မြန်မာနိုင်ငံအား စီးပွားရေး ပိတ်ဆို့ထားမှု (Sanction) မှ ရုတ်သိမ်းရန် ယခု ကျင်းပနေသော အပြည်ပြည် ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် (ILO) အစည်းအဝေးမှ နက်ဖြန် ဇွန်လ (၁၀) ရက်နေ့တွင် ဆုံးဖြတ်ရန် ရှိသည်ဟု ILO အစည်းအဝေးကို တက်ရောက်နေသော မြန်မာနိုင်ငံ တောင်သူလယ်သမားများနှင့် စိုက်ပျိုးရေး အလုပ်သမားများ အဖွဲ့ချုပ် ဥက္ကဌဒေါ်သန်းသန်းဌေးက ဆိုပါသည်။
“ မြန်မာနိုင်ငံရဲ့ (Sanction) ကို
ဖြုတ်ဖို့ (၁၀) ရက်နေ့မှာ တောင်းဆိုမယ်။ လက်ရှိ ကတော့ အလုပ်ရှင်၊
အလုပ်သမားနဲ့ အစိုးရ ကိုယ်စားလှယ်တွေ သဘောထား တထပ်တည်း ရှိနေတယ်။ ဒါကြောင့်
(၁၃/၁၄) ရက်မှာ ဖြုတ်ဖို့ ရှိပါတယ်။ILO ဖက်ကလည်း (Sanction) ကို
ဖြုတ်စေချင်ပြီး။ ဒါမှနိုင်ငံ တကာက စီပွားရေး လုပ်ငန်းရှင် အားလုံး
ကျမတို့နဲ့ ဆက်စပ်ပြီး အလုပ်လုပ်ကြ မယ် ဆိုရင် အနည်းဆုံးတော့ အလုပ်သမားတွေ
အလုပ်လက်မဲ့ မဖြစ်တော့ဘူးပေါ့။ စနစ်တကျလည်း ရှိသွားတာပေါ့။” ဟုဆိုပါသည်။
မြန်မာနိုင်ငံ အရေးကို ဇွန်လ၁၀ရက်မှ ၁၄ ရက်အတွင်း ဆွေးနွေးကြမည်ဖြစ်
သည်။ မြန်မာနိုင်ငံတွင် စီးပွားရေး ပိတ်ဆို့မှု အပြင်လျှပ်စစ်မီး
မလုံလောက်မှု ၊ ဆိပ်ကမ်းနှင့်လမ်းပမ်း ဆက်သွယ်မှုအားနည်းခြင်း၊
ဆက်သွယ်ရေးနှင့် စာတိုက်ကြေးနန်း လုပ်ငန်းများ၊ ဘဏ်စနစ်များ အားနည်းခြင်း
တို့ကြောင့် လည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု များကို ဆိုင်းငံ့
ထားသလို ဖြစ်နေပါသည်။
လက်ရှိတွင် ဤကဏ္ဍများ တိုးတက်လာရန် ပြင်ဆင် တည်ဆောက်နေပြီး ဖြစ် သလို
နိုင်ငံရေးအရ စီးပွားရေး ပိတ်ဆို့မှုများပါ ရပ်တန့် သွားခဲ့သော်လည်း
တိုင်းပြည်သည် ဒီမိုကရေစီစနစ်ကို အခြေခံသော အုပ်ချုပ်ရေး စနစ်
ရှိပါမှတိုးတက် ပေလိမ့်မည်ဖြစ်သည်။
ဤသို့ကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ အပါအ၀င် အစိုးရ
စီမံကိန်းများ သည် ပွင့်လင်း မြင်သာမှုကို အခြေခံပါမှ
တိုးတက်ပြောင်းလဲရာတွင် အနှောင့်အယှက် မရှိဘဲ အောင်မြင်နိုင်မည်ဖြစ်ပါသည်။
“ မြန်မာနိုင်ငံမှာ လျှပ်စစ်မီး ဘဏ်ကိစ္စ၊ လမ်းပမ်းဆက်သွယ်ရေးကိစ္စတွေက
အဆင်သင့် မဖြစ်သေး ဘူးလေ၊ ဒါကြောင့်နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုတွေနဲ့
