Blogger Widgets

Thursday 9 May 2013

“ကျုံးသွင်းခံနေရသည့် မျိုးချစ်စိတ်”

“ကျုံးသွင်းခံနေရသည့် မျိုးချစ်စိတ်”

၂၀၁၁ ခုနှစ်မှာ အောက်တိုဘာလတွင် ဘီဘီစီမှ တင်လိုက်သည့် မြန်မာနိုင်ငံ မြေပုံနှင့် တိုင်းရင်းသား လူမျိုးစုများ တွဲဖက်ထားသည့်ပုံတွင် ဘင်္ဂါလီများအား ရခိုင်ဒေသတွင် ဖော်ပြထားသည့်ပုံကြောင့် မြန်မာလူမျိုးတို့ အွန်လိုင်းမှနေ၍ ဘီဘီစီအား ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့ပြီး အမျိုးသားရေး၊ မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြက်လာသည်ဟု ဆိုသော် မှားမည် မဟုတ်ချေ…… ဘီဘီအား ဆန့်ကျင်ခြင်းမှသည် တိုင်းရင်းသားဟန် အယောင်ဆောင်၍ အခွင့်အရေးတောင်းဆိုလာသော ဘင်္ဂါလီကိုပါ ပြင်းပြင်းထန်ထန် ဆန့်ကျင်လာခဲ့ကြပေသည်…..

ဘင်္ဂါလီအား ဆန့်ကျင်လာချိန်တွင် ဘင်္ဂါလီများနှင့် ၎င်းတို့၏ လော်ဘီများကား မြန်မာနိုင်ငံသားတို့ ဘင်္ဂါလီ ဆန့်ကျင်ရေးအား မွတ်စလင် ဆန့်ကျင်ရေးအသွင် ပုံဖော်လာခဲ့ပေသည်….. ထိုအချိန်တွင် ပြည်တွင်းရှိ မွတ်စလင်ဘာသာဝင် အချို့မှ ဘင်္ဂါလီကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း ဖေ့ဘွတ်တွင် ဖော်ပြခဲ့ကြသော်လည်း ဘာသာတူ ဘင်္ဂါလီလော်ဘီများကား ခြိမ်းခြောက်မှု ဟန့်တားမှုများ ပြုလုပ်ခဲ့သဖြင့် ၎င်းတို့အထဲမှ အချို့မှာ သိသိသာသာ ငုတ်လျှိုးသွားခဲ့ပြီး အချို့မှာ ၁၈၀ ဒီဂရီလှည့်ကာ ဘင်္ဂါလီ လော်ဘီ စစ်စစ်အဖြစ်သို့ ဘဝပြောင်းသွားခဲ့ကြပေသည်….. အချို့ကား မွတ်စလင်တို့၏ မြန်မာနိုင်ငံရေး သမိုင်းကြောင်းတွင် ပါဝင်ခဲ့မှုများအား ပြန်လည်တူးဆွရင်း ဘင်္ဂါလီကိုလည်း ပြည်တွင်းနေ မွတ်စလင်တို့နှင့် တူသယောင် ပုံဖော်ခဲ့ကြပေသည်…..

ဘင်္ဂါလီတို့၏ အဆိုပါလုပ်ရပ်ကို သိမြင်လာသည့် အွန်လိုင်း မျိုးချစ်လူငယ်များအား ကျွန်တော်အပါအဝင် တော်တော်များများမှ ဘင်္ဂါလီ ဆန့်ကျင်ရေးနှင့် မွတ်စလင် ဆန့်ကျင်ရေးကို ကွဲပြားစေရန် ရေးသားခဲ့သော်လည်း ကုလားဆန့်ကျင်ရေး ဟုသော အဖွဲ့များစွာ ပေါ်လာခဲ့ပေသည်…. (စကားချပ် ယခု တရုတ်အား ပြင်းပြင်းထန်ထန် ဆန့်ကျင်နေသည့် အကောင့်များသည် တစ်ချိန်က ကုလားဆန့်ကျင်ရေးအား အင်တိုက်အားတိုက် လုပ်ဆောင်ခဲ့ပေသည်…. သတိချပ်သင့်ပေ၏….)

