Blogger Widgets

Sunday 2 June 2013

ဒေါ်လာ ၂ သန်းတန် IMAX ရဲ့ ပရိုက်ဗိတ်ရုပ်ရှင်ရုံ

မကြာခင်မှာပဲ အိမ်ပိုင်ရှင်တွေဟာ ဘေ့စ်ဘောကစားပွဲကအစ ရုပ်ရှင်တွေအပါအ၀င် တိုက်ရိုက်တီဗွီအစီအ
စဉ်တွေအဆုံး အားလုံးကို မိမိနေအိမ်မှာပင် မျက်နှာကြက်မှ ကြမ်းပြင်အထိ နံရံပြည့် ပိတ်ကားဖြင့် ကြည့်ရှု
နိုင်တော့မည် ဖြစ်ပါသည်။ ထိုအတွက် ကုန်ကျငွေကတော့ ဒေါ်လာ ၂ သန်း ဖြစ်ပါသည်။

၎င်းရဲ့ ကြီးမားဝင့်ထည်သော ရုပ်ရှင်ပိတ်ကားများကြောင့် လူသိများသည့် ကနေဒါအခြေစိုက် IMAX ကော်
ပိုရေးရှင်းက ယခု ထိုကဲ့သို့သော ပရိုက်ဗိတ်ရုပ်ရှင်ရုံတစ်ခုကို ဈေးကွက်မှာ စတင်မိတ်ဆက်လိုက်ပြီ ဖြစ်ပါ
သည်။ ဒေါ်လာ ၂ သန်းတန်ပရိုက်ဗိတ်ရုပ်ရှင်ရုံတစ်ခုရဲ့ ဈေးကွက်ဟာ ဘယ်လောက်ကြီးမားပါသလဲ။ ကော်
ပိုးရေးရှင်းရဲ့ Chief Executive ဖြစ်သူ Rich Gelfond က "ဒါက ကျွန်တော်တို့ရဲ့ ဖောက်သည်အသစ်တစ်
စုအတွက်ပါ။ အဲဒီလောက်ချမ်းသာတဲ့ လူတွေဟာ ရုပ်ရှင်ရုံတွေ မသွားတော့ဘူးလေ။" ဟု ပြောပြသည်။

ထိုဖောက်သည်အုပ်စုထဲမှာ ကာလီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း ရုပ်ရှင်မင်းသားကြီး အာနိုး ၊
အော်စကာပေးပွဲအစီအစဉ်မှူး Seth MacFarlane နဲ့ ရုပ်ရှင်မင်းသား တွန်ခရူးစ်တို့ဟာ သူတို့နေအိမ်များ
မှာ တပ်ဆင်ဖို့ IMAX နဲ့ ဆွေးနွေးနေကြသည်ဟု ဆိုပါသည်။ ယခုပရိုက်ဗိတ်ရုပ်ရှင်ရုံစနစ်ဟာ IMAX ရဲ့
အခြားသော စီးပွားရေးစင်တာတွေမှာ သုံးတဲ့ နည်းပညာကိုပဲ အသုံးပြုမည်ဖြစ်သည်။ ရုပ်ရှင်ကို ရုံမတင်မီ
ဒါရိုက်တာများ (ဂျိမ်းစ်ကင်မရွန်၊ ဂျေဂျေ အေဘရာဟမ်စ် စသူတို့) စစ်ဆေးကြည့်ရှုရန် တည်ဆောက်ထား
သည့် ဆန်တာမော်နီကာက IMAX ရဲ့ ပုဂ္ဂလိကရုပ်ရှင်ရုံပုံစံကို နမူနာယူထားသည်။

ပထမနှစ်ခုကို လာမည့်ခြောက်လအတွင်း ပြီးစီးရန် မျှော်လင့်ထားသည်။ လာမည့်နှစ်တွင် ခြောက်ခုတည်
ဆောက်မည်ဖြစ်ပြီး ၂၀၁၄ ခုနှစ်နောက်ပိုင်းတွင် တစ်နှစ်ကို ဆယ်ခုကနေ ၁၅ ခု နှုန်းနဲ့ တည်ဆောက်
သွားရန် ရည်ရွယ်ကြောင်း IMAX ရဲ့ Rob Lister က ဆိုသည်။ ထိုသို့တည်ဆောက်မှုတွေမှာ ဗိသုကာပ
ညာရှင်များ ၊ ကန်ထရိုက်များ နဲ့ အိမ်တွင်းဒီဇိုင်းပညာရှင်များ ပူးပေါင်းပါဝင်ကြမှာ ဖြစ်သည်။ တည်ဆောက်
မှုပြီးစီးသည့်နောက် IMAX ရဲ့ ဆားဗစ်စင်တာက ၎င်းကို ၂၄ နာရီ အဝေးထိန်းစနစ်ဖြင့် စောင့်ကြည့်ပေး
မည်ဖြစ်သည်။ တစ်ခုခုမှားယွင်းလျှင်လည်း ငါးမိနစ်အတွင်း တုံ့ပြန်ဖြေရှင်းပေးမည်ဖြစ်သည်။

တည်ဆောက်တပ်ဆင်မှုက ပွေလီရှုပ်ထွေးနိုင်ပါသည်။ အိမ်ပိုင်ရှင်တွေအနေနဲ့ သူတို့အိမ်မှာ စတုရန်းပေ
ငါးရာခန့် နေရာပြင်ဆင်ထားရန် လိုအပ်ပါသည်။ IMAX ရဲ့ ပိတ်ကားမျက်နှာပြင်ဟာ ရုပ်ရှင်ရုံလုပ်ငန်းတွေ
မှာဆို ၁၁၈ ပေ ကျယ်ဝန်းပြီး ၈၂ ပေအထိ မြင့်နိုင်သည်။ IMAX က ၎င်းရဲ့ ပရိုက်ဗိတ်ရုပ်ရှင်ရုံတွေအတွက်
တော့ လိုအပ်ချက်ကို တင်းကျပ်ထားတာမရှိပေမဲ့ နှစ်ပေခွဲစီကျယ်ဝန်းကာ လေးပေစီ ထူပြီး ငါးပေစီမြင့်တဲ့ ပရိုဂျက်တာနှစ်ခုကို ကြည့်ရှုခန်းကနေ သီးခြားနေရာမှာ ထားရှိနိုင်အောင် ကျယ်ဝန်းသင့်ကြောင်း ဆိုသည်။

လက်တင်အမေရိကန် cable executive ဖြစ်သူ Ahmad Lee Khamsi ဟာ ထိုနည်းပညာကို ပထမဆုံးအ
သုံးပြုတဲ့ ဖောက်သည်တွေထဲက တစ်ယောက် ဖြစ်သည်။ သူက စတုရန်းပေ ၁၁၀၀၀ ကျယ်ဝန်းတဲ့ မိုင်ယာ
မီကမ်းခြေက သူ့နေအိမ်မှာ တပ်ဆင်ဖို့ လုပ်ဆောင်နေပါသည်။ နီးစပ်သူများက ထိုနေအိမ်ဟာ ပရိုက်ဗိတ်
ရုပ်ရှင်ရုံအတွက် ဒေါ်လာ ၂ သန်းအပြင် ဒေါ်လာသန်းပေါင်းများစွာ ကုန်ကျလိမ့်မည်ဟု ဆိုသည်။ IMAX ရဲ့
ရုပ်ရှင်ရုံကတော့ ပေနှစ်ဆယ် ရှည်လျားပြီး ၁၁ ပေမြင့်တဲ့ ပိတ်ကားပါဝင်ပြီး စတုရန်းပေ ၄၄၀ ခန့် ကျယ်
ဝန်းလိမ့်မည်ဖြစ်သည်။

No comments :

Post a Comment

Blogger Widgets
Back to Top