Blogger Widgets

Saturday 6 July 2013

လွှတ်တော်တွင်း ဆောင်ရွက်မှု အကြိုက်နှစ်သက်ဆုံး ၁၅ ဦးအား စုပေါင်း၍ လွှတ်တော်အုပ်ချုပ်မှုနှင့် ရေးရာကော်မတီများ လုပ်ငန်းအဖွဲ့ ဖွဲ့စည်းမည်

အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ ရွေးချယ်သည့် လွှတ်တော်တွင်း ဆောင်ရွက်မှု အကြိုက်နှစ်သက်ဆုံး ၁၅ ဦးအား စုပေါင်း၍ လွှတ်တော်အုပ်ချုပ်မှုနှင့် ရေးရာကော်မတီများ လုပ်ငန်းအဖွဲ့ ဖွဲ့စည်းမည်ဟု အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ဇူလိုင် ၅ ရက်က ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။
''လွှတ်တော်ကိုယ်စားလှယ်တွေကို အကြံပြုခိုင်းရာမှာ ဥက္ကဋ္ဌနဲ့ ဒုတိယဥက္ကဋ္ဌ မပါဘူးဆိုတာ မပြောလိုက်မိဘူး။ ဥက္ကဋ္ဌကို မဲအများဆုံး ပေးထားတယ်။ ဥက္ကဋ္ဌမပါဘဲ လွှတ်တော်က သတ်မှတ်တဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကတော့ ဦးဇော်မြင့်ဖေ၊ ဒေါက်တာမြင့်ကြည်၊ ဦးခင်မောင်ရီ၊ ဦးမျိုးမြင့်၊ ဦးနေ၀င်းထွန်း၊ ပါမောက္ခ ဒေါက်တာမြဦး၊ ဒေါက်တာအေးမောင်၊ ဒေါက်တာခင်ရွှေ၊ ဦးခက်ထိန်နန်၊ ဒေါက်တာ ဗညားအောင်မိုး၊ ဦးဆိုင်ပေါင်းနပ်၊ ဒေါ်နန်းနီနီအေး၊ ဦးညွန့်တင်၊ ဦးအောင်ထွန်း၊ ဦးစံထွန်းတို့ ဖြစ်ပါတယ်။ ဒီပုဂ္ဂိုလ်တွေ စုပေါင်းပြီး လွှတ်တော် အုပ်ချုပ်မှုနှင့် ရေးရာကော်မတီများ လုပ်ငန်းအဖွဲ့ ဖွဲ့စည်းမှာ ဖြစ်ပါတယ်'' ဟု အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောကြားသည်။

ရေးရာကော်မတီများ၏ လုပ်ငန်းများ ပိုမိုပီပြင်လာစေရန် အတွက် ကော်မတီ အားလုံးကို ကြီးကြပ်ရန်အတွက် ဖွဲ့စည်းခြင်း ဖြစ်ကြောင်း၊ အဆိုပါအဖွဲ့ ဖွဲ့စည်းပြီးပါက အဖွဲ့ဝင် ၁၅ ဦးသည် အချို့သော ကော်မတီများတွင် ဥက္ကဋ္ဌတာဝန် ယူရမည် ဖြစ်ကြောင်း၊ ဒါမှသာ စုပေါင်းခေါင်းဆောင်မှုပုံစံ ဖြစ်သွားမည် ဖြစ်ကြောင်း အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောကြား...

''ရည်ရွယ်တာကတော့ အမျိုးသား လွှတ်တော်ကို သီးခြားဖွဲ့စည်းရန်နဲ့ အစိုးရက အတည်ပြုပြီး ဖွဲ့စည်းတဲ့ အခါမှာ လွှတ်တော်ရဲ့ အုပ်ချုပ်ရေးရာ ကိစ္စအ၀၀ကို တာဝန်ယူ ဆောင်ရွက်ဖို့ ဖြစ်ပါတယ်။ လွှတ်တော် လုပ်ငန်းတွေဖြစ်တဲ့ မေးခွန်း၊ အဆို၊ ဥပဒေကြမ်းတွေကို လွှတ်တော် ကိုယ်စားလှယ်များက တင်သွင်းလာတဲ့ အခါမှာ ဒီအဖွဲ့က စိစစ် ပြီးတော့ ဒုတိယဥက္ကဋ္ဌနဲ့ ဥက္ကဋ္ဌဆီကို တင်ပြပေးဖို့ ဖြစ်ပါတယ်'' ဟု အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောကြားသည်။
ရေးရာကော်မတီများ၏ လုပ်ငန်းများ ပိုမိုပီပြင်လာစေရန် အတွက် ကော်မတီ အားလုံးကို ကြီးကြပ်ရန်အတွက် ဖွဲ့စည်းခြင်း ဖြစ်ကြောင်း၊ အဆိုပါအဖွဲ့ ဖွဲ့စည်းပြီးပါက အဖွဲ့ဝင် ၁၅ ဦးသည် အချို့သော ကော်မတီများတွင် ဥက္ကဋ္ဌတာဝန် ယူရမည် ဖြစ်ကြောင်း၊ ဒါမှသာ စုပေါင်းခေါင်းဆောင်မှုပုံစံ ဖြစ်သွားမည် ဖြစ်ကြောင်း အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောကြားသည်။

No comments :

Post a Comment

Blogger Widgets
Back to Top