ကုလားကို ကလော်ဆဲရင်း၊ ကုလားမှန်သမျှ မျိုးဖြုတ်ကြဟု ရေးသားနေသည့် ကုလားမုန်းတီးရေး အကောင့်များစွာလည်း တွေ့ခဲ့ရပေသည်….. လူတစ်ချို့၏ ကောင်းမှုဖြင့် အစ္စလာမ်ဘာသာရေး ဂရုအများစုတွင် ကျွန်တော်အဖွဲ့ဝင်အဖြစ်နှင့် ထိုအချိန်က ရှိနေခဲ့ပေသည်….. ရံဖန်ရံခါတွင် အပြင်လောက ဖေ့ဘွတ်မှ ကုလားကို အမျိုးဖြုတ်ဟု ကလော်တုတ်နေသည့် အကောင်းများသည် အဆိုပါ မွတ်စလင် ဂရုများတွင် ဆလံမာလေးကွမ်း၊ ဝါလေးကွမ်းဆလံမှ အစချီကာ အာရဗျီစကားများအား မြန်မာစာနှင့် အသံထွက်ကိုရိုက်၍ စကားပြောနေကြသည်ကို တွေ့ရသဖြင့် များစွာ အံ့သြားသင့်ခဲ့မိပေသည်….. သို့ဖြစ်သည့်အတွက် ဘင်္ဂါလီ ဆန့်ကျင်ရေးနှင့် မွတ်စလင် ဆန့်ကျင်ရေးအား ကွဲပြားကြစေရန်၊ ဘင်္ဂါလီအကြောင်း ဂဃဏန သိရှိပီး ဆန့်ကျင်နိုင်စေရန် ဘင်္ဂါလီနှင့် ပါတ်သက်သည့် ဆောင်းပါးများစွာ ရေးခဲ့ပေသည်…..

မိမိကဲ့သို့ပင် မျိုးချစ် လူငယ်များစွာလည်း အွန်လိုင်းမှနေ၍ ဘင်္ဂါလီဆန့်ကျင်စာများအား ချက်ကျ လက်ကျ ရေးခဲ့ပေသည်….. (မှတ်ချက် ။    ။ အချို့သော သူများမှာ ထိုအချိန်က မြန်မာလူမျိုးများ ဘင်္ဂါလီ ဆန့်ကျင်ရေးအား များစွာ စိတ်ပါနေခြင်းကြောင့် ၎င်းတို့ကိုယ်တိုင် ဘင်္ဂါလီ ဆန့်ကျင်သယောင် လုပ်ဆောင်ခဲ့သော်လည်း ယနေ့အချိန်တွင်မူ ဘင်္ဂါလီ ဆန့်ကျင်သူတို့အား ၎င်းတို့ကိုယ်တိုင် တန်ပြန် တိုက်ခိုက်နေကြသည်ကိုလည်း တွေ့မြင်နိုင်ပေသည်…..) ထိုကဲ့သို့ မိမိတို့ဘက်မှ ဘင်္ဂါလီ ဆန့်ကျင်သည့် စာများ၊ သမိုင်းကြောင်းများအား ချက်ကျ လက်ကျ ရေးခဲ့သဖြင့် ဘင်္ဂါလီ လော်ဘီများနှင့် ပြည်တွင်းနေအချို့မှလည်း ဘင်္ဂါလီတို့ဘက်မှ ဗျောင်ကျကျ ပါဝင်ရပ်တည်၍ ရေးသားလာခဲ့သကဲ့သို့ မွတ်စလင် ဘရားသားဟုဒ်အား ဇောင်းတင် ရေးသားလာခဲ့ပေသည်…..

