 သီရိလင်္ကာ
 သမ္မတ မဟိန္ဒ ရာဇပက်ကသျှသည် အပြည်ပြည်ဆိုင်ရာတွင်လည်း ကျော်ကြားပြီး 
ဗုဒ္ဓဘာသာဝင်များ အတွက်လည်း ဘာသာရေးအရ ထူးမြတ်သည့် နေရာ တစ်ခုဖြစ်သည့် 
အိန္ဒိယနိုင်ငံ မဟာဗောဓိ စေတီတော်ကျောင်းတွင် တနင်္ဂနွေနေ့က ဆက်တိုက် 
ဗုံးပေါက်ကွဲမှု သတင်းကြောင့် စိတ်ထိခိုက် တုန်လှုပ်ချောက်ချားခဲ့ရသည်။

“ဒီသတင်းကြောင့် သမ္မတကြီး ရာဇပက်ကသျှ စိတ်ထိခိုက် တုန်လှုပ်ချောက်ချားခဲ့ရပါတယ်”ဟု
သမ္မတကြီးက မဟာဗောဓိ ဘုရားကျောင်း အကြီးအကဲနှင့် စကားပြောခဲ့ကြောင်းနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် ဒေလီမြို့တော်ရှိ သီရိလင်္ကာ သံရုံးတို့ကို စုံစမ်းစစ်ဆေးပြီး ၄င်းထံ တင်ပြရန် ပြောကြားခဲ့ကြောင်း အရာရှိက ဆိုသည်။
မဟာဗောဓိ ရင်ပြင်တော်ပေါ်ရှိ လူလေးဦး အပါအဝင် ရဟန်းတော် နှစ်ပါးကို ထိခိုက်ဒဏ်ရာ ရရှိစေခဲ့သည့် တနင်္ဂနွေနေ့က ဗုံးရှစ်လုံး အတွဲလိုက် ပေါက်ကွဲခဲ့မှုသည် ဗီဟာပြည်နယ်ရှိ ဘုရားကျောင်း မြို့ ဗုဒ္ဓဂါယာကို တုန်လှုပ်သွားစေခဲ့သည်။
ဗုဒ္ဓဘာသာဝင် အများစုဖြစ်သည့် သီရိလင်္ကာနိုင်ငံမှ လူထောင်ပေါင်းများစွာသည် ဗုဒ္ဓဂါယာသို့ ဘုရားဖူးခရီးအဖြစ် သွားရောက်ကြသည်။ ၄င်းနေရာသည် ဗုဒ္ဓရှင်တော်မြတ် သဗ္ဗညုတဉာဏ်တော် ရရှိတော်မူရာ နေရာ တနည်းအားဖြင့် ဗုဒ္ဓအဖြစ်သို့ ရောက်ရှိတော်မူခဲ့ရာ နေရာဟု ဆိုကြသည်။
ယခုနှစ်အစောပိုင်းကလည်း ချနိုင်း အခြေစိုက် ဗုဒ္ဓဂါယာ အသင်းနှင့် တွဲဖက် အုပ်ချုပ်ရေး အဖွဲ့ဖြစ်သည့် မဟာဗောဓိရုံးများသည်လည်း သံသယရှိနေသည့် တမီးလ် အုပ်စုများ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသေးသည်။

No comments :
Post a Comment