လူ့အခွင့်အရေး၊ အလုပ်သမားအရေး၊ သဘာဝ ပတ်ဝန်းကျင်နှင့် အဂတိ လိုက်စားမှု
တိုက်ဖျက်ရေး လုပ်ငန်းများအား အဓိက လုပ်ဆောင်သည့် United Nations Global
Compact ၏ အဖွဲ့ဝင်များ တွေ့ဆုံပွဲအား မြန်မာနိုင်ငံတွင် ပြုလုပ်ရန်
တိုက်တွန်းထားကြောင်း ကုလသမဂ္ဂ အထူးအကြံပေးပုဂ္ဂိုလ် ပါမောက္ခ
ဒေါက်တာအောင်ထွန်းသက်က ပြောကြားသည်။
အဆိုပါ တွေ့ဆုံပွဲအား မြန်မာနိုင်ငံတွင် ပြုလုပ်ရန် စီစဉ်ရခြင်းမှာ ၂၀၁၄
ခုနှစ်တွင် မြန်မာနိုင်ငံမှ အာဆီယံ ဥက္ကဋ္ဌ ရာထူးအား တာဝန်ယူ
ထမ်းဆောင်ရမည်ဖြစ်၍ မြန်မာနိုင်ငံရှိ အဖွဲ့အစည်းများ၏ အခန်းကဏ္ဍ
မြှင့်တင်နိုင်ရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
"ကျွန်တော်တို့ နိုင်ငံမှာ ၂၀၁၄ ကျရင် အာဆီယံ ဥက္ကဋ္ဌ တာဝန်ယူရမယ်။ ဒီတာဝန်
မယူခင်မှာ ဒီ Global Compact အစည်းအဝေးကို မြန်မာနိုင်ငံမှာ
ဖြစ်အောင်ကျင်းပပါမယ်။ ဒီလို လုပ်ခြင်းအားဖြင့် မြန်မာနိုင်ငံမှာ ရှိတဲ့
ကုမ္ပဏီတွေရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုတွေ တိုးတက်လာပြီး လူမှုတာဝန်သိတဲ့
အဖွဲ့အစည်းတွေ ဖြစ်လာပါမယ်" ဟု ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်က ပြောကြားသည်။
ကမ္ဘာ့နိုင်ငံပေါင်း ၁၄၅ နိုင်ငံမှ အရပ်ဘက် အဖွဲ့အစည်းများ၊ စီးပွားရေး
လုပ်ငန်းများ စသည့်အဖွဲ့ အစည်းပေါင်း ၁၀၀၀၀ ကျော်ဖြင့် ဖွဲ့စည်းထားသည့်
United Nations Global Compact တွင် မြန်မာနိုင်ငံမှ အဖွဲ့အစည်းပေါင်း ၁၀၀
ကျော် ပါဝင်ထားပြီး ယခုနှစ်အတွက် အဖွဲ့ဝင်ကြေး ကင်းလွတ်ခွင့် ရရှိရန်
ဒေါက်တာအောင်ထွန်းသက်က ပြောဆိုထားပြီးဖြစ်ကြောင်း သိရသည်။

Compact တွင် မြို့များ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ အင်န်ဂျီအိုများ၊
မီဒီယာများ စသည့်အဖွဲ့အစည်းစုံ ပါဝင်နိုင်ပြီး အဆိုပါ အဖွဲ့တွင်
အဖွဲ့ဝင်အဖြစ် လက်ခံပြီးသည်နှင့် နိုင်ငံတကာက လက်ခံထားသော
စံချိန်စံညွှန်းများကို လိုက်နာဆောင်ရွက်သော အဖွဲ့အစည်းဖြစ်ကြောင်း
အလိုအလျောက် အသိအမှတ် ပြုခံရမည်ဖြစ်ကြောင်း ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်က
ပြောကြားသည်။

No comments :
Post a Comment