အထူးသဖြင့် ရခိုင်ပြည်နယ်သို့ ကျူးကျော်ဝင်ရောက်နေသည့် ဘင်္ဂါလီများအပေါ်တွင် ပြည်တွင်းနေများမှ ပေါ်ပေါ်ထင်ထင် အားပေးအားမြှောက် ပြုလုပ်လာခြင်း၊ မသီတာထွေး မုဒိမ်းကျင့် အသတ်ခံရသည်မှသည်၊ ရသေ့တောင်တွင် ဗလီဆောက်ရန် အကူအညီသွားပေးသည့် မွတ်စလင် ခရီးသွားများ အသတ်ခံရခြင်းမှသည် အစပြု၍ ဖြစ်ပွားခဲ့သည် ရခိုင်ပြည်နယ် ပဋိပက္ခမှသည် မြန်မာလူမျိုးများအား ရေစစ်, နီယို နာဇီအဖြစ်နှင့် ပြည်ပရောက် ပညာရှင်နာမည်ခံ၍ မြန်မာနိုင်ငံရေးနှင့် လုပ်စားနေသည့် ပုဂ္ဂိုလ်တစ်ဦးမှ ကင်ပွန်းတပ်ခဲ့ပြီး ကျူးကျော်ဝင်ရောက်လာသူ ဘင်္ဂါလီများအရေးအား၊ မွတ်စလင် ဆန့်ကျင်ရေးအသွင် ပုံဖော်လာခဲ့ပေတော့သည်……

ထို့အတွက် ရလာဘ်သည်ကား ပြည်တွင်းနေ ဘင်္ဂါလီလော်ဘီတို့၏ OIC အား ပြောင်ပြောင်တင်းတင်း ဖိတ်ခေါ်ခြင်းပင် ဖြစ်တော့သည်….. ၎င်းနှင့် တဆက်တစပ်တည်းပင် ၁၉၈၂ ခုနှစ်နိုင်ငံသား ဥပဒေဖြင့် မြန်မာနိုင်ငံသား ဖြစ်နေသူများက အဆိုပါ ဥပဒေကိုပင် မကျေမချမ်းနိုင် ဖျက်သိမ်းရန် အားထုတ်လာခဲ့ကြပေသည်….. မြန်မာနိုင်ငံ၏ စတ္ထုတ္ထအင်အားစုအဖြစ် မွတ်စလင်ဘာသာဝင်များ ရှိသည်ဟုပင် ၎င်းတို့ကိုယ်တိုင် ထုတ်ဖော်ပြောလာပေသည်…. အခြားသော တစ်ဖက်တွင်လည်း နိုင်ငံရေး အဖွဲ့အစည်းများတွင်လည်း အဆိုပါ ဘင်္ဂါလီ လော်ဘီတို့ ဦးဆောင်သည့်သူများမှ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများပုံစံနှင့် စိမ့်ဝင်လာခဲ့ကြပေသည်……

မြန်မာလူမျိုးများသည် ရန် / ငါ စည်းပြတ်ကြပေသည်…… ကြံ့ဖွံ့ပါတီဝင်နှင့် NLD ပါတီဝင်တို့မှာ မည်သည့်အခါမှ တည့်လေ့မရှိပဲ အွန်လိုင်းတွင် အွန်လိုင်းအလျောက်၊ အပြင်လောကတွင် အပြင်လောကအလျောက် အခြေအတင် အငြင်းပွားနေလေ့ ရှိကြပေသည်….. ၎င်းတို့နှင့် ဆန့်ကျင်စွာ ကြံ့ဖွံ့နှင့် NLD ပါတီဝင် မွတ်စလင် ဘာသာဝင်များသည်ကား အွန်လိုင်းတွင်လည်း ဆလံမာလေးကွမ်းခြင်းနှင့် အပြင်လောကတွင်လည်း အခြေအတင်ဖြစ်ခြင်းမရှိပဲ မည်သည့်ဘက်မှ မည်သူအာဏာရသည်ဖြစ်စေ အကောင်းပင်တည်းဟု သတ်မှတ်၍ နိုင်ငံရေး လောကတွင် လှုပ်ရှားလာသည်များကို မြန်မာအများစုမှလည်း သတိပြုလာမိပေသည်…..

