နောက်ဆုံး ဘာသာရေး အကြမ်းဖက်မှု ဖြစ်တဲ့
မြန်မာနိုင်ငံ မြောက်ပိုင်းမြို့မှာ ဗုဒ္ဓဟူးနေ့က ဗုဒ္ဓဘာသာ အကြမ်းဖက် သမား
လူအုပ်ကြီးဟာ ဗလီတစ်လုံး၊ မွတ်စလင် စာသင်ကျောင်း တစ်ကျောင်းနှင့်
ဈေးဆိုင်များကို မီးရှို့အပြီးမှာ လုံခြုံရေး တပ်ဖွဲ့ တွေ ဟာ ပြန်လည်
တည်ငြိမ် စေရန် ခက်ခက်ခဲခဲ ကြိုးစားခဲ့ ရပါတယ်။ ဒါဟာဆိုရင် ဗုဒ္ဓဘာသာ
ဂိုဏ်းကွဲ အသစ် ဟာ မြန်မာနိုင်ငံ တစ်ဝှမ်းပျံ့နှံ့ နေတယ် ဆိုတဲ့ လက္ခဏာပဲ
ဖြစ်ပါတယ်။
တရုတ်နိုင်ငံ နယ်စပ်အနီးရှိ
လားရှိုးမြို့မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှု တွေဟာ ယခုနှစ် အတွင်း ယခင်
အကြမ်းဖက် မှု ဖြစ်ပွားခဲ့ရာ ဒေသတွေနဲ့ မိုင်ပေါင်းရာနဲ့ ချီကွာဝေးပါတယ်။
ဖြစ်စဉ်မှာ မွတ်စလင် တစ်ဦး သေဆုံးပြီး ဗုဒ္ဓဘာသာဝင် လေးဦး ဒဏ်ရာ
ရရှိခဲ့တယ်လို့ လားရှိုး ပြန်ကြားရေး ၀န်ကြီးဌာနက ဦးဝေလင်းက ပြောပါတယ်။
လားရှိုးမြို့ ရှိ အလွတ်တန်း ဓာတ်ပုံဆရာ
ဦးခွန်ဇော်ဦးကို တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းရာ မှာတော့ လူငယ် အများ
အပြား ပါဝင် တဲ့ အကြမ်းဖက် လူအုပ်ကြီးဟာ တုတ်၊ ဓားများ ကိုင်ဆောင်ပြီး
ဆိုင်ကယ် များဖြင့် မြို့အတွင်း လှည့် လည် နေတယ် လို့ ပြောသွားပါတယ်။
“သူတို့က မြို့ထဲကို ပတ်ပြီးတော့ ဖျက်ဆီးနေကြတာ” လို့ ၎င်းက ပြောသွားသည်။
မွတ်စလင်များဟာ မြို့ ကို စွန်
့ခွာပြေးသွားကြကြောင်း မျက်မြင်သက်သေများက ပြောသည်။ ရုပ်ရှင်ရုံတစ်ရုံ
နှင့် မွတ်စလင် ဆိုင်များ ဗုဒ္ဓဟူးနေ့ က ဖျက်ဆီးခံလိုက်ရသည်ဟု
အကြမ်းဖက်မှုကို မျက်မြင်တွေ့ ခဲ့သူ NLD ပါတီမှ ဦးမျိုးမြင့်က ပြောသည်။
အင်္ဂါနေ့ ညနေခန့်က ဖြစ်ပွားခဲ့သော
ဗလီနှင့်တကွ အခြားအဆောက်အဦးများ မီးရှို့ခံရမတွင်လဲ အခြားဒေသများ တွင်
ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများကဲ့သို့ပင် မြန်မာရဲတပ်ဖွဲ့နှင့် စစ်တပ်သည်
ဒေါသထွက်နေသော ဗုဒ္ဓဘာသာဝင် လူ အုပ်ကြီး ကို လူစုကွဲသွားစေရန် မပြုလုပ်ချင်
(သို့) မပြုလုပ်နိုင် ခဲ့ကြောင်း သိရှိရသည်။
လားရှိုး မြို့ သို့ လာရောက် လည်ပတ်နေသော
ဖင်လန်နိုင်ငံသား ကျောင်းသား တစ်ဦးဖြစ်သူ Lauri Nio က လူအုပ်ကြီးက ဗလီကို
စတင် မီးတင်ရှို့ပြီး ဆိုင်များကို စတင်ဖျက်ဆီးအပြီး ၂နာရီခန့် အကြာတွင်
ရောက်ရှိလာကြောင်း၊ ရဲများသည် အခင်းဖြစ် ပွားရာတွင် မိနစ်အနည်းငယ်ခန့်သာ
ရှိနေပြီး ညဘက်ရောက်မှ လူအင်အားပိုမိုများသော တပ်ဖွဲ့ သည် တစ်ခေါက်
ပြန်လည်ရောက်ရှိလာပြီး လမ်းများကို ပိတ်လိုက်ကြောင်း၊ သို့သော်
ဆူပူအကြမ်းဖက်သူများကိုမူ ဘာမှမ လုပ်ကြောင်း ၎င်းကပြောသွားသည်။ လူအများသည်
ဈေးအတွင်းစုဝေး ကာ အော်ဟစ်အားပေးကြ ရင်း၊ နိုင်ငံတော် သီချင်းများ
သီဆိုရင်း ဆိုင်များကို ဖျက်ဆီးကြကြောင်း ၎င်းကပြောသွားသည်။
DVB မှဗုဒ္ဓဟူးနေ့တွင် Facebook ပေါ်တင်သည့်
ဗီဒီယိုအရ မီးလောင်ထားပြီးသော အဆောက်အဦးများ ပျက် ဆီးနေသော
မော်တော်ဆိုင်ကယ်များ နှင့် နိုင်ငံအတွင်း မြင်တွေ့နေကျ မြင်ကွင်းမျိုး
ဖြစ်လာကြောင်း တွေ့ ရှိရသည်။
ယခင်အကြမ်းဖက်မှု များအတိုင်းပင်
သတင်းထောက်များလဲ ရွေးချယ် တိုက်ခိုက်ခံ ခဲ့ရသည်။ “သူတို့
ကျွန်တော့်ခေါင်းကို သံတုတ်နဲ့ ရိုက်သွားတယ်” ဟု ဦးခွန်ဇော်ထွန်းက ပြောသည်။
အကြမ်းဖက် လူအုပ်ကြီးသည် ကင်မရာအတွင်းမှ မန်မိုရီကဒ် ကို ဖြုတ်ယူကာ
ဖျက်ဆီးသွားကြောင်းလဲ ၎င်းက ပြောကြားသည်။
မတ်လပိုင်းက မိတ္ထီလာမြို့တွင်
ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုကဲ့သို့ပင် လားရှိုး အကြမ်းဖက်မှုသည်လဲ သာမန်
အချင်းများမှုမှ စတင်ခဲ့သည်။ နိုင်ငံပိုင် ရုပ်သံများအရ ဓာတ်ဆီရောင်းသည့်
ဗုဒ္ဓဘာသာဝင် အမျိုးသမီးတစ်ဦးသည် ဈေးဝယ်သူ မွတ်စ လင်တစ်ဦး ၏တိုက်ခိုက်မှုကို
ခံခဲ့ရပြီး ၎င်းအား ရဲတပ်ဖွဲ့မှ ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။ ဗုဒ္ဓဘာသာဝင်
အကြမ်းဖက် သမား အုပ်စုသည် ရဲစခန်းကို ၀ိုင်းရံခဲ့ကြပြီး ရဲတပ်ဖွဲ့မှ
တရားခံကို ထုတ်မပေးသောအခါ ဒေါသဖြင့် တုန့်ပြန်ခဲ့ကြသည်။ အချင်းများမှု
ဖြစ်စဉ်အသေးစိတ်ကိုတော့ မသိရှိရသေးပေ။
အစိုးရပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က
လားရှိုးမြို့ရဲစခန်းအပြင်ဘက်တွင်ရှိသည့် လူအုပ်တွင် ဘုန်းကြီး အယောက် ၈၀
ခန့်ပါဝင်ကြောင်း ပြောကြားသွားသည်။ ဗုဒ္ဓဟူးနေ့တွင် အထိကရုန်းကို
နှိမ်နင်းရန် သေနတ်ပစ်ခဲ့သည်ဟု ၎င်းက ပြောကြား သည်။ ဗုဒ္ဓဟူးနေ့ အစောပိုင်းက
လားရှိုးမြို့ ရှိ အာဏာပိုင်များနှင့် ဘာသာရေး၊ လူမှုရေး အဖွဲ့ အစည်းများက
ထပ်မံအကြမ်း ဖက်မှုများကို ရှောင်ရှားနိုင်ရန် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်ဟု
၎င်းကပြောကြားသည်။
မွတ်စလင် ရွှေဆိုင်ပိုင်ရှင်နှင့်
ဗုဒ္ဓဘာသာဝင် ဈေးဝယ်သူတို့၏ ပြဿနာမှစခဲ့သည့် မတ်လမှစ၍ ဗုဒ္ဓဘာသာဝင်
အကြမ်းဖက် သမားများ၏ အကြမ်းဖက်မှုများကြောင့် အနည်းဆုံး လူ ၄၄ ယောက်
သေဆုံးခဲ့သည်။ မိတ္ထီလာရှိသေဆုံးသူ အများစုမှာ မွတ်စလင်များဖြစ်ကြသည်။
မွတ်စလင်များသည် မြန်မာနိုင်ငံ လူဦးရေ၏ ၅ရာခိုင်နှုန်းခန့် ရှိပြီး ၎င်းတို့ကို မြန်မာနိုင်ငံ၏ မြို့ကြီးပြကြီးများ အနှံ့တွင်တွေ့ ရသည်။
ယခုလများအတွင်းဖြစ်ပွားသော
အကြမ်းဖက်မှုများသည် မြန်မာနိုင်ငံနှင့် မွတ်စလင်နိုင်ငံများအကြား ဆက်ဆံရေး
ကို ပြောင်း လဲစေပြီး ဗုဒ္ဓဘာသာဝင် အများစုပါဝင်သည့် အစိုးရအဖွဲ့ အနေဖြင့်
မြန်မာနိုင်ငံအတွင်းရှိ အခြား များစွာသော လူမျိုး၊ ဘာသာများနှင့် ရေရှည်
ချစ်ကြည်ရေးနှင့် တည်ငြိမ်ရေးကို တည်ဆောက်နိုင်မှုအပေါ်
မေးခွန်းထုတ်စရာဖြစ်လာသည်။

No comments :
Post a Comment