Blogger Widgets

Tuesday 9 July 2013

အာဇာနည် ခေါင်းဆောင်ကြီးများ ကျဆုံးသွားချိန်တွင် ဥသြဆွဲပေးရန် လူမှုအဖွဲ့အစည်းများ တောင်းဆို

7.8.9
အာဇာနည် ခေါင်းဆောင်ကြီးများ လုပ်ကြံခံခဲ့ရသည့် ဇူလိုင် ၁၉၊ နံနက် ၁၀ နာရီ ၃၇ မိနစ် အချိန်တွင် အများပြည်သူ အလေးပြုနိုင် စေရန်အတွက် ဥသြဆွဲပေးရန် အရပ်ဘက်ဆိုင်ရာ လူမှုအဖွဲ့အစည်း ၃၀ က စုပေါင်းပြီး ဇူလိုင် ၈ ရက် နံနက် ၁၀ နာရီတွင် ပြည်လမ်းမပေါ်ရှိ ယုဒဿန်ဘုရား ကျောင်းတွင် ပြုလုပ်သည့်ပွဲ၌ တောင်းဆိုလိုက်သည်။
အရပ်ဘက်ဆိုင်ရာ လူမှုအဖွဲ့အစည်းများက အာဇာနည်နေ့ကို ရည်ရွယ်ချက် လေးချက်ဖြင့် ကျင်းပပြုလုပ် သွားမည်ဖြစ်သည့် အကြောင်းကို အဖြူရောင် တွဲလက်များ အဖွဲ့ မှ ကိုဘိုဘိုက ''အာဇာနည်တွေရဲ့ တိုင်းပြည်အပေါ် ထားခဲ့တဲ့ စိတ်စေတနာတွေကို နောင်မျိုးဆက်တွေ ပိုသိလာအောင် ကျွန်တော်တို့ နိုင်သမျှ လက်ဆင့်ကမ်းပေး ချင်တာပါ။ ခေတ်တစ်ခေတ်ကနေ ခေတ်တစ်ခေတ်ကို ပြောင်းတဲ့နေရာမှာ ကိုယ်ကျိုးစွန့် အနစ်နာခံတဲ့ လူတွေကတော့ ရှိစမြဲပါ။ ကျွန်တော်တို့တွေက သူတို့ရဲ့ ကျေးဇူးတရား၊ သူတို့ရဲ့ စွန့်လွှတ်အနစ်နာ ခံမှုတွေကို အမြဲတမ်း သတိရနေအောင် လက်ဆင့်ကမ်းပေးတာဟာ နောင်အရှည် တည်တံ့ခိုင်မြဲဖို့ အတွက်လည်း အရေးကြီးပါတယ်'' ဟု ပြောကြားသည်။
ထို့နောက် ကိုဘိုဘိုက ဆက်လက်ပြီး ယနေ့ မြန်မာနိုင်ငံ၏ နိုင်ငံရေး အခြေအနေသည် အကဲဆတ်သည့် အနေအထားတွင် ရှိနေပြီး မြန်မာနိုင်ငံ၏ ကံကြမ္မာသည် မြန်မာနိုင်ငံသားတို့ အပေါ်၌ မူတည်ကြောင်း လိမ္မာပါးနပ်စွာ လုပ်ဆောင်နိုင်ရန် လိုအပ်ကြောင်း ပြောကြားခဲ့ပြီး မိမိတို့အနေနှင့် ဥသြဆွဲရန် တောင်းဆိုသော်လည်း ဥသြမဆွဲပါက အစိုးရအနေနှင့် မည်သည့်အကြောင်းကြောင့် မဆွဲနိုင်သည်ကို သိအောင်ကြိုးစားမည်ဟု ပြောကြားခဲ့သည်။ ထို့အပြင် မိမိတို့၏ ဆန္ဒမှာ ဥသြဆွဲစေချင်ကြောင်းနှင့် အဘယ်ကြောင့် ဥသြဆွဲစေလိုသည်ကိုလည်း အစိုးရ သိရှိစေရန် ကြိုးပမ်းသွားမည်ဟု ဆက်လက် ပြောကြားသည်။
ထိုစုပေါင်းထားသည့် အဖွဲ့များအနေနှင့် တစ်မိနစ်စာ ရိုက်ကူးထားသော ဗီဒီယို ကလစ်များကို ရုပ်သံဌာနများသို့ ပေးပို့သွားမည်ဖြစ်ပြီး ထိုဗီဒီယိုကလစ်တွင် အာဇာနည်နေ့ ဥသြဆွဲသံကြောင့် အများပြည်သူများ အလေးပြုကြပုံကို ရိုက်ကူးထားခြင်း ဖြစ်သည်။
ဇူလိုင် ၈ ရက်တွင် ကျင်းပသည့် ပွဲသို့ ဆွံ့၊ အ၊ နားမကြား ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ အချို့လည်း တက်ရောက်ကြပြီး ထိုကျောင်းမှ တာဝန်ရှိသည့် ဆရာမ တစ်ဦးက ''ကျွန်မတို့ ကလေးတွေကို အာဇာနည်နေ့အကြောင်း သိအောင်ပြောပြထားတယ်။ နောက်ပြီး ဗီဒီယိုကလစ်မှာလည်း ကလေးတွေ အလေးပြုနေတဲ့ အခန်းလေးပါတယ်။ ကျွန်မတို့ငယ်ငယ်က အာဇာနည်နေ့မှာ ဥသြဆွဲတာနဲ့ အလေးပြု ကြရတာပဲ။ အဲဒါလေးကို ကလေးတွေ သိစေချင်လို့ အခုပွဲကို လာတက်တာပါ'' ဟု ပြောကြားသည်။
အာဇာနည်နေ့ရောက်တိုင်း ၁၉၈၈ ခုနှစ် အထိ ဥသြဆွဲခြင်းကို ပြုလုပ်ခဲ့ပြီး ၁၉၈၉ ခုနှစ်မှ စတင်ကာ ဥသြဆွဲခြင်း မရှိတော့ပေ။
အာဇာနည်နေ့တွင် အာဇာနည်များကို အောက်မေ့သည့် အထိမ်းအမှတ်အဖြစ် ဥသြဆွဲသံ ပြန်လည် ထုတ်လွှင့်ပေးရန် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ အစီအစဉ် မရှိသေးကြောင်း ဇူလိုင် ၃ ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး

No comments :

Post a Comment

Blogger Widgets
Back to Top