 ၈-၇-၂၀၁၃ ဗုဒ္ဒဂါယာဗုံးကွဲသတင်းမှသံဃာ့မေတ္တာစာ 
မြန်မာပြည်သူများသို့..
 
 ယနေ့ဖြစ်ပေါ်ခဲ့တဲ့ ဗုဒ္ဓဂယာ ဗုံးဖောက်ခွဲမှုနဲ့သက်လို့ ဦးဇင်းတို့ 
ဗုဒ္ဓဂယာဒေသရှိ မြန်မာရဟန်တော်များမှ မြန်မာနိုင်ငံသားများကို 
အထူးမေတ္တာရပ်ခံလိုပါတယ်..ဗုံးဒဏ်ခံစားရသည့် ဦးဝိလာသဂ္ဂ၏အခြေနေ 
ကောင်းမွန်လျက်ရှိပါတယ်....ထို့အပြင် ဤကိစ္စသည် 
မြန်မာနိုင်ငံရဟန်းတော်များကို သီးခြားပစ်မှတ်ထား၍ 
တိုက်ခိုက်ခြင်းမဟုတ်ကြောင်း အောက်ပါ အချက်များအရ တွေ့ရှိရပါတယ်..
 
 ၁..၂၀၁၂ နှစ်ကုန်ခါနီးကထဲက အိန္ဒိယအစိုးရမှ ဗုဒ္ဓဂယာကို အကြမ်းဖက်မည့်သတင်းများရရှိသည်ဟု သတင်းထုတ်ပြန်ခဲ့ဘူးခြင်း..
 
 ၂. ဗုံးဖောက်ခွဲမှုအပီး အခြားနေရာဒေသတွင် တွေ့ရှိသောာ ဗုံးများမှာ တိဘက်ကျောင်တွင် ၁ လုံးပေါာက်ကွဲ ၂ လုံး..မကွဲသေးတွေ့ရှိခြင်း
 ထိုင်းကျောင်းးတွင်း မပေါက်ကွဲသေးသော ၁ လုံးတွေ့ရှိခြင်း၊ ဂျပန်ကမာကုရ 
ထိုင်တော်မူရုပ်ပွားတော် ပလ္လင်တော်ကြားကလာပ်တွင် မပေါက်ကွဲသေးသော ဗုံး 
၁လုံး တွေ့ရှိပီး မြန်မာကျောင်းများတွင် မတွေ့ရခြင်း..
 
 ၃..ယခုကိစ္စကို မည်သည့်အဖွဲ့.. မည်သည့်အကြောင်းကြောင့်ဟု အိန္ဒိယအစိုးရမှ မထုတ်ပြန်သေးဘဲ အကြမ်းဖက်အဖွဲ့ဟု သာထုတ်ပြန်ထားခြင်း ..
 
 ဤ အချက်များကို ထောက်ဆ၍ မြန်မာ ရဟန်းတော်များအား သီးခြားပစ်မှတ်ထားပီး တိုက်ခိုက်ခြင်းမဟုတ်သည်မှာ ထင်ရှားပါသည်။
 
 သို့ဖြစ်ပါ၍ ..ဤကိစ္စကို အကြောင်းပြုပြီး မြန်မာနိုင်ငံအတွင်း၌ လူမျိုးရေး
 ဘာသာရေးပဋိပက္ခများ ဖြစ်ပေါ်မလာစေရန်ု ၀ိုင်းဝန်းထိမ်းသိမ်းစောင့်ရှောက်ဖို့
 အရေးတကြီး လိုအပ်နေပါကြောင်း..မေတ္တာရပ်ခံသတင်းပေးပို့ပါသည်..

Blogger Widgets
    Back to Top
  
No comments :
Post a Comment