Digicelက အော်ပရေတာအဖြစ် လုပ်ကိုင်ခွင့် ရရှိခဲ့ပါက ဒေါ်လာ ၃၁သန်း သုံးမည်
ဂျမေကာ
အခြေစိုက် Digicelကုမ္ပဏီမှ မြန်မာနိုင်ငံတွင် လက်ရှိ လျှောက်ထား
လျက်ရှိသော ဆက်သွယ်ရေး အော်ပရေတာ လုပ်ကိုင်ခွင့် ရရှိခဲ့ပါက အမေရိကန် ဒေါ်လာ
၃၁ သန်းအားသုံးစွဲ၍ ရင်းနှီးလုပ်ကိုင်သွားမည် ဖြစ်ကြောင်း Digicelရဲ့
ဘုတ်အဖွဲ့ဝင် ဒါရိုက်တာ ဖြစ်သူ Denis O’Brienက ပြောကြားခဲ့ပါသည်။ “လက်ရှိ
အချိန်မှာ မြန်မာနိုင်ငံ ဈေးကွက်ဟာ စိတ်ဝင်စားစရာ အကောင်းဆုံး ဈေးကွက်
ဖြစ်နေပါတယ်၊ ကျွန်တော်တို့ အတွက်လည်း တကယ်ကို ကောင်းမွန်ကြီးလေးတဲ့
စိန်ခေါ်မှု တစ်ခုပါပဲ”ဟု မိုနာကိုတွင် ပြုလုပ်သော အခမ်းအနားတစ်ခုတွင် ၎င်းက
ပြောကြားခဲ့ပါသည်။ ဒါ့အပြင် လက်ရှိ မြန်မာနိုင်ငံတွင် တယ်လီဖုန်း သုံးစွဲသူ
စုစုပေါင်း ၇ မှ ၈ ရာခိုင်နှုန်းအထိသာ ရှိနေကြောင်း၊ သို့သော်လည်း
မြန်မာပြည် ဈေးကွက်မှာ အလျင်အမြန် တိုးတက်မှုများ ရရှိလာနေခြင်းကြောင့်
မြန်မာနိုင်ငံ ဈေးကွက်အား အထူးပင် စိတ်ဝင်စားချက်ရှိကြောင်း
ဆက်လက်ပြောကြားခဲ့ပါသည်။
“လက်ရှိမှာ မြန်မာနိုင်ငံဈေးကွက်ဟာ
စိန်ခေါ်မှုတွေ ရှိနေပေမယ့် အောင်မြင်အောင် လုပ်ဆောင်ဖို့ အကောင်းဆုံး
ဈေးကွက်တစ်ခုလို့ ယူဆပါတယ်၊ လက်ရှိ မြန်မာနိုင်ငံရဲ့ GDPဟာ
တခြားနိုင်ငံတွေထက် နိမ့်နေပေမယ့် နောက်ဆယ်နှစ် အတွင်း GDPဟာ ၁၀မှ
၁၂ရာခိုင်နှုန်းအထိ မြင့်တက်လာနိုင်ပါတယ်”ဟု ၎င်းက သုံးသပ်ပြော ကြားခဲ့သည်။
Digicelသည် ဂျမေကာနိုင်ငံတွင် ဆက်သွယ်ရေး အော်ပရေတာ အဖြစ်လုပ်ကိုင်ခွင့်
ရခဲ့စဉ် ၂၀၀၁ခုနှစ်က အမေရိကန် ဒေါ်လာ ၄၇သန်းထိ အသုံးပြု
ရင်းနှီးလုပ်ကိုင်ခဲ့ပြီး ယခုအခါ ကာရေဘီယံ ဒေသ၊ အမေရိက အလယ်ပိုင်းနှင့်
ပစိဖိတ်ကျွန်းနိုင်ငံများ အပါအ၀င် နိုင်ငံပေါင်း ၃၁ နိုင်ငံတွင် ဆက်သွယ်ရေး
လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက် လျက်ရှိကြောင်း သိရပါသည်။

Blogger Widgets
Back to Top
No comments :
Post a Comment