Blogger Widgets

Saturday, 4 May 2013

မိတ္ထီလာ အရေးပေါ် အခြေအနေ သက်တမ်းတိုးရန်အတွက် ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေး ယခုလအတွင်း ခေါ်ယူမည်

5.4.4မိတ္ထီလာအရေးပေါ် အခြေအနေ ကိစ္စအတွက် ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေးကို ယခုလအတွင်း ခေါ်ယူမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များထံမှ သိရှိရသည်။

မိတ္ထီလာမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခ အခြေအနေများကြောင့် အရေးပေါ် အခြေအနေ (ပုဒ်မ ၁၄၄) ကို ထုတ်ပြန်ထားခဲ့သည်။ အဆိုပါ ထုတ်ပြန်ချက်ကို နိုင်ငံတော် သမ္မတ၏ အမိန့်အာဏာဖြင့် ထုတ်ပြန်ခဲ့သည်။ အရေးပေါ် အခြေအနေကို ထပ်မံသက်တမ်း တိုးလိုပါက ပြည်ထောင်စု လွှတ်တော်၏ သဘောတူညီချက် ရယူရမည်ဖြစ်သည်။

မိတ္ထီလာ အရေးပေါ်အခြေအနေ ထုတ်ထားတာ ရက်ပေါင်း ၆၀ ပြည့်လို့ သမ္မတ အနေနဲ့ သက်တမ်းတိုးဖို့ဆိုရင် ပြည်ထောင်စု လွှတ်တော်ရဲ့ ဆုံးဖြတ်ချက် ရယူရမှာပါ။ နာယကက ဇွန်လကုန်ပိုင်းမှ လွှတ်တော် ပြန်ခေါ်ဖို့ ပြောထားပေမယ့် နိုင်ငံတော် သမ္မတရုံးက ပြည်ထောင်စုလွှတ်တော် နာယကထံ အကြောင်းကြားပြီး ဒီကိစ္စ ဆောင်ရွက်ပေးဖို့ ပြောလာရင် ပြည်ထောင်စုလွှတ်တော်

''မိတ္ထီလာ အရေးပေါ်အခြေအနေ ထုတ်ထားတာ ရက်ပေါင်း ၆၀ ပြည့်လို့ သမ္မတ အနေနဲ့ သက်တမ်းတိုးဖို့ဆိုရင် ပြည်ထောင်စု လွှတ်တော်ရဲ့ ဆုံးဖြတ်ချက် ရယူရမှာပါ။ နာယကက ဇွန်လကုန်ပိုင်းမှ လွှတ်တော် ပြန်ခေါ်ဖို့ ပြောထားပေမယ့် နိုင်ငံတော် သမ္မတရုံးက ပြည်ထောင်စုလွှတ်တော် နာယကထံ အကြောင်းကြားပြီး ဒီကိစ္စ ဆောင်ရွက်ပေးဖို့ ပြောလာရင် ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေးကို ခေါ်ယူရမှာပါ။ ခေါ်ဖြစ်ဖို့များပါတယ်'' ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ပြောသည်။

ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ''လွှတ်တော် လုပ်ထုံးလုပ်နည်းတွေအရ အထူးအစည်းအဝေး ခေါ်ယူဖို့ ၁၅ ရက် ကြိုတင်ထုတ်ပြန်ရမှာပါ။ ဒီလအတွင်း ခေါ်ယူဖို့ရှိပါတယ်'' ဟု ပြောသည်။

ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဥပဒေအရ လွှတ်တော် အထူးအစည်းအဝေးကို ဖြစ်စေ၊ အရေးပေါ်အစည်းအဝေးကို ဖြစ်စေ ကျင်းပရန် လိုအပ်လျှင် နာယကက ခေါ်ယူကျင်းပနိုင်သည်

No comments :

Post a Comment

Blogger Widgets
Back to Top