ပါတ်သက်လို့ကျမ သဘောထားကတော့ ပွင့်လင်းမြင် သာမှုဖြစ်အောင်
ကြိုးစားရမယ့်။တိတိကျကျ အချက်အလက်တွေ ကြိုတင်တွက်ဆပြီး စာချုပ်ချုပ်ဖို့
လိုတယ်။ ဖြစ်လမယ့် ကောင်းကျိုး ဆိုးကျိုးကို ကြိုတင်တွက်ဆပြီးချပြဖို့
လိုပါတယ်။” ဟု ဒေါ်သန်းသန်းဌေး က ဆိုပါသည်။
နိုင်ငံတကာ အလုပ်သမား အဖွဲ့အစည်းများနှင့် နိုင်ငံတကာ အစိုးရ
ကိုယ်စားလှယ်များသည် မြန်မာ အလုပ်သမား ကိုယ်စားလှယ် အဖွဲ့ကို
သီးခြားတွေ့ဆုံခြင်း၊ ညစား အတူစားရန် ကမ်းလှမ်းခြင်း များဖြင့် မိတ်ဆက်ကြ
ပါသည်။ အထူးသဖြင့် အိုင်အယ်အို အရာရှိများပါ ကြိုဆိုကြပါသည်။
ဒေါ်သန်းသန်းဌေးသည် မြန်မာနိုင်ငံ၏ ပထမဆုံးသော လွတ်လပ်သည့် တရားဝင်
အလုပ်သမား ကိုယ်စား လှယ်ဖြစ်ပါသည်။ သူသည်ပထမ ဦးဆုံးသော ILO ညီလာခံ
ကိုယ်စားလှယ် အဖြစ် တက်ရောက်နိုင်ခဲ့ သူဖြစ်ပြီး၂၀၁၃ခုနှစ်ဧပြီလ (၂၉)
ရက်နေ့တွင် ကျင်းပသော မြန်မာနိုင်ငံလုံး ဆိုင်ရာ အလုပ်သမား (Forum)
အစည်းအဝေးမှ ရွေးချယ် ခဲ့သူဖြစ်ပါသည်။
ILO အစည်းအဝေးသည် ဇွန်လ ၄ ရက်နေ့မှ စတင်ခဲ့ပြီး မြန်မာ့ အရေးကို ဇွန်
(၁၀) ရက်မှ (၁၄) ရက်နေ့ အထိ ဆွေးနွေး ကြမည်ဖြစ်ပါသည်။ ILO သည်
အလုပ်သမားအရေးကို ပိတ်ပင် ထားခဲ့မှုကြောင့် (၂၀၀၀) ခုနှစ်တွင်
မြန်မာနိုင်ငံအား စီးပွားရေး ပိတ်ဆို့ခဲ့ပါသည်။ မြန်မာ အစိုးရသည် ILO
တောင်းဆိုခဲ့သော အလုပ်သမား ဥပဒေကို (၂၀၁၁) အောက်တိုဘာ လတွင် ရေးဆွဲ အတည်ပြု
ပြဌာန်းပြီး နည်းဥပဒေကို (၂၀၁၂) ခုနှစ် ဇန္နာဝါရီလတွင်
ထုတ်ပြန်နိုင်ခဲ့ပါသည်။
ဤသို့ကြောင့် ILO သည် မြန်မာ အစိုးရ၏ အပြုသဘောဆောင် တိုးတက်မှုများ
ဖြစ်လာခဲ့သည့် အတွက် အကျိုးဆက် အားဖြင့် စီးပွားရေး ပိတ်ဆို့ထားမှုကို
ယခုကဲ့သို့ ကင်းလွတ်ခွင့် ပေးခဲ့ခြင်း ဖြစ်ပါသည်။ ကင်းလွတ်ခွင့်
ပေးရာတွင်လည်း နိုင်ငံတကာ စံနှုန်းနှင့်အညီ နိုင်ငံတကာ အလုပ်ရှင်
အလုပ်သမားနှင့် အစိုးရ ကိုယ်စားလှယ်များက ပါဝင်သည့် ILO တွင်
ဆုံးဖြတ်ရမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံအား စီးပွားရေး ပိတ်ဆို့စဉ် တုန်းကလည်း ဤကဲ့သို့
နိုင်ငံတကာ အလုပ်ရှင် အလုပ်သမားနှင့် အစိုးရ ကိုယ်စား လှယ်များက
ဆုံးဖြတ်ခဲ့ ပါသည်။

No comments :
Post a Comment