အထူးသဖြင့် ၁၉၈၂ ဥပဒေကို ဖျက်သိမ်းပြီး ရခိုင်အနောက်ဘက်ကမ်းရှိ တရားမဝင်ရောက်ရှိနေသည့် ဘင်္ဂါလီများအား နိုင်ငံသားအဖြစ် သွတ်သွင်း၍ ၎င်းတို့၏ စတ္ထုတ္ထအင်အားစုအား မြှင့်တင်လိုခြင်း၊ လူဦးရေအသာဖြင့် မြန်မာနိုင်ငံရေးတွင် ချယ်လှယ်လိုခြင်း အစရှိသည်များကို ပြောင်ပြောင်တင်းတင်း လုပ်လာခြင်းကြောင့် မြန်မာလူမျိုးများနှင့် ထိပ်တိုက်ဖြစ်သည့် အကြိမ်ပေါင်းများလာခဲ့ပေသည်….. ပင်ကိုယ်ကပင် မိမိအစ္စလာမ် ဘာသာဝင်များနှင့်သာ ဆက်ဆံခြင်း၊ မိမိ အစ္စလာမ် ဘာသာဝင် မဟုတ်သူများကို ရိုင်းပြခြင်း၊ ကူညီမှုမရှိခြင်း အစရှိသည်တို့ ပြုလုပ်လာခြင်းများကြောင့် မြန်မာနိုင်ငံသားများနှင့် သဟဇာတ မဖြစ်ခြင်းမှာလည်း ပြည်မတွင်သာမက၊ တိုင်းရင်းသား ဒေသများပါမကျန် နေရာအနှံ့အပြား ရှိလာခဲ့ပေသည်….

OIC ကို ဝင်လာစေရန် နည်းပေါင်းစုံနှင့် ကြံဆနေချိန်တွင် မိတ္ထီလာမှ ပဋိပက္ခ ဖြစ်ပွားခဲ့ပေသည်…. ထုံးစံအတိုင်း ပဋိပက္ခကို စတင်သူမှာ မွတ်စလင်ဘာသာဝင်များ ဖြစ်နေပီး ပင်ကိုယ်မကျေနပ်သည့် ဒေသခံ မြန်မာများနှင့် တွေ့သည့်အခါ ပြဿနာမှာ ပိုမို ကြီးထွားလာပေတော့သည်….. မွတ်စလင်များဘက်မှလည်း မြန်မာတို့ မည်သည့်အရာအား မကျေနပ်၊ အထိမခံနိုင် အစရှိသည်တို့ကို အထာနပ်ပုံရပေသည်၊ သူ့ဟာသူ မြို့တက်လာသည့် ဘုန်းကြီးအား ရက်စက်စွာ သတ်ပြလိုက်ခြင်းဖြင့် ပဋိပက္ခမီးအား ပြင်းထန်စေရန် ဓါတ်ဆီလောင်းချလိုက်တော့သည်…… ၎င်းနှင့် တစ်ချိန်တည်းမှာပင် ၉၆၉ အားဝေဖန်သလိုလိုနှင့် ဗုဒ္ဓဘာသာအား စော်ကားသည့် မွတ်စလင်ပေ့ခ်ျများ၊ အကောင့်များစွာလည်း အွန်လိုင်းမှ တပြိုင်နက်တည်း လိုလိုပင် ပေါ်လာခဲ့ပေသည်….. ထို့အတူပင် ကုလားမှန်သမျှ မျိုးဖြုတ်ကြ ဆိုသည့် တစ်ချိန်ကကဲ့သို့သော လှုပ်ရှားမှုမျိုးများလည်း များစွာ ပေါ်ပေါက်လာပေသည်….

ရလာဘ်သည်ကား မြန်မာတို့သည် ရေစစ်၊ နီယိုနာဇီ အစရှိသဖြင့် ၎င်းတို့ပြင်ဆင်ထားသည့် ထောင်ခြောက်ထဲသို့ သက်ဆင်းရပေတော့သည်…. အချို့သည်ကား မဖုံးနိုင် မဖိနိုင် OIC ကို ပြောင်ပြောင်တင်းတင်းပင် ဖိတ်ခေါ်လာပေတော့သည်….. မြန်မာနိုင်ငံသည်လည်း နိုင်ငံတကာအလည်တွင် မျက်နှာပျက်ရပေတော့သည်…. သို့သော်ကိုယ်ရွှေ မျိုးချစ်များကား ယခုအချိန်ထိ မမှတ်သေး ကုလားမျိုးဖြုတ်ရမှ ကျေနပ်မည်ဟုသာ ကြွေးကျော်နေပြန်သည်….. OIC ဝင်ရောက်စေရန် မည်သည့်ကိစ္စကိုမဆို ပြုလုပ်မည့်၊ စတေးမည့် သူများမှလည်း မြန်မာတို့ လက်မခံသည့် အချက်ဖြစ်သည့် သံဃာနှင့်ပင် ဥက္ကံပဋိပက္ခအား အစပျိုးလိုက်ပြန်လေသည်….. ရဲစခန်းတွင် ပြေငြိမ်းလုဖြစ်နေသည့် ကိစ္စအား ရဲစခန်းကထွက်မှ ဆဲဆိုခြင်းဖြင့် နောက်ထပ် ပဋိပက္ခအား ဖန်တီးယူလိုက်ပေသည်…..

အချို့သော သူများကား မြန်မာတို့၏ မျိုးချစ်စိတ်အား တရုတ်နှင့် လမ်းလွှဲပေးရန် ကြိုးစားကြပေသည်…. တရုတ်ဖြစ်စေ၊ ကုလားဖြစ်စေ ၎င်းတို့အား မြန်မာ့မြေပေါ်မှ အစနအပျောက်သွားစေရန် မည်သူမျှ ကြိုးပန်းနိုင်မည် မဟုတ်ချေ…… မိမိနိုင်ငံ၊ မိမိလူမျိုးအား ကာကွယ်ရန် မျိုးချစ်စိတ်၊ အမျိုးသားရေး စိတ်ဓါတ် ထက်သန်နေရုံဖြင့် မရပေ…… ကိုယ်ခံအားကောင်းရန် လိုအပ်ပေသည်….. မိမိကိုယ်ခံအားကောင်းရန် မကြိုးစားပဲ အခြားသော လူမျိုးများအား လိုက်လံတိုက်ခိုက်နေခြင်းသည် အခြားသော လူမျိုးများ၏ လိုချင်သည့်ထောက်ခြောက်သို့ မိမိကိုယ်တိုင် သက်ဆင်းနေခြင်းပင် ဖြစ်ပေသည်…..

ဗုဒ္ဓဘာသာဝင်များကိုသာ အားပေးရန် ရည်ရွယ်၍ လုပ်ဆောင်နေသည့် ၉၆၉ လှုပ်ရှားမှုမှာ ကောင်းမွန်သော်လည်း ၉၆၉ နှင့်တွဲဖက်၍ အမျိုးပျောက်မှာ စိုးကြောက်စရာ အပါအဝင် ကုလားမုန်းတီးရေးစာများ ရောနှောဖြန့်ဝေနေခြင်းသည်ကား ၉၆၉ များအနေဖြင့် မိမိသေတွင်းအား မိမိတူးနေသည်နှင့် တူလှပေသည်….. မိမိပုဂ္ဂလိက အမြင်အရမူ ၉၆၉ ၏ ဗုဒ္ဓဘာသာဝင်များကိုသာ အချင်းချင်း စီးပွားရေးအရ အားပေးရန်၊ ကလေးသူငယ်များ ယဉ်ကျေးလိမ္မာရှိတတ်စေရန်၊ အမျိုးချစ်တတ်စေရန်၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို စောင့်လျှောက်စေရန် ရည်ရွယ်လုပ်ဆောင်နေသည်များကို အထူးပင် ကြိုဆို လက်ခံသော်လည်း၊ ကုလားမုန်းတီးရေး လုပ်ဆောင်နေသည်များအား ဆန့်ကျင်ပေသည်…..

အသံကြောင့် ဖားသေဆိုသည့် မြန်မာစကားပုံ ရှိပါသည်…… ယခုမူကား မြန်မာလူမျိုးတို့သည် ကုလားမျိုးဖြုတ်ရေး တွင်တွင်အော်နေသော်လည်း ကိုယ်ခံအားမကောင်းသဖြင့် ကုလားမျိုးမပြုတ်ခင်၊ မိမိတို့ လုပ်ရပ်ကြောင့် ကုလားအားကောင်း၍ မိမိတို့ မျိုးအရင်ပြုတ်မည်ကို သတိမမူမိကြပေ….. ထို့အတူပင် မိမိတို့ ကိုယ်ခံအား မကောင်းပါက ကုလား၊ တရုတ် အားနည်းနေသော်ငြား၊ အခြားသောလူမျိုးတို့ လွှမ်းမိုးလာမည်ကို ထည့်သွင်း မစဉ်းစားကြပေ….. အဆိုပါ အင်အားစုများအား နိုင်ငံအတွက် အကျိုးရှိမည့်နေရာများတွင် အသုံးမချပဲ တလွဲနေရာတွင် အသုံးချနေသည့်အတွက် မြန်မာတို့၏ အမျိုးသားရေး စိတ်ဓါတ်နှင့် မျိုးချစ်စိတ်မှာ အဆိပ်အတောက်ဟုပင် သုံးနှုံးလာကြသည်ကို ဝမ်းနည်းစွာ တွေ့မြင်လာရပေသည်……

အမှန်သည်ကား မြန်မာတို့၏ အမျိုးသားရေးစိတ်ဓါတ်၊ မျိုးချစ်စိတ်ဓါတ်တို့မှာ အဆိပ်အတောက်များ မဟုတ်ပဲ ကျုံးသွင်းခံနေရခြင်းကြောင့်ပင် ဖြစ်ပေသည်…. မြန်မာလူမျိုးများအနေဖြင့် ရှင်းလင်းစွာ မြင်သင့်သည်မှာ ကုလားလည်း မိမိတို့ အမျိုးမဖြုတ်နိုင်၊ တရုတ်လည်း မရှင်းနိုင်သည့်အတွက် ထစ်ခနဲရှိ မျိုးဖြုတ်မည် ဆိုသည်များအစား လက်တွေ့ကျသည့် လမ်းစဉ်ကိုသာ ကျင့်သုံးသွားသင့်ပေသည်….. မိမိဘာသာဝင် အချင်းချင်း ယိုင်းပင်းခြင်း၊ ကူညီစောင့်လျှောက်ခြင်း၊ ကိုယ်ခံအားကောင်းစေရန် ပြုမူခြင်းတို့ဖြင့် ကာကွယ်သင့်ပေသည်……. သို့မဟုတ်ပဲ မျက်ကမ်းမျိုးချစ်နေမည် ဆိုပါက ကျုံးသွင်းခံရချိန်တွင် အသိနောက်ကျနေပေတော့မည်ဟုသာ တလွဲဆံပင်ကောင်းနေသည့် မျိုးချစ်များနှင့် လှုံ့ဆော်သူများအား အသိပေးချင်ပေတော့သည်……

၂၀၁၁ ခုနှစ်မှာ အောက်တိုဘာလတွင် ဘီဘီစီမှ တင်လိုက်သည့် မြန်မာနိုင်ငံ မြေပုံနှင့် တိုင်းရင်းသား လူမျိုးစုများ တွဲဖက်ထားသည့်ပုံတွင် ဘင်္ဂါလီများအား ရခိုင်ဒေသတွင် ဖော်ပြထားသည့်ပုံကြောင့် မြန်မာ လူမျိုးတို့ အွန်လိုင်းမှနေ၍ ဘီဘီစီအား ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့ပြီး အမျိုးသားရေး၊ မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြက်လာသည်ဟု ဆိုသော် မှားမည် မဟုတ်ချေ……
ဘီဘီအား ဆန့်ကျင်ခြင်းမှသည် တိုင်းရင်းသားဟန် အယောင်ဆောင်၍ အခွင့်အရေးတောင်းဆိုလာသော ဘင်္ဂါလီကိုပါ ပြင်းပြင်းထန်ထန် ဆန့်ကျင်လာခဲ့ကြပေသည်…..

No comments :

Post a Comment

Blogger Widgets
Back to Top