ဘူးသီးတောင်-မောင်တော၌ နေထိုင်ကြသော ဘင်္ဂလီများအား
တစ်အိမ်ထောင်လျှင် ကလေး(၂)ယောက်သာ မွေးဖွားခွင့်နှင့် တစ်ကြိမ်သာလက်ထပ်
ထိမ်းမြားခွင့်ရှိသည့် ဒေသန္တရအမိန့်ကို ရခိုင်ပြည်ရှိ အမျိုးသား ဒီမိုကရေစီ
အဖွဲ့ချုပ်(NLD) များမှ အလေးအနက်ထောက်ခံကြောင်း သဘောထားကို မေလ ၃၁
ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

၂၀၁၂ ခုနှစ် ဘင်္ဂလီ-ရခိုင် အဓိကရုဏ်းဖြစ်ပွားခဲ့သော ကာလတွင် စစ်တွေမြို့ရှိ
NLD ပါတီ ဆိုင်းဘုတ် ဖျက်ဆီးခံခဲ့ရသည်။ (ဓါတ်ပုံ - CAN)
ရခိုင်ပြည်တွင် NLD ပါတီသည် မြို့နယ် အများစုတွင်ရှိပြီး ၄င်းအထဲမှ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင်၊ မင်းပြား၊ မြေပုံ၊ မြို့နယ်များရှိ NLD များက အဖွဲ့ဝင်များ၏ ဆန္ဒအရ ထောက်ခံကြောင်း ထုတ်ပြန်ခြင်းဖြစ်သည်။
စစ်တွေမြို့နယ် ဥက္ကဌ ဦးစံရွှေထွန်းက "
ဒီအမိန့်ကို ထုတ်ပြန်လိုက်တာဟာ ဒေသအခြေအနေနဲ့ သဟဇာတ ဖြစ်တဲ့အတွက်
ကျနော်တို့ ၈ မြို့နယ်က အဖွဲ့ချုပ် အဖွဲ့ဝင်တွေ ဆန္ဒအရ အလေးအနက်
ထောက်ခံကြောင်း သဘောထား ထုတ်ပြန်ရတာ ဖြစ်တယ်။ " ဟုပြောသည်။
ဘင်္ဂလီများ လူဦးရေ အဆမတန် တိုးပွားလာသောကြောင်း ပြည်နယ်အစိုးရမှ
မောင်တောခရိုင်အတွင်း ဒေသန္တရအမိန့်ကို မေလတွင် ထုန်ပြန်ခဲ့ပြီး
ရက်အနည်းနယ်အကြာတွင် ရခိုင်ပြည်ရှိ NLD များမှ လက်ခံကြောင်း
သဘောထားထုန်ပြန်ခဲ့သည်။ ထုတ်ပြန်ချက်တွင် "ရခိုင်ပြည်နယ်၏
ပထဝီနိုင်ငံရေးနှင့် အမျိုးသားလုံခြုံမှု အရလည်းကောင်း
အလွန်လိုအပ်နေပါသောကြောင့် ကျွန်ုပ်တို့အနေဖြင့် အလေးအနက် ထောက်ခံအပ်ပါသည်။
" ဟု ပါရှိသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် မေလ
၂၇ ရက်နေ့က မောင်တောခရိုင်အတွင်း ထုန်ပြန်ထားသော ဒေသန္တရအမိန့်မှာ
လူသားချင်း ခွဲခြားဆက်ဆံခြင်းနှင့် လူ့အခွင့်အရေးကို ချိုးဖောက်ရာ
ရောက်သည်ဟု မီဒီများသို့ ရှုတ်ချ ပြောဆိုခဲ့သည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ရခိုင်လူ့အခွင့်အရေးနှင့်
ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (AHRDO)မှ အမှုဆောင်ဒါရိုက်တာ ဦးအောင်မင်းဦးအား
ဆက်သွယ်မေးမြန်းရာ ယခုလိုပြောကြားခဲ့သည်။
" အဲဒီပေါ်မှာက အဓိကမြင်တာတော့ လူ့အခွင့်ရေးနဲ့
မဆိုင်ဘူးလို့ထင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒေသန္တရ အရ မောင်တော၊
ဘူးသီးတောင်၊ ရသေ့တောင် အဲဒီဒေသတွေက ရခိုင်ပြည်မှာ မေယုခရိုင်လို့
ပြောရမှာပေါ့။ အဲဒီ ဒေသမှာ အဓိက ဘင်္ဂလီတွေကို စီစစ်နေပါတယ်။ သူတို့က လူဦးရေ
မွေးဖွားနူန်းက အဆမတန်များပြားနေပါတယ်။ အဲဒါကြောင်း အဲဒီဒေသရဲ့
လိုအပ်ချက်အရ ပြည်နယ်အစိုးရက ထုတ်ပြန်တယ်လို့မြင်ပါတယ်။ နေရာတိုင်းမှာ
လူ့အခွင့်ရေးကို ကိုင်ပြီးတော့ ပြောလို့မရပါဘူး။ မြန်မာနိုင်ငံ
တစ်ခုတည်းမဟုတ်ပါဘူး၊ နိုင်ငံတိုင်းမှာရှိတယ်။ တရုတ်ပြည်မှာဆိုရင်လည်း
တရုပ်တွေရဲ့ ပေါ်လစီ အဲဒီလိုရှိပါတယ်၊ တရုတ်ပြည်မှာလည်း မှုဆလင်တွေရှိတာပဲ။
တစ်ခြားနိုင်ငံတွေမှာလည်း မှုဆလင်တွေရှိတယ်။ အဲဒီနိုင်ငံရဲ့ အချုပ်အခြာအဏာ၊
အဲဒီနိုင်ငံမှာရှိတဲ့ စည်းမျှည်း၊ စည်းကမ်း၊ ဒေသန္တရဆိုရင်လည်း ဒေသန္တရနဲ့
ပက်သက်တဲ့ ဥပဒေတွေကို လိုက်နာရမှာဖြစ်ပါတယ်။ အခုအချိန်မှာတော့
ဒေါ်အောင်ဆန်းစုကြည် အမြင်ကိုတော့ ကျွန်တော်တို့က ဆန့်ကျင်ပြီး မြင်ပါတယ်။
ဒီနေရာမှာတော့ လူ့အခွင့်ရေးနဲ့ ပြောလို့မရပါဘူး။ အကုန်လုံးကို
လူ့အခွင့်ရေးနဲ့ ပြောမယ်ဆိုရင် အလုပ်မဖြစ်ပါဘူး။ ဒါက အခုမှရှိတာ မဟုတ်ပါဘူး
ဟို (၈၂)နှစ် ကတည်းကရှိတာပါ။ အကောင်အထည်မဖော်ခဲ့တာပဲ ရှိပါတယ်။
ကျွန်တော်တို့ မြင်တာကတော့ လက်ရှိ ဖြစ်လာတဲ့အပေါ်မှာ အကောင်အထည်ဖေါ်တယ်လို့
မြင်ပါတယ်။ ဒီအပေါ်မှာတော့ လူ့အခွင့်ရေး အနေနဲ့ပြောလို့မရဘူးလို့
ပြောချင်ပါတယ်။ " ဟု ပြောသည်။
မေလ ၃၁ ရက် ရက်စွဲဖြင့် ရခိုင် NLD များမှ ထုတ်ပြန်လိုက်သည့် သဘောထားစာစောင်ကို "
အမျိုးသား ဒီမိုကရေးစီ အဖွဲ့ချုပ်(ဗဟို)၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊
ရခိုင်ပြည်နယ်ရှိ နိုင်ငံရေးပါတီများ၊ ရခိုင်လူ့အခွင့်အရေးနှင့်
ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၊ ဝံလက်ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း၊ ရခိုင်ပြည်နယ်
အမျိုးသမီးကွန်ယက်။ " တို့ကို ဖြန့်ဝေခဲ့ကြောင်း ထုန်ပြန်ချက်အရ သိရသည်။
၎င်းထုတ်ပြန်ချက်နှင့် ပတ်သက်၍ ရခိုင်ပြည်နယ် ဥက္ကဋ္ဌလည်းဖြစ်၊ NLD
ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်လည်း ဖြစ်သည့် ဦးညီပုထံ အာရ်ကန်တိုင်းမ်စ်မှ
ဆက်သွယ်မေးမြန်းရာ အဆက်အသွယ်မရရှိခဲ့ပေ။
ဥပဒေရှု့ထောင့်နှင့် ပတ်သက်၍ "
တိုင်ပြည်တစ်ခုမှာ ဥပဒေပြုတဲ့အခါမှာ အဆင့်နှစ်ဆင့်ရှိတယ်။ တိုက်ရိုက်
ဥပဒေပြုတာနှင့် တစ်ဆင့်ခံ ဥပဒေပြုတာပေါ့။ တဆင့်ခံ ဥပဒေပြုတယ်ဆိုတာက ဒေသန္တရ
အစိုးရတွေကို ဥပဒေပြုခွင့်ပေးတာဖြစ်တယ်။ အခု ဒီဘင်္ဂလီတွေကို
ကလေးမွေးဖွားနှုန်း သတ်မှတ်တယ်ဆိုတာက ဒေသလိုအပ်ချက်အရ ဥပဒေပြုရတာ
ဖြစ်တယ်လို့မြင်တယ်။ လူ့အခွင့်အရေးရှုတောင့်နှင့် အမျိုးသားလုံခြုံရေးကို
နှိုင်းယဉ်မယ်ဆိုရင် ဘယ်နိုင်ငံမဆို အမျိုးသားလုံးခြုံရေးကို
ဦးစားပေးရတာပါပဲ။ အခုလို ဥပဒေပြုတာဟာ လူ့အခွင့်အရေးချိုးဖောက်တယ်လို့
တရားသေ စွပ်စွဲ ပြောလို့တော့မရပါဘူး။ တကယ်လို့ ဒီဥပဒေပြုမှုဟာ လိုအပ်မလိုအပ်
သုံးသပ်နိုင်တာက ပြည်ထောင်စု လွှတ်ကပဲ ပြန်လည်သုံးပါလိမ့်မယ်။ " ဟု ဥပဒေရေးရာ လေ့လာသူလည်းဖြစ်၊ AHRDO ၏ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည့် ဦးကျော်ထွီးက ပြောသည်။
န၀တ နှင့် နအဖ စစ်အစိုးရတို့သည်လည်း ဘင်္ဂလီများ၏ ကလေးမွေးဖွားနှုန်းကို
သိသောကြောင့် ၁၉၉၀ ခုနှစ်က ကလေးလျှော့ချရေးအတွက် ဒေသန္တရ အမိန့်ကို
ကျင့်သုံးခဲ့ကြောင်း သိရသည်။

No comments :
Post a Comment