲ့လူ
ရှားပါးတာကြောင့် ဖြစ်တယ်။ ဘာကြောင့်ရှားပါးသလဲ ဆိုတဲ့နေရာမှာ အရင်က
ရေးဆွဲခဲ့တဲ့ လူကြီးတွေက အငြိမ်းစားယူကုန်ပြီ။ တချို့ဆိုလည်း သေကုန်ကြပြီ။
နောက်တက်လာတဲ့ သူတွေကလည်း တစ်ယောက်တက်လာရင် တစ်ယောက်က အသစ်ပြန်ပြီး
ရေးနေတဲ့အတွက် မပြီးနိုင် ဖြစ်နေခဲ့တာပါ'' ဟု ဦးသန်းမောင် (စစ်တွေ)က
ဆက်လက် ပြောကြားခဲ့သည်။
''နိုင်ငံတကာ ကုမ္ပဏီတွေက နိုင်ငံတစ်ခုမှာ ရင်းနှီးမြှုပ်နှံမှု
လုပ်တဲ့အခါ တစ်အချက် အဲဒီနိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအတွက်
ဥပဒေရှိသလား ကြည့်တယ်။ နှစ်အချက်က အဲဒီနိုင်ငံမှာ ဥာဏပစ္စည်းဆိုင်ရာ
မူပိုင်ခွင့် ဥပဒေရှိသလား ကြည့်တယ်။ အခုက မရှိသေးတဲ့အတွက်
ပြန်လှည့်သွားသူတွေ ရှိပါတယ်'' ဟု ဦးသန်းမောင်(စစ်တွေ)က ပြောကြားသည်။

No comments :
Post a Comment