အိုဆာကာ မေ ၃၁
ဂျပန်နိုင်ငံ အနောက်ပိုင်း နာရာ
စီရင်စုနယ်တွင် သက်တမ်း အရင့်ဆုံး မျက်နှာဖုံးဟု ယူဆ ရသော သစ်သားဖြင့်
ပြုလုပ်ထားသည့် မျက်နှာဖုံး တစ်ခုကို ဂျပန် ရှေးဟောင်း သုတေသန ပညာရှင်
အဖွဲ့က ရှာဖွေ တွေ့ရှိ ခဲ့ကြောင်း နိုင်ငံပိုင် သတင်းဌာန များက မေ ၃၁ ရက်တွင် ဖော်ပြခဲ့သည်။
ယင်းသစ်သား မျက်နှာဖုံးသည် ဒုတိယ ရာစု
နှစ်နှောင်းပိုင်းက ပြုလုပ် ခဲ့ခြင်း ဖြစ်သည်ဟု ယူဆရပြီး ဆာကူရိုင်းမြို့
ဒိုင်ဖုခု ရှေးဟောင်း အဆောက် အအုံ ပျက်များ အတွင်းမှ ရှာဖွေ တွေ့ရှိ
ခဲ့ခြင်း ဖြစ်ကြောင်း မေနီချီ သတင်းစာ၏ ဖော်ပြချက် အရ သိရသည်။
ဂျပန် ရှေးဟောင်း သုတေ သန ပညာရှင်
အဖွဲ့သည် ၂ဝဝ၈ ခုနှစ် ကတည်းက အဆိုပါ သမိုင်းဝင် နေရာတွင် ရှာဖွေ မှုများ
ပြုလုပ် ခဲ့ပြီး ယခု ရှာဖွေ တွေ့ရှိ ခဲ့သော သစ်သား မျက်နှာဖုံးမှာ
လူမျက်နှာနှင့်ဆင်တူကြောင်း၊ အရှည် အားဖြင့်၂၃ ဒသမ ၄ စင်တီမီတာ ရှိပြီး
အကျယ် အားဖြင့် ခုနစ် စင်တီမီတာ ရှိကြောင်း၊ အထူမှာ ငါး မီလီမီတာ
ရှိကြောင်း သိရသည်။ ယခု ရှာဖွေ တွေ့ရှိသော အရာသည် သစ်သား မျက်နှာဖုံး
အပိုင်းအစ ဖြစ်နိုင်ကြောင်း၊ လွန်ခဲ့သည့် ဆယ်စုနှစ်ပေါင်း များစွာက ပြုလုပ်
ထားခြင်း ဖြစ်ဟန် တူကြောင်း နောက်ပိုင်းတွင် မြို့တော်၏ ယဉ်ကျေးမှု ဆိုင်ရာ
အမွေအနှစ်များ ရှာဖွေရေး သုတေသန ဌာနက အတည်ပြု ပြောကြား ခဲ့သည်။

No comments :
Post a Comment