ထားဝယ်မြို့နယ် အတွင်းရှိ ရော်ဘာခြံ လုပ်ငန်းခွင်အား တွေ့ရစဉ်
ပြည်တွင်းဈေးကွက် အတွင်း၌ ဒေါ်လာငွေ လဲလှယ်မှု နှုန်းထားများ
မြင့်တက်နေသော်လည်း ပြည်ပသို့ ရော်ဘာကုန်ကြမ်းများ တင်ပို့ရာတွင်
နိုင်ငံတကာ ရော်ဘာဈေးနှုန်း ကျဆင်းနေမှုကြောင့် အကျဈေးဖြင့်
တင်ပို့နေရကြောင်း ရော်ဘာတင်ပို့သူများမှထံမှ သိရသည်။
ပြည်ပသို့ ရော်ဘာကုန်ကြမ်း တင်ပို့ရာတွင် ရရှိသည့် ဈေးနှုန်းမှာ
နိုင်ငံခြားငွေ လဲလှယ်မှု နှုန်းထားနှင့် နိုင်ငံတကာ ပေါက်ဈေးတို့အပေါ်
မူတည်သော်လည်း နိုင်ငံတကာဈေးများ ဆက်တိုက်ကျဆင်းမှုကြောင့် ပြည်တွင်းရော်ဘာ
တင်ပို့သူများ ရရှိသည့် ဈေးနှုန်းမှာ လျော့နည်းရခြင်းဖြစ်ကြောင်း သိရသည်။
နိုင်ငံတကာ ရော်ဘာဈေးမှာ ၂၀၁၂ ခုနှစ်မှ စတင်ကျဆင်းခဲ့ခြင်းဖြစ်ပြီး
၂၀၁၃ ခုနှစ် ရောက်သည်အထိ ဆက်လက်ကျဆင်းနေခြင်းဖြစ်ပြီး ၂၀၁၁ ခုနှစ်က
နိုင်ငံတကာ ရော်ဘာဈေးမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၄၀၀ အထိ
ပေါက်ဈေးရှိရာမှ ၂၀၁၂ ခုနှစ်တွင် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၉၀၀ သို့
ထိုးဆင်းခဲ့ခြင်းဖြစ်ပြီး ၂၀၁၃ ခုနှစ်အတွင်း၌ တစ်တန်လျှင် ၂၆၀၀ မှ ၂၃၀၀
ဝန်းကျင်သာ ပေါက်ဈေးရှိကြောင်း သိရသည်။
ပြည်တွင်းရော်ဘာ စိုက်ပျိုးထုတ်လုပ် တင်ပို့သူများ အနေဖြင့် ၂၀၁၃ ခုနှစ်၊ ဧပြီ ၁ ရက်မှ ဇွန်လအထိ ပြည်ပသို့ ပင်လယ်ရေကြောင်း ကုန်သွယ်မှု၊ နယ်စပ်ကုန်သွယ် မှုများမှတစ်ဆင့် တင်ပို့ခဲ့သည့် တန်ချိန်မှာ ၂၂၀၀၀ ကျော်ရှိပြီး ရငွေမှာ အမေရိကန်ဒေါ်လာ သန်း ၆၀ ကျော်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံမှ ထွက်ရှိသည့် ရော်ဘာကုန်ကြမ်းများကို ပြည်ပသို့
နှစ်စဉ်တိုးမြှင့် တင်ပို့မှုများ ရှိနေသော်လည်း ရငွေမှာမူ
ပေါက်ဈေးအနိမ့်အမြင့်ပေါ်တွင် မူတည်ခြင်းကြောင့် ယခင်ဘဏ္ဍာနှစ်က
တန်ချိန်အားဖြင့် ပိုမိုတင်ပို့ ခဲ့သော်လည်း ပေါက်ဈေးကျဆင်းမှုကြောင့်
ရငွေလျော့နည်း ခဲ့ရကြောင်း မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုး
ထုတ်လုပ်တင်ပို့သူများအသင်း တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။
၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ရော်ဘာကုန်ကြမ်း တန်ချိန် ၇၈၀၀၀ ကျော်
တင်ပို့ရာမှ အမေရိကန်ဒေါ်လာ ၃၁၁ ဒသမ ၀၉ သန်းကျော် ရရှိခဲ့ကြောင်း၊
၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် တန်ချိန် ၉၀၀၀၀ ကျော် တင်ပို့ရာမှ အမေရိကန်ဒေါ်လာ ၂၆၄
ဒသမ ၉၀ သန်း ရရှိခဲ့ကြောင်း သိရသည်။

No comments :
Post